ကွစ်ဒစ်ခ်ျကစားသမားလေးတစ်ဖြစ်လည်းလူချောလေးပေါ်တာ

3.9K 413 51
                                        

ဒရက်ကို အိမ်ကပို့ပေးလိုက်တဲ့ သကြားလုံးတွေကို ဟယ်ရီ့ကိုပေးဖို့ထွက်လာချိန်
မှာ ဟယ်ရီ့ကို ဟာ့ပ်ဖတ်တတိယနှစ်ကောင်က ပါးကိုလိမ်ဆွဲနေတာကို တွေ့လိုက်
ရသည်။''တောက်......ငါတောင်မကိုင်ရက်တဲ့ ပါးလေးကိုဆွဲနေလိုက်တာ။''ဒရက်
ကို့ ဒေါသတွေအထွတ်အထိပ်ရောက်လာကာ ပြေးပြီး ဟာ့ပ်ဖတ်ကောင်ကို ထိုးလိုက်သည်။

ဟယ်ရီကတော့ မြေပေါ်ထပ်လဲသွားသော စစ်ဒရစ်ကို ထူပေးနေသည်။''ဟွန့်......
စိတ်ပါလို့ထူတာတော့ မဟုတ်ဘူး။ငါ့ရဲ့လူကြီးလူကောင်း သိက္ခာပျက်သွားမှာဆိုးလို့'
ဟု ဟယ်ရီတွေးရင်း စစ်ဒရစ်ရဲ့နှုတ်ခမ်းက ဒဏ်ရာကို စိတ်ပူစွာမေးလိုက်သည့် ပုံ
ဖမ်းလိုက်သည်။

''ရရဲ့လားဗျ!!အာ...နှုတ်ခမ်းပေါက်သွားတာပဲ။မဒမ် ဖွန်ဖရေဆီသွားကြမလား?"

"ဟယ်ရီ!!!!ထူမနေနဲ့!!!!"

"မက်ဖွိုင်း!!!!သွားတော့!!!မင်းအတန်းရှိတယ်မလား?!?"ပြီးတော့ ဒါကဘာလို့သူ့ကို
ထိုးရတာလဲ?ဒါက အကြီးနော်။လေးစားမှု ရှိသင့်တယ်လေ!!!"

ဒရက်ကို မှာဟယ်ရီက သူ့ကိုဆူသည့်အပြင် မက်ဖွိုင်းဟုလည်း ခေါ်လိုက်၍ ရင်ထဲ
မှာ နာကျင်သွားရသည်။ ကိုယ့်မှာတော့ သူ့ဘက်ကပါပေးလိုက်ရတာကို ဒင်းလေး
က ကိုယ့်ကို ဒီအချိုး ပြန်ချိုး တယ်။ ဒရက်ကို အံကြိတ်လိုက်ရင်း စစ်ဒရစ်ကို မျက်
စောင်းထိုးသည်။''ဒင်းကြောင့်!!!ငါဒီလိုအပြောခံရတာ''စစ်ဒရစ်ကတော့ ဟယ်ရီ
က သူ့နှုတ်ခမ်းကို မမှီတမှီနှင့် ကိုင်ကာဒဏ်ရာကို စစ်ဆေးနေတာကို ငြိမ်ငြိမ်လေး
ခံနေတာ ဒရက်ကို့ ကိုပင်မကြည့်။ဟယ်ရီ့ လက်လေးကို ကိုင်ရင်း စစ်ဒရစ်ခေါင်းခါ
လိုက်သည်။

''ကိုယ် ရပါတယ်။ပေါက်သွားရုံပါပဲ။ပြီးတော့ ကိုယ်က စစ်ဒရစ် ဒစ်ဂိုရီ။''

''အမ်......ဒါဆို ဘယ်ကိုပို့ပေးရမလဲ Mr. ဒစ်ဂိုရီ?"

"ကိုယ့်က အခုအတန်းမရှိဘူး။ဒါကြောင့်......"

''သင်္ချိုင်းကုန်းသာ သွားရမှာ''

နှစ်ယောက်သား ကြည်နူးနေလိုက်တာ ဒရက်ကို့ ကိုတောင်မေ့နေ၍ ဒရက်ကို က
စစ်ဒရစ့် စကားကိုဖြတ်ပြောမှ ဒရက်ကို့ ကိုနှစ်ယောက်သား ကြည့်လာကြသည်။
ဟယ်ရီက ဒရက်ကို့ ကိုသွားရန်မျက်ရိပ်ပြ ပြီး စစ်ဒရစ်ပြောမည့်စကားကိုနားထောင်
နေသည်။ဒရက်ကို လည်းစိတ်တိုတိုနှင့် ပြန်လှည်ထွက်လာပြီး Professor Bin
အတန်းဘက်ကို ထွက်လာသည်။ဝတ်ရုံထဲ ထည့်လာသည့် သကြားလုံးတွေကို
အမှိုက်ပုံးထဲ ပစ်ထည့်လိုက်ကာ တိုးတိုးလေးပြောလိုက်သည်။

Saving Draco Malfoy (Draco x Harry)Where stories live. Discover now