တားမြစ်တောအုပ်

3.7K 471 20
                                    


ဟယ်ရီတစ်ယောက်စာသာဖိကျက်နေသည်။သူ့ကိုသူ့အဆောင်ကလူတွေစကားမပြောတာလဲဂရုမစိုက်။စိတ်ကိုမဝင်စားတာ။နောက်ကျအမှတ်တွေပြန်ရမှာသိနေ၍ဖြစ်သည်။ရွန်နဲ့ဟာမွန်နီကတော့စိတ်တွေညစ်နေကြသည်။ဟယ်ရီကတော့ စာကိုသာဖိလုပ်နေသည်။''ငါပထမရကိုရ ရမယ် ဗိုက်ဆာလိုက်တာ။ခေါက်ဆွဲပြုတ်ပူပူလေးစားချင်……''ဟယ်ရီ
တစ်ယောက်စာကြည့်တိုက်ထဲမှာ အသွင်ပြောင်းခြင်းသင်ခန်းစာကို
လေ့ကျင့်နေရင်းတွေးနေစဉ် လက်မောင်းကိုလူတစ်ယောက်က တို့လိုက်
၍လန့်ကာယောင်သွားသည်။

''အမယ်လေး!!!ခေါက်ဆွဲပြုတ်နဲ့ငါနဲ့ညား!!!!ဟုတ်ပါဘူး!!!ဘယ်ကောင်!?!?ဟင်…ဒရက်ကို!!!!"

ဟယ်ရီယောင်လိုက်တာက လန်းလွန်းသွားလားတော့မသိ။ဒရက်ကို
တင်မက စာကြည့်တိုက်ထဲကကျောင်းသားအားလုံးက ဟယ်ရီ့ကို
ကြည့်လာကြသည်။ဟယ်ရီလည်း စာကြည့်တိုက်မှူ း Madam ပင့်စ်
ကိုပြုံးပြလိုက်ရင်း ဒရက်ကို့ ကိုခပ်တိုးတိုးမေးလိုက်သည်။

''ဘာလို့လာတို့တာလဲ?"

"ပြောစရာရှိလို့ပါဟ။ဒီနေ့ည၁၀နာရီ ကျောင်းရှေ့မှာစောင့်နေဖို့
Professor မက်ဂေါ်နာဂေါ ကပြောခိုင်းလို့လာပြောတာ။ဟိုနှစ်ယောက်
ကိုပြောလိုက်အုံး။ဒါနဲ့ခေါက်ဆွဲပြုတ်က ဘာလဲ?"

"စားစရာပါ။ငါဗိုက်ဆာနေလို့ယောင်ကုန်တာ''

''ဒါဆို ငါ့မှာသကြားလုံးတော့ပါတယ်။ယူထားလိုက်နော်။''

ဒရက်ကိုက သူ့ဝတ်ရုံထဲကသကြားလုံးတွေကို ဟယ်ရီ့ရှေ့ချပေးပြီးပြန်
သွားသည်။ဟယ်ရီလည်း သကြားလုံးလည်းမဆိုးဘူးဟုတွေးပြီးသကြား
လုံးတစ်လုံးကိုပါးစပ်ထဲထည့်လိုက်စဉ်Drarryကပြောလာသည်။

[Hostလည်းခေါင်းထဲမှာ အစားစားတာရယ်၊စာကျက်တာရယ်ပဲရှိနေ
တာလား?တားမြစ်တောအုပ်ထဲသွားရမှာလေ။မကြောက်ဘူးလား?]

[ဘာကြောက်စရာရှိလို့လဲ?ငါသကြားလုံးစားတာကိုလာမဖျက်နဲ့]

Drarryတစ်ယောက်သူ့Hostရဲ့အကြောက်အလန့်ကင်းပုံကိုအောချ
သွားရသည်။
…………………………………………………………………………………
''တားမြစ်တောအုပ်!!!!ဟုတ်လား?!?!?!?!?!"

Saving Draco Malfoy (Draco x Harry)Where stories live. Discover now