ဟယ်ရီမှာတော့ သူ့ကိုသိမ်းကြုံးပြီးဖက်ထားတဲ့ကျောင်းသားဆီက အတင်းခွာတော့
လည်းထိုကျောင်းသားကပေးမခွာ။မရရအောင် တင်းတင်းဖက်ထားလေသည်။ဟယ်ရီ
တစ်ယောက်ဒေါပွလာကာ ကားရားကားရားနဲ့ရုန်းလိုက်ရင်း သူ့ကိုဖက်ထားတဲ့သူကို ထုရိုက်တော့သည်။
"ဂါး!!!ခင်ဗျား ဘယ်သူကြီးလဲ?ကျုပ်ကိုလွှတ်ဗျ!!!လွှတ်ပါဆိုနေ!!!အသက်ရှူ
ကြပ်တယ်ဗျ!!!"
ဟယ်ရီတစ်ယောက်ရုန်းရင်း ထအော်တော့မှ ဘေးကဒရက်ကိုကသတိဝင်လာပြီး
ဟယ်ရီ့ကိုထိုကျောင်းသားဆီမှအတင်းဆွဲခွာရလေသည်။
"ဟေ့!!!ဟယ်ရီ့ကိုလွှတ်လိုက်!!!လွှတ်စမ်း!!!"
ဒရက်ကိုအတင်းဆွဲခွာမှသာဟယ်ရီတစ်ယောက် ထိုကျောင်းသားဆီကနေလွတ်တော့
သည်။လွှတ်လိုက်ရတာတောင် သံယောဇဉ်ပြတ်ပုံမပေါ်ဟယ်ရီ့ကိုစူးစိုက်ကြည့်နေပြန်
၍ဒရက်ကိုကဟယ်ရီ့ကို သူ့နောက်ကိုပို့ကာ ကာထားလေသည်။ကျောင်းသားအုပ်
ကြီးကလည်းအံ့သြတကြီးနဲ့ကြည့်နေကြပြီး ကြောင်အကာရပ်နေကြမြဲပင်။ဟယ်ရီ ဒရက်ကို့နောက်ကိုရောက်သည့်အခါမှ ခုနကဟိုကျောင်းသားကဟယ်ရီ့ကိုအတင်းဆွဲ
ဖက်လိုက်တော့ ဟယ်ရီ့ပခုံးပေါ်ကနေမြေပေါ်ဘုတ်ခနဲပြုတ်ကျသွားရသည့် Drarry
သည်ဟယ်ရီ့ပခုံးပေါ်ကို တစ်ဖန်ပြန်တက်လာလေသည်။
[အိစ်!!မြေပေါ်ကို ခွေးကျကျသွားရတာ နာလိုက်တာ။]
[မင်းကကြောင်မျိုးနွယ်ထဲပါတာကို အခုလိုတောင်မလုပ်နိုင်တာ မင်းညံ့တာပေါ့။ ဒါနဲ့
ဒီအကောင်က ဘယ်ကလဲ?မင်းသိလား?အရန်ဇာတ်ကောင်ပဲလား?]
Drarryသည်ဟယ်ရီညွှန်ပြသည့် ကျောင်းသားကိုတစ်ချက်ကြည့်လိုက်တော့ ဟယ်ရီ့ကိုစူးစိုက်စွာကြည့်နေတဲ့ ထိုကျောင်းသားရဲ့ငွေမှင်ရောင်မျက်လုံးစူးရှရှတွေ
ကြောင့်ကျောပါချမ်းသွားရသည်။"အိစ်!!အကြည့်နဲ့တင်ငါသေနိုင်တယ်။သူ့ရဲ့ဒေတာ
အချက်အလက်တွေကို ငါရှာမရဘူး။အရန်ဇာတ်ကောင်ပဲ ဖြစ်မှာပါလေ။ရှာရမှာလည်း
ပျင်းတယ်။Hostကိုအနာတရတော့လုပ်လောက်မဲ့သူမဟုတ်လောက်ပါဘူးလေ။ငါ့
Hostလေးက ဘဲကြည်လေးဆိုတော့ အဆင်ပြေလောက်ပါတယ်။အပင်ပန်းခံပြီးရှာ
မနေတော့ပါဘူး။"Drarryတစ်ယောက်တွေးလိုက်ရင်း ဟယ်ရီမေးတာကိုပြန်ဖြေ
လိုက်သည်။
YOU ARE READING
Saving Draco Malfoy (Draco x Harry)
Fanfictionနက်ရောင်ကျော်စွာတစ်ယောက်ဟယ်ရီပေါ်တာဘဝရောက်ကာဒရေဂိုမလ်ဖွိုက်းအားဗီလိန်ဘဝမှကယ်တင်ပြီးဗိုဒီမော့ဘက်တော်သားမဖြစ်အောင်ပြောင်းလဲပေးရန်systemတစ်ခုမှတာဝန်ပေးအပ်ခြင်းခံရသောအခါမူလဟယ်ရီနှင့်မတူခြားနားသောဟယ်ရီပုံစံဖြင့်ကြိုတင်သိရှိနေသောဘေးအန္တရာယ်များကိုဘယ်လိုရှော...
