နေရောင်ခြည်သည် ပြတင်းပေါက်မှ ထိုးဖြာဆင်းလျက်။Februaryရဲ့နံနက်ခင်းစောစောမှာ ဟယ်ရီတစ်ယောက် ဟော့ဂ်ဝပ်ကျောင်းမီးဖိုချောင်မှာ တစ်ယောက်တည်းအလုပ်ရှုပ်နေလေရဲ့။မီးဖိုချောင်ထဲမှ မှင်စာလေးတွေသည်လည်း ကျောင်းသားအားလုံးအတွက် မနက်စာပြင်ရင်းနဲ့တစ်ယောက်တည်း အလုပ်တွေရှုပ်နေတဲ့ အနက်ရောင်ဆံနွယ်ပိုင်ရှင်ကောင်လေးကို အထူးအဆန်းကြည့်
နေကြသည်။Drarryကတော့ ဟယ်ရီမုန့်လုပ်နေတာကို ကွက်ကီးထုပ်ဘေးမှာထိုင်ကာ ကွက်ကီးတွေတစ်ခုပြီးတစ်ခုဝါးနေပြီး ထိုင်ကြည့်နေလေသည်။ဟယ်ရီကတော့
Vanilla Cakeလေးကို စတော်ဘယ်ရီနဲ့ချယ်ရီသီးများနဲ့ အလှဆင်နေလေသည်။[Host…ဘယ်သူ့မွေးနေ့ရှိလို့လဲဟင်?ဒီလောက် ဝီရိယတွေအားထုတ်နေတာ။မက်ဖွိုင်းမွေးနေ့က Juneမှမလား?]
"အယ်…ငါကွက်ကီးတွေဖုတ်ထားတာ…ကျက်ပြီလားမသိ?!?!"
သူ့Hostမှာတော့ သူ့အမေးကိုမဖြေနိုင်ပဲ ကွက်ကီးဖုတ်ထားတဲ့မီးဖိုဆီပြေးလိုက် ကိတ်မုန့်ကိုအလှဆင်လိုက်နဲ့ ပြာယာခတ်နေတော့ Drarryလေးတစ်ယောက်အမြင်
ကပ်လာသည်။ဒါကြောင့် ခပ်ကျယ်ကျယ်ထပ်အော်လိုက်သည်။[Host!!!အဖက်လေးလည်း လုပ်ပါအုံး!!!]
[ကွက်ကီးစားပြီး ပါးစပ်ပိတ်နေစမ်း!!!]
ဝက်ဝံပုံကွက်ကီးလေးတွေကို မီးဖုတ်ထဲကထုတ်နေတဲ့ ဟယ်ရီက ပိတ်ဟောက်လိုက်မှ Drarryတစ်ယောက် ဟွန့်ဆိုပြီး ငြိမ်ကျသွားသည်။ဟယ်ရီက ဖုတ်ပြီးခါစ ပူပူနွေးနွေး ဝက်ဝံကွက်ကီးလေးတွေကို ဘူးလေးထဲထည့်ရင်း အေးမသွားအောင် ဂါထာရွတ်လိုက်ပြီး ခရမ်းရောင်ဖဲပြားကြိုးနဲ့ချည်လိုက်သည်။
လေးလက်မအရွယ် Vanilla Cakeလေးကိုလည်း အလားတူခရမ်းရောင်ဘူးလေးထဲထည့်ပြီး ဖဲပြားနဲ့ချည်လိုက်သည်။"ငါကတိတည်ရမယ်။ပေးခဲ့တဲ့ကတိကို မဖျက်ရဘူး။"
ဟယ်ရီရဲ့အတွေးသည်အတိတ်ကိုရောက်သွားလေသည်။ပန်းခြံထဲမှာတစ်ယောက်တည်းငိုနေသည့် လရိပ်ပြာအနားကို သူရောက်သွားခဲ့သည်။တဟင့်ဟင့်နဲ့ငိုနေသည့်
သူမအနားကို ထိုင်ချရင်းမေးလိုက်သည်
YOU ARE READING
Saving Draco Malfoy (Draco x Harry)
Fanfictionနက်ရောင်ကျော်စွာတစ်ယောက်ဟယ်ရီပေါ်တာဘဝရောက်ကာဒရေဂိုမလ်ဖွိုက်းအားဗီလိန်ဘဝမှကယ်တင်ပြီးဗိုဒီမော့ဘက်တော်သားမဖြစ်အောင်ပြောင်းလဲပေးရန်systemတစ်ခုမှတာဝန်ပေးအပ်ခြင်းခံရသောအခါမူလဟယ်ရီနှင့်မတူခြားနားသောဟယ်ရီပုံစံဖြင့်ကြိုတင်သိရှိနေသောဘေးအန္တရာယ်များကိုဘယ်လိုရှော...