ဒါလေးက မူလဇာတ်လမ်းနဲ့ မဆိုင်တဲ့ one shot လေးပါနော်
............................................................................................................
ဒရက်ကို တစ်ယောက် Dorm ထဲက သူ့အိပ်ရာလေးပေါ်မှာလှဲနေလေရဲ့။
ညက နက်နေလေပြီ။ဒရက်ကို နာရီကိုကြည့်မိတော့ ဆယ့်နှစ်နာရီတိတိ ကိုထိုးပြနေသည်။ဒရက်ကို ဘေးဘက်ကိုငေးကြည့်မိတော့ ခရပ်နှင့်ဂိုးလ်က ဟောက်သံပင် ထွက်နေပြီ။တခြားနှစ်ယောက် ဖြစ်တဲ့ သီအိုဒေါလ်နော့ဒ်နှင့် ဘလေ့စ် ဇာဘီနီ ကတော့ ငြိမ်ငြိမ်လေးနှင့် အိမ်မောကျနေကြသည်။ဒရက်ကို
သက်ပြင်းချရင်း ဟယ်ရီ့ကိုတွေးနေသည်။
''ဟယ်ရီ့ရဲ့ မျက်လုံးလေးတွေက စိမ်းနေတာပဲ။ မျက်မှန်သာမပါရင် ပိုလှမှာ။ မြစိမ်း
ရောင်ကို တောက်နေတာ။ နှုတ်ခမ်းလေးကလည်း ပန်းရောင်သန်းနေတာ။နမ်းချင်
စရာလေး။ပြီးတော့ ဝတ်ရုံမဖုံးထားတဲ့ လည်ပင်းသားလေးတွေကလည်း ဖွေးဥနေတာ။ကိုက်ချင်စရာ။အသည်းယားလာပြီ။''
ဒရက်ကို တစ်ကိုယ်တည်းရေရွတ်ရင်း ပြောနေသည်။သို့သော် ဟယ်ရီနှင့်အတူရှိရ
ဖို့ ဟယ်ရီနှင့်သူနှင့်သာ အဆောင်တူရင် ပိုကောင်းမည်။အခု ဟယ်ရီကဂရင်းဖင်းဒေါ ဖြစ်နေ၍ တွေ့ရတဲ့ အချိန်က သိပ်မရှိ။ ဟိုဝယ်စလီကောင်
လိုမျိုး တတွဲတွဲ တွဲနေလို့မရ။ဟယ်ရီနှင့် တွေ့ရတာလက်ချိုးရေရင် တစ်နေ့ကို
လက်ငါးချောင်းပင်မပြည့်။ ဒရက်ကို တစ်ယောက် ဟယ်ရီသာစလေးသရင်းသာ
ဆိုရင် ဟူသောစိတ်ကူးကို စတင်တွေးလေပြီ။
''ဟယ်ရီသာ စလေးသရင်းဆိုရင် စာသင်ရင် တစ်ခန်းတည်းတူတူထိုင်ပြီး သင်ရမယ်။''
''တစ်ယောက်နားတစ်ယောက်ကပ်ပြီး နှစ်ကိုယ်ကြားပြောကြမယ်။''
''နှစ်ယောက်သား စားတူသွားတူ နေကြမယ်။''
''Dorm အခန်းထဲမှာ အတူတူ လက်လေးကိုင်ပြီး အိပ်ကြမယ်။''
Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.
YOU ARE READING
Saving Draco Malfoy (Draco x Harry)
أدب الهواةနက်ရောင်ကျော်စွာတစ်ယောက်ဟယ်ရီပေါ်တာဘဝရောက်ကာဒရေဂိုမလ်ဖွိုက်းအားဗီလိန်ဘဝမှကယ်တင်ပြီးဗိုဒီမော့ဘက်တော်သားမဖြစ်အောင်ပြောင်းလဲပေးရန်systemတစ်ခုမှတာဝန်ပေးအပ်ခြင်းခံရသောအခါမူလဟယ်ရီနှင့်မတူခြားနားသောဟယ်ရီပုံစံဖြင့်ကြိုတင်သိရှိနေသောဘေးအန္တရာယ်များကိုဘယ်လိုရှော...
