ဒရက်ကို အိမ်ကပို့ပေးလိုက်တဲ့ သကြားလုံးတွေကို ဟယ်ရီ့ကိုပေးဖို့ထွက်လာချိန်
မှာ ဟယ်ရီ့ကို ဟာ့ပ်ဖတ်တတိယနှစ်ကောင်က ပါးကိုလိမ်ဆွဲနေတာကို တွေ့လိုက်
ရသည်။''တောက်……ငါတောင်မကိုင်ရက်တဲ့ ပါးလေးကိုဆွဲနေလိုက်တာ။''ဒရက်
ကို့ ဒေါသတွေအထွတ်အထိပ်ရောက်လာကာ ပြေးပြီး ဟာ့ပ်ဖတ်ကောင်ကို ထိုးလိုက်သည်။ဟယ်ရီကတော့ မြေပေါ်ထပ်လဲသွားသော စစ်ဒရစ်ကို ထူပေးနေသည်။''ဟွန့်……
စိတ်ပါလို့ထူတာတော့ မဟုတ်ဘူး။ငါ့ရဲ့လူကြီးလူကောင်း သိက္ခာပျက်သွားမှာဆိုးလို့'
ဟု ဟယ်ရီတွေးရင်း စစ်ဒရစ်ရဲ့နှုတ်ခမ်းက ဒဏ်ရာကို စိတ်ပူစွာမေးလိုက်သည့် ပုံ
ဖမ်းလိုက်သည်။''ရရဲ့လားဗျ!!အာ…နှုတ်ခမ်းပေါက်သွားတာပဲ။မဒမ် ဖွန်ဖရေဆီသွားကြမလား?"
"ဟယ်ရီ!!!!ထူမနေနဲ့!!!!"
"မက်ဖွိုင်း!!!!သွားတော့!!!မင်းအတန်းရှိတယ်မလား?!?"ပြီးတော့ ဒါကဘာလို့သူ့ကို
ထိုးရတာလဲ?ဒါက အကြီးနော်။လေးစားမှု ရှိသင့်တယ်လေ!!!"ဒရက်ကို မှာဟယ်ရီက သူ့ကိုဆူသည့်အပြင် မက်ဖွိုင်းဟုလည်း ခေါ်လိုက်၍ ရင်ထဲ
မှာ နာကျင်သွားရသည်။ ကိုယ့်မှာတော့ သူ့ဘက်ကပါပေးလိုက်ရတာကို ဒင်းလေး
က ကိုယ့်ကို ဒီအချိ ု း ပြန်ချိ ု း တယ်။ ဒရက်ကို အံကြိတ်လိုက်ရင်း စစ်ဒရစ်ကို မျက်
စောင်းထိုးသည်။''ဒင်းကြောင့်!!!ငါဒီလိုအပြောခံရတာ''စစ်ဒရစ်ကတော့ ဟယ်ရီ
က သူ့နှုတ်ခမ်းကို မမှီတမှီနှင့် ကိုင်ကာဒဏ်ရာကို စစ်ဆေးနေတာကို ငြိမ်ငြိမ်လေး
ခံနေတာ ဒရက်ကို့ ကိုပင်မကြည့်။ဟယ်ရီ့ လက်လေးကို ကိုင်ရင်း စစ်ဒရစ်ခေါင်းခါ
လိုက်သည်။''ကိုယ် ရပါတယ်။ပေါက်သွားရုံပါပဲ။ပြီးတော့ ကိုယ်က စစ်ဒရစ် ဒစ်ဂိုရီ။''
''အမ်……ဒါဆို ဘယ်ကိုပို့ပေးရမလဲ Mr. ဒစ်ဂိုရီ?"
"ကိုယ့်က အခုအတန်းမရှိဘူး။ဒါကြောင့်……"
''သချၤ ိုင်းကုန်းသာ သွားရမှာ''
နှစ်ယောက်သား ကြည်နူးနေလိုက်တာ ဒရက်ကို့ ကိုတောင်မေ့နေ၍ ဒရက်ကို က
စစ်ဒရစ့် စကားကိုဖြတ်ပြောမှ ဒရက်ကို့ ကိုနှစ်ယောက်သား ကြည့်လာကြသည်။
ဟယ်ရီက ဒရက်ကို့ ကိုသွားရန်မျက်ရိပ်ပြ ပြီး စစ်ဒရစ်ပြောမည့်စကားကိုနားထောင်
နေသည်။ဒရက်ကို လည်းစိတ်တိုတိုနှင့် ပြန်လှည်ထွက်လာပြီး Professor Bin
အတန်းဘက်ကို ထွက်လာသည်။ဝတ်ရုံထဲ ထည့်လာသည့် သကြားလုံးတွေကို
အမှိုက်ပုံးထဲ ပစ်ထည့်လိုက်ကာ တိုးတိုးလေးပြောလိုက်သည်။
YOU ARE READING
Saving Draco Malfoy (Draco x Harry)
Fanfictionနက်ရောင်ကျော်စွာတစ်ယောက်ဟယ်ရီပေါ်တာဘဝရောက်ကာဒရေဂိုမလ်ဖွိုက်းအားဗီလိန်ဘဝမှကယ်တင်ပြီးဗိုဒီမော့ဘက်တော်သားမဖြစ်အောင်ပြောင်းလဲပေးရန်systemတစ်ခုမှတာဝန်ပေးအပ်ခြင်းခံရသောအခါမူလဟယ်ရီနှင့်မတူခြားနားသောဟယ်ရီပုံစံဖြင့်ကြိုတင်သိရှိနေသောဘေးအန္တရာယ်များကိုဘယ်လိုရှော...