ဟယ်ရီသည် ဓားကိုလေထဲမှာကျွမ်းကျင်စွာဝှေ့ယမ်းလိုက်ပြီး မြွေကြီးဆီကိုပြေးသွားလိုက်သည်။ဟယ်ရီ့အနံ့ရသည့်မြွေနဂါးကြီးက ဟယ်ရီရှိရာကို လှည့်လာသည်။သွေးပွက်ပွက်ကျကာ ဟောက်ပက်ကြီးဖြစ်နေသော မျက်လုံးကြီးနှစ်လုံးကို ဟယ်ရီမြင်လိုက်ရသည်။ဟယ်ရီနောက်ကိုပြန်လှည့်ကြည့်တော့ Drarryသည် သတိမေ့နေသည့်ဒရက်ကို့ဘေးတွင် ထိုင်ကာစောင့်ရှောက်ပေးနေသည်ကိုတွေ့တာကြောင့် စိတ်ချထားလိုက်ကာ မြွေနဂါးကြီးဘက်ကို ပြန်လှည့်လိုက်သည်။မြွေနဂါးကြီးသည် ဟယ်ရီ့တစ်ကိုယ်လုံးကို မြိုချနိုင်သည့်ပါးစပ်ကြီးကိုလည်း အစွမ်းကုန်ဖြဲထားလေသည်။
အဆိပ်ရည်ဖြင့်ပြည့်နေသော အစွယ်နှစ်ချောင်းက ဟယ်ရီ့လက်ထဲမှဓားလိုတလက်လက်နဲ့ဖြစ်နေသည်။"ငါမင်းကို ပထမတော့မင်းကိုမူရင်းအတိုင်း တစ်ချက်တည်းပွဲသိမ်းပေးဖို့လုပ်ထားပေမဲ့ အခုတော့မဟုတ်တော့ဘူး။ငါကအခု ကလေးတစ်ယောက်ရဲ့ကိုယ်ထဲရောက်နေပေမဲ့ အာရှဂိုဏ်းပေါင်းစုံရဲ့ ဘုရင်ဆိုတာကလည်းအမှန်တရားပဲ။မင်းကိုတဖြည်းဖြည်းနဲ့ သတ်ပြမယ်!!!"
ဟယ်ရီတစ်ယောက်ကြုံးဝါးလိုက်တော့ မြွေနဂါးကြီးကဟယ်ရီရှိနေရာကို ပေါက်ချလိုက်ပေမဲ့ ဟယ်ရီကဘေးကိုခုန်ပြီးရှောင်လိုက်ကာ မြွေနဂါးကြီးရဲ့ဘေးကိုယ်ထည်ကို ဓားနဲ့ထိုးစိုက်လိုက်ပြီး မြွေနဂါးကြီးရဲ့အမြီးအထိကို ဓားနဲ့ဟက်တက်ခွဲသွားလိုက်သည်။မြွေနဂါးကြီးသည် နာကျင်လွန်းတာကြောင့် လူးလိမ့်နေသည်။အမြီးအနားအထိရောက်မှ ဟယ်ရီသည်ဓားကိုမြွေကြီးရဲ့ကိုယ်ထဲမှ ပြန်ဆွဲထုတ်လိုက်သည်။ဟယ်ရီ့ရဲ့ဝတ်ရုံမှာလည်း မြွေနဂါးကြီးရဲ့သွေးတွေရွှဲနေလေပြီ။ဟယ်ရီသည် ဓားကသွေးတွေကို ကြည့်ရင်းတချက်မဲ့ပြုံးပြုံးကာ ပြောပြန်သည်။
"နာနေပြီလား?ဒါပေမဲ့ ငါကတော့ပိုပြီးမင်းကိုနှိပ်စက်ချင်သေးတယ်။နည်းနည်းပဲ ခံစားပြီးသေသွားရင် ပျော်စရာမကောင်းဘူးလေ။ဟုတ်တယ်မလား?"
ပြောလည်းပြော မြွေနဂါးကြီးရဲ့ဓားဒဏ်ရာမရသေးတဲ့ တခြားကိုယ်ထည်ဘက်ခြမ်းကို ခုန်လိုက်ကာ အကောင်းတိုင်းရှိနေသေးတဲ့အမြီးကိုဓားနဲ့ထိုးစိုက်လိုက်သည်။ မြွေနဂါးကြီးရဲ့အရေခွံသည် အလွန်မာတာကြောင့်ဓားနဲ့ထိုးရင်တော်ရုံမပေါက်သော်လည်း ဟယ်ရီသည်သူ့ရဲ့ဝိညာဉ်စွမ်းအားတွေကို ဓားထဲကိုစီးဆင်းစေလိုက်ကာ မြွေနဂါးကြီးကိုတိုက်ခိုက်တာကြောင့် မြွေနဂါးကြီးမှာဒဏ်ရာအပြင်းအထန်တွေရတော့
သည်။ဟယ်ရီသည် ဓားကိုမြွေနဂါးကြီးရဲ့အမြီးထဲသို့ တစ်ဝက်အထိကိုထိုးစိုက်ပြီး အမြီးကနေခေါင်းပိုင်းအထိကို တစ်လျှောက်ဟက်တက်ခွဲသွားလိုက်ပြန်သည်။
မြွေနဂါးကြီးသည် အနာပေါ်အနာဆင့်ကာ လူးလွန့်နေပြီး တစ်ကိုယ်လုံးယမ်းခါနေသည်။
YOU ARE READING
Saving Draco Malfoy (Draco x Harry)
Fanfictionနက်ရောင်ကျော်စွာတစ်ယောက်ဟယ်ရီပေါ်တာဘဝရောက်ကာဒရေဂိုမလ်ဖွိုက်းအားဗီလိန်ဘဝမှကယ်တင်ပြီးဗိုဒီမော့ဘက်တော်သားမဖြစ်အောင်ပြောင်းလဲပေးရန်systemတစ်ခုမှတာဝန်ပေးအပ်ခြင်းခံရသောအခါမူလဟယ်ရီနှင့်မတူခြားနားသောဟယ်ရီပုံစံဖြင့်ကြိုတင်သိရှိနေသောဘေးအန္တရာယ်များကိုဘယ်လိုရှော...