ပထမနှစ်ပြီးဆုံးခြင်း

3.5K 477 69
                                    

Professor ဒမ်ဘယ်ဒိုးပြန်သွားပြီးခဏအကြာမှာDrarryလေးပြန်
ရောက်လာသည်။

[Host…သိလာပြီသိလား?Hostကိုမက်ဖွိုင်းကနမ်းလိုက်ရင်လေ…သူ့ကHostအပေါ်ကိုသဘောကျတဲ့ခံစားချက်တွေက ဝိညာဉ်စွမ်းအားအ
ဖြစ်ပြောင်းသွားပြီးHostဆုံးရှုံးသွားတဲ့ဝိညာဉ်စွမ်းအားတွေကိုအစားပြန်
ဖြည့်ပေးသလိုဖြစ်သွားတာ။မဆိုးဘူးနော်…နောက်တစ်ခါ OCCထပ်ထိ
ရင်လည်း မက်ဖွိုင်းကိုပြေးသာနမ်း…နမ်း……]

[Drarry!!!!!!!ပိတ်ထားလိုက်တော့!!!!နောက်တစ်ခါဆိုတာ ဘယ်တော့မှ မရှိလာဘူး!!!ဒါနောက်ဆုံးပဲ!!!!!!!]

[ရှိလာမှာပါ…Hostပုံစံနဲ့ဆိုခဏခဏOCCထိမှာ။ဇိုးခနဲဇတ်ခနဲလုပ်တတ်လို့လေ]

[Yah!!!!!!!သွားတော့!!!!ပေါ်မလာနဲ့တော့!!!!!!!!!!!!]

[သွားမှာသွားမှာ!!!!Hostနဲ့နေရင်နားညီးတယ်။အမြဲအော်နေတာပဲ]

Drarryလေးသည်သူ့Hostကိုတစ်ခွန်းမကျန်ကိုပြန်ပြောကာလိုင်းဖြတ်
သွားတော့သည်။ဟယ်ရီလည်း ခုတင်ပေါ်မှာထိုင်နေကာ ဒရက်ကို့ကို
ကြည့်တော့ ကိုယ်တော်ချောကနိုးနေပြီ။

''နိုးပြီလား?"

"အင်း…ဟယ်ရီ…သက်သာရဲ့လား?ဘာများထိခိုက်သွားသေးလဲ?"

"ပြေပါတယ်''

ဒရက်ကိုရဲ့စကားကိုဟယ်ရီဖြေလိုက်ကာ မကြာခင်ကပဲသူ့ကိုနမ်းထား
သည်ကိုသတိရသွား၍မျက်နှာတွေပူတက်လာကာမျက်နှာလွှဲလိုက်သည်
ဒရက်ကိုကလည်းဒါကိုသတိထားမိပုံပေါ်သည်။ခုတင်ပေါ်ကဆင်းလာ
ကာဟယ်ရီ့ဘေးဝင်ထိုင်သည်။

''ဟယ်ရီ…''

''ဘာလို့လဲ?"

"ဟင်?"

"ဘာလို့ပြန်လာခဲ့တာလဲ?ဒါကငါ့ကိစ္စပါလို့မင်းကိုမပြောခဲ့ဘူးလား?သူ
သာမင်းကိုမြင်သွားရင်ဘယ်လိုလုပ်မလဲ?ငါ့ကိုမယုံတာလား?ငါကဘာ
ကောင်မလို့အရမ်းဂရုစိုက်နေရတာလဲ?"

"ဟယ်ရီ!!!မင်းဘယ်လိုပြောလိုက်တာလဲ?!?!မင်းကငါ့ရဲ့ပထမဆုံး
သူငယ်ချင်းပါ။ငါ့ဘဝကမင်းနဲ့မတွေ့ခင်အထိအထီးကျန်ခဲ့ရတာ!!!!ပေါင်း
စရာဆိုလို့ပင်စီတစ်ယောက်ပဲရှိခဲ့တာ။မင်းကငါ့ကိုစပြီးအဖော်ပြုပေးခဲ့တဲ့
ပထမဆုံးသူငယ်ချင်းလေ။အဲ့လိုသူငယ်ချင်းကိုငါသေတွင်းထဲမထားခဲ့
နိုင်ဘူး!!!ပြီးတော့သူငါ့ကိုမြင်တော့ကောဘာဖြစ်မှာမလို့လဲ?"

Saving Draco Malfoy (Draco x Harry)Where stories live. Discover now