The End Of Thitd Year

2.1K 98 20
                                    

ကြယ်တွေစုံလင်နေသည့် ကောင်းကင်ယံတွင် ဖြူစွတ်နေသည့်အမွေးအတောင်ရှိသည့် ဟစ်ဖိုဂရပ်ဖ်သည်ပျံဝဲနေသည်။ ထိုဟစ်ဖိုဂရပ်ဖ်၏ကျောပေါ်တွင်တော့ ဆယ်ကျော်သက်ကလေးသုံးယောက် လိုက်ပါစီးနင်းလာကြသည်။

နောက်ဆုံးမှာစီးနင်းလာသည့် ဒရက်ကိုမှာ မျက်နှာကြီးမဲမှောင်လျက် ဟစ်ဖိုဂရပ်ဖ်ပေါ်မှာပါလာသည်။ ဒရက်ကိုသည် မျက်မှောင်ကြီးကြုတ်လျက် သူ့ရှေ့မှာထိုင်နေပြီး ဟယ်ရီ့ကိုအားကိုးတကြီးနှင့် ဖက်တွယ်ထားသည့် ဟာမွန်နီ ဂရင်းဂျာအားကြည့်နေရင်း

'ဟယ်ရီ့ကို အသည်းအသန်ဖက်ထားလိုက်ပုံများ!!! မြင်ရတာအဆင်ကိုမပြေဘူး!!! ဟယ်ရီကရော ဘာလို့ဖက်ခွင့်ပေးထားရတာလဲ?! ဂရင်းဂျာကလည်း ဂရင်းဖင်းဒေါကျောင်းသူဖြစ်ပြီး ဘာတွေအရမ်းကြောက်နေရတာလဲ?! ငါ့မှာ ဟယ်ရီ့ကိုမဖက်ရပဲ နောက်ဆုံးမှာထိုင်လိုက်လာရတယ်!!'

ဒရက်ကိုမှာ ချဉ်စူးနေသလိုခံစားနေရပြီး မကျေမနပ်ဖြင့် စိတ်ထဲမှာရေရွတ်နေပေမဲ့လည်း သူ့ရဲ့အတွေးတွေကို အမြင့်မှာပျံသန်းရသည်ကို မကြိုက်၍ ကြောက်လန့်ကာအော်ဟစ်ရင်း အားကိုးတကြီးဖြင့် ရှေ့ကသူငယ်ချင်းဖြစ်သူကို တင်းကြပ်စွာဖက်တွယ်ထားသည့် ဟာမွန်နီသည်လည်း မသိသလို ဟစ်ဖိုဂရပ်ဖ်အား သွားလိုနေသည့်နေရာကို ရောက်အောင် ထိန်းချုပ်နေသည့် ဟယ်ရီသည်လည်း မသိချေ။

"အား!! ငါဒီလိုပျံသန်းရတာ မကြိုက်ဘူး!! အား!!"

ဟယ်ရီသည် ရဲတိုက်အပေါ်ဘက်ကို ရောက်အောင် ဘိဘက်ခ်ကိုပျံသန်းစေလိုက်ရာ ဘိဘက်ခ်သည်လည်း ခပ်နိမ့်နိမ့်ပျံနေရာကနေ အပေါ်ကိုထိုးတက်သွားရာ  ဟာမွန်နီ ဂရင်းဂျာသည်ငယ်သံပါအောင် အော်ဟစ်လိုက်ပြီး ဟယ်ရီ့ရဲ့ခါးကိုတင်းကြပ်စွာဖက်လိုက်ပြန်သည်။ နောက်ဆုံးမှာထိုင်လိုက်လာသည့် ဒရက်ကိုရဲ့မျက်နှာက ပိုပြီးမည်းမှောင်သွားပြန်သည်။

[အား!!! Host!!! အရှိန်လျှော့ပါ!!! Drarryပြုတ်ကျတော့မယ်လို့!!!]

Drarryမှာတော့ ဟယ်ရီ့ရဲ့ပခုံးကိုလက်နှစ်ဖက်ဖြင့်ကုပ်ဆွဲထားရင်း ပြောလာပေမဲ့ ဟယ်ရီကတော့ဂရုမစိုက်နိုင်သေးပဲ ဘိဘက်ခ်အား ဆီးရီးယက်စ်ကိုဖမ်းထားသည့် ရဲတိုက်အခန်းနားကို နီးကပ်အောင်သွားအောင် ကြိုးပမ်းနေသည်။ ဘိဘက်ခ်လည်းရဲတိုက်နားကို နီးကပ်သွားတော့ Professor ဒမ်ဘယ်ဒေါပြောခဲ့သည့်အတိုင်း ၁၃ခုမြောက်ပြတင်းပေါက်ကိုရောက်အောင် ရေတွက်နေပြီးမှ ဘိဘက်ခ်ကိုထိုအခန်းနားက ဝရန်တာမှာဆင်းသက်စေလိုက်သည်။

Saving Draco Malfoy (Draco x Harry)Where stories live. Discover now