အညစ်ပတ်ဆုံးသော ကွစ်ဒစ်ချ်ပြိုင်ပွဲ

1.8K 238 31
                                        

ဟယ်ရီဟာ Professor ဖလစ်ဝဒ်ရဲ့အတန်းကို ကပ်သီးလေးအချိန်မှီလို့ ရောက်သွားသည်။

"ကဲ..လူစုံပြီဆိုတော့ ဒီနေ့ပျော်ရွှင်ခြင်းဂါထာရဲ့ ခွန်အားကိုခံစားကြည့်ကြမယ်။နှစ်ယောက်တစ်စုခွဲကြ။"

Professor ဖလစ်ဝဒ်ကကျောင်းသားတွေကို ပြောလာစဥ် ဟယ်ရီကရွန့်ဘေးကို ဝင်ထိုင်သည်။ရွန်ကခပ်တိုးတိုးဖြင့်

"ဟာမွန်နီကို တွေ့မိလား?"

"ဟမ်?သူမက မင်းနဲ့ပါသွားတာမလား?"

ဟယ်ရီကပြန်ဖြေတော့ ရွန်ကခေါင်းခါရင်း

"ငါနဲ့ပါလာတာမှန်ပေမဲ့ ဘယ်လိုပြောရမလဲကွာ?ငါဒီအတန်းထဲဝင်တုန်းကတောင်ပါလာပြီး နောက်တစ်စက္ကန့်ကျတော့ သူမပျောက်သွားတယ်ကွ!!"

"ခဏနေရင် ပေါ်လာမှာပေါ့။"

ဇာတ်ကြောင်းကိုသိထားတဲ့ ဟယ်ရီဟာခပ်အေးအေးပင်ဖြေလိုက်သည်။ဟာမွန်နီရဲ့ လျှို့ဝှက်ချက်လေးကို ဟယ်ရီသိပေမဲ့ သိကြောင်းပြလိုက်ရင် OOCထိမှာစိုးလို့သာ မသိချင်ယောင်ဆောင်လိုက်ရသည်။သို့ပေမဲ့ အတန်းဆုံးတဲ့အထိ ဟာမွန်နီတစ်ယောက် ပေါ်မလာချေ။

"သူမအပေါ်လည်း ပျော်ရွှင်ခြင်းဂါထာက အကျိုးသက်ရောက်ဖို့လိုတယ်။သူမဘိဘက်ခ်ရဲ့ သေဒဏ်ကြောင့်ဝမ်းနည်းနေတယ်မလား?"

ရွန်ကပျော်ရွှင်ခြင်းဂါထာရဲ့ သက်ရောက်မှုကြောင့် အပြုံးလေးနဲ့ပြောရင်း နေ့လည်စာစားရန် ခန်းမဆောင်ကြီးကိုသွားနေသည်။ဟယ်ရီကလည်း ထိုအတူပင်။တစ်လမ်းလုံးပြုံးဖြီးနေပြီး အနောက်ကနေပါလာသည်။ပျော်ရွှင်ခြင်းဂါထာရဲ့ ပျော်ရွှင်စေတဲ့အကျိုးသက်ရောက်မှုကြောင့် ဟယ်ရီတစ်ယောက်အရမ်းတွေသဘောကောင်းနေပြီး Drarryကိုတောင် အော်ဟစ်ကြိမ်းမောင်းမနေပဲ စကားကောင်းတွေသာ ပြောနေတာကြောင့် Drarryမှာပျော်ရွှင်ခြင်းဂါထာကို နောက်လည်းများများသုံးပါစေဆိုပြီး ကြိတ်ဆုတောင်းနေသည်။

သို့ပေမဲ့ နေ့လည်စာစားပြီးလို့ ပန်းသီးအစာသွပ်စားနေချိန်မှာတော့ ဂါထာရဲ့အကျိုးသက်ရောက်မှုက အားနည်းလာပြီမလို့ ဟယ်ရီနဲ့ရွန်တို့စိတ်ပူလာကြလေသည်။

Saving Draco Malfoy (Draco x Harry)Where stories live. Discover now