ဟယ်ရီဟာ မျက်လုံးမှိတ်နေရာကနေ ပြန်ဖွင့်လိုက်ပြီး ရွန်နဲ့ဟာမွန်ကို ဒရက်ကိုပြောခိုင်းသည့် စကားကိုပြောပြလိုက်တော့ ရွန်နဲ့ဟာမွန်နီက နားလည်ပေးနိုင်စွာနဲ့ ခေါင်းညိတ်သည်။ သုံးယောက်သား ရောက်ရာတက်ရာ စကားဆက်ပြောနေကြစဉ် ရွန်နဲ့အကြည့်ဟာ ဟယ်ရီ့ဘေးက အိပ်ပျော်နေသည့် လူဆီရောက်သွားပြီး
"ဒီလူက ဘယ်သူလဲ?ဟော့ဂ်ဝပ်ရထားပေါ်မှာ လူကြီးပါတာ ပထမဆုံးမြင်ဖူးတာပဲ။"
"Professor အာရ်.ဂျေ.လာပင်။"
ဟယ်ရီကဖြေလိုက်တော့ ရွန်ကဒါလည်းသိတာပဲလား ဟူသည့်အကြည့်နဲ့ကြည့်လာပြန်၍ ဟာမြန္နီက စိတ်လေသည့်အကြည့်နဲ့ တစ်နေရာကို လက်ညှိုးထိုးပြလိုက်ကာ ပြောသည်။
"ဟိုမှာလေဟယ်...ဟယ်ရီ့ရဲ့အပေါ်ဘက် သူ့လက်ဆွဲသေတ္တာမှာ ရေးထားတယ်လေ။"
"အော်...ဟုတ်သား။"
"ငါနင်တို့ကိုပြောစရာရှိတယ်။"
ဟယ်ရီဟာစေ့ရုံစေ့ထားသည့် ရထားတွဲတံခါးကို ဆွဲပိတ်လိုက်ရင်း Mr.ဝေစလေနဲ့ပြောခဲ့တာတွေကို ပြန်ပြောပြလိုက်တော့ နှစ်ယောက်သားဟာ အံ့သြထိတ်လန့်သွားကြသည်။
"ဒါ..ဒါဆို ဆီးရီးယက်စ် ဘလက်ခ်...ထောင်ဖောက်ပြီး ထွက်ပြေးလာတာက မင်းကိုသတ်ဖို့လို့ပြောချင်တာလား?!?!"
"တိုးတိုးလုပ်ပါဟ..Professorနိုးသွားဦးမယ်။!!!"
ဟာမြန္နီက ရွန့်ကိုအသာရိုက်ကာ ပြောတော့ ရွန်ကပခုံးတစ်ချက်တွန့်ပြရင်း
"သူကတုတ်တုတ်တောင်မလှုပ်တာ အသက်ကောရှိသေးရဲ့လား?"
"စကားပြောဆင်ခြင်စမ်း!!ရွန်နယ်လ်!!!"
နှစ်ယောက်သား တကျက်ကျက်နဲ့ ဖြစ်နေကြတာကို ဟယ်ရီကကြည့်နေစဉ် ရုတ်တရက်ရထားက တုံ့ခနဲရပ်သွားကာ ခပ်ဖွဲဖွဲရွာနေသည့် မိုးသည်လည်းပိုသည်းလာပြီး အပူချိန်လည်း ရုတ်တရက် ထိုးကျသွားသည်။ထို့အပြင်ရထားပေါ်က မီးတွေလည်းပျက်သွားကာ ရထားတစ်စင်းလုံးမှောင်ကျသွားတော့သည်။
"မီးပျက်သွားတာလား?ဒါနဲ့ဘာလို့ ရထားကရပ်သွားတာလဲ?ကျောင်းကို ရောက်ဖို့လိုသေးတယ်လေ။"
YOU ARE READING
Saving Draco Malfoy (Draco x Harry)
Fanfictionနက်ရောင်ကျော်စွာတစ်ယောက်ဟယ်ရီပေါ်တာဘဝရောက်ကာဒရေဂိုမလ်ဖွိုက်းအားဗီလိန်ဘဝမှကယ်တင်ပြီးဗိုဒီမော့ဘက်တော်သားမဖြစ်အောင်ပြောင်းလဲပေးရန်systemတစ်ခုမှတာဝန်ပေးအပ်ခြင်းခံရသောအခါမူလဟယ်ရီနှင့်မတူခြားနားသောဟယ်ရီပုံစံဖြင့်ကြိုတင်သိရှိနေသောဘေးအန္တရာယ်များကိုဘယ်လိုရှော...