ချစ်သူများနေ့တုန်းက ဟယ်ရီ့မှာညအထိအစခံလိုက်ရ၍ ည၇နာရီလောက်တည်းက
စုဝေးနားနေခန်းကနေ အိပ်ဆောင်ကိုတက်သွားလိုက်ရသည်။မူရင်းဇာတ်လမ်းပုံစံ
အတိုင်း တွမ်မာဗိုလိုရစ်ဒယ်ရဲ့ ဒိုင်ယာရီကိုဖွင့်ကြည့်ရင်း စာရေးလိုက်တော့
တွမ်ကစာပြန်ရေးလာသည်။ဟယ်ရီစာအုပ်ထဲမှာရေးလိုက်တဲ့ စာကပျောက်သွားပြီး အဖြေတွေပြန်ပေါ်လာသည်။ဟယ်ရီလည်းတုံ့ဆိုင်းမနေတော့ပဲ လျှို့ဝှက်ခန်းမဆောင်
ကိုလွန်ခဲ့တဲ့နှစ်၅၀က ဖွင့်ခဲ့တဲ့သူကိုပြောပြပါလို့ ရေးလိုက်တော့ စာအုပ်ထဲမှာ သူ့ကိုပြန်ဖြေသည့်စာသားတွေပေါ်လာသည်။{ငါမင်းကို မပြောပြနိုင်ဘူး။ဒါပေမဲ့ ငါမင်းကိုပြနိုင်တယ်။}
ထိုစာသားနဲ့အတူ စာအုပ်ကဟယ်ရီ့ကို စုပ်ယူသွားတော့သည်။တွမ်သည် သူ့ရဲ့မှတ်ဉာဏ်တွေကို ပြန်ပြခြင်းဖြစ်ပြီး ထိုမှတ်ဉာဏ်တွေအရ လွန်ခဲ့တဲ့နှစ်၅၀က
လျှို့ဝှက်ခန်းမဆောင်ကို ဖွင့်ခဲ့သူက ဟက်ဂရစ်ဟုပင်။ဒါပေမဲ့ဟယ်ရီကဟက်ဂရစ်
မဟုတ်မှန်းသိတာပေါ့။ဒါပေမဲ့ဟယ်ရီတွေးမရတာက တွမ်မာဗိုလိုရစ်ဒယ် တစ်ဖြစ်လည်းဗိုဒီမော့ရဲ့၁၆နှစ်သားပုံရိပ်သည် ဒေမီယန်နဲ့အတော့်ကိုတူနေခြင်းကို
ပင်။ဒေမီယန်နဲ့တွမ့်မှာ တူညီတဲ့အနီရောင် မျက်ဝန်းတွေရှိကြပြီး တူညီတဲ့အပြုံးတွေ လည်းရှိနေကြသည်။
မူရင်းဇာတ်လမ်းမှာ ဒေမီယန်မပါတာမလို့ ဒေမီယန်နဲ့တွမ်နဲ့ဘယ်လိုပတ်သက်လဲ
ဟယ်ရီတွေးမရချေ။ဒါ့အပြင် ထိုညကဟယ်ရီစာအုပ်ထဲက ပြန်ထွက်လာပြီး နောက်တစ်နေ့မှာ ရွန်နဲ့ဟာမွန်နီကို ထိုအကြောင်းတွေပြောပြတော့ ဟာမွန်နီက ဟက်ဂရစ်လုပ်တာ မဖြစ်နိုင်လောက်ပါဘူးဆိုပြီး ပြောသည်။ရွန်ကလည်း အလားတူပင် ပြောလာသည်။
ဟယ်ရီကတော့ ဟက်ဂရစ်ကိုသေချာအောင်သွားမေးကြမယ် လို့ပြောတော့ ဟာမွန်နီကပြန်ဖြေလာသည်။"ဒါပေမဲ့ ဟက်ဂရစ်က ငါတို့သူငယ်ချင်းလေ။သူ့ကိုဘယ်လိုသွားမေးကြမှာလဲ?"
"လွယ်ပါတယ်။အပျော်သွားလည်တဲ့ပုံစံနဲ့ပေါ့။Hello…ဟက်ဂရစ်ရေ…အရင်တုန်းက
ရဲတိုက်ထဲမှာ ထူးထူးဆန်းဆန်းရူးကြောင်ကြောင်ကိစ္စတစ်ခု လုပ်ခဲ့ဖူးလား?ဘာညာပေါ့…"
YOU ARE READING
Saving Draco Malfoy (Draco x Harry)
Fanfictionနက်ရောင်ကျော်စွာတစ်ယောက်ဟယ်ရီပေါ်တာဘဝရောက်ကာဒရေဂိုမလ်ဖွိုက်းအားဗီလိန်ဘဝမှကယ်တင်ပြီးဗိုဒီမော့ဘက်တော်သားမဖြစ်အောင်ပြောင်းလဲပေးရန်systemတစ်ခုမှတာဝန်ပေးအပ်ခြင်းခံရသောအခါမူလဟယ်ရီနှင့်မတူခြားနားသောဟယ်ရီပုံစံဖြင့်ကြိုတင်သိရှိနေသောဘေးအန္တရာယ်များကိုဘယ်လိုရှော...