တံမြက်စည်းသိုလှောင်ခန်းထဲမှာ ခဏမျှအတူဖက်ထားကြပြီးနောက် ဟယ်ရီနဲ့ဒရက်ကိုဟာ ရဲတိုက်အပြင်ဘက်ကို ထွက်လာခဲ့ကြသည်။ထို့နောက် အနက်ရောင်ရေကန်ကြီးရှေ့မှာ ထိုင်ကြရင်း နေဝင်တာကိုငေးကြည့်နေကြစဥ် ဟယ်ရီကစပြီး တိတ်ဆိတ်မှုကို ဖြိုခွဲလိုက်သည်။
"ဒရက်ကို....."
"ဟင်....ပြောလေ..ဟယ်ရီ။"
"မင်းငါ့ကို သဘောကျတယ်လို့ ပြောခဲ့တယ်နော်။"
"အင်း...ငါပြောခဲ့တယ်လေ။ဒါပေမဲ့ မင်းကပြောခွင့်မပေးဘူးလေ။"
ဟယ်ရီကနှုတ်ခမ်းကို ဖိကိုက်ကာ ခဏမျှတွေးနေပြီးမှ ထပ်မေးပြန်သည်။
"ဘယ်လောက်ထိ သဘောကျတာလဲ?"
"အများကြီးသဘောကျတာ။မင်းနဲ့နေရတာ နွေးထွေးတယ်။ပျော်ရွှင်ရတယ်။မက်ဖွိုင်းတစ်ယောက် ရှိသင့်ရမဲ့ပုံစံ...နေထိုင်မှုပုံစံတွေမဟုတ်ပေမဲ့ပေါ့။အထီးမကျန်ရဘူး။ပြီးတော့ မင်းကငါ့ကို သိပ်ဂရုစိုက်တယ်လေ။"
"သြော်....ဟုတ်လား?မင်းပြောချင်တာက ငါကမင်းကို ဂရုစိုက်ပေးလို့ ငါ့ကိုသဘောကျတာပေါ့။ငါသာဂရုမစိုက်ပေးရင် သဘောမကျဘူး...အဲ့လိုပုံစံပေါ့။"
ဟယ်ရီ့စကားကြောင့် ဒရက်ကိုဟာ ဟယ်ရီ့ကို အလန့်တကြားကြည့်လာတော့ ဟယ်ရီကပြုံးလိုက်ကာ ဒရက်ကို့ပါးကို လိမ်ဆွဲရင်း
"စတာပါ။မျက်နှာက ဖြစ်ပျက်သွားလိုက်တာ။ငါပေးထားတဲ့ နားကပ်လေး ဝတ်ထားသားပဲ။"
ပါးကိုလိမ်ဆွဲနေရာကနေ ဟယ်ရီမွေးနေ့လက်ဆောင်အဖြစ် ပေးခဲ့တဲ့ စလေးသရင်းတံဆိပ် ငွေနားကပ်လေးကို လက်နဲ့အသာတို့လိုက်တော့ နားကပ်လေးက အရောင်လက်သွားသည်။
"အင်း...မင်းလည်းဆင်တူဝတ်ထားတယ်မလား?"
မျှော်လင့်တကြီးမေးလာပေမဲ့ ဟယ်ရီကခေါင်းခါပြလိုက်ပြီး
"ငါမေ့နေတာ။အိပ်ဆောင်ပြန်ရောက်ရင် ဝတ်လိုက်မယ်။"
ထို့နောက် ဒရက်ကို့ပခုံးပေါ်ကို ခေါင်းမှီချလိုက်တော့ ဒရက်ကိုက ဟယ်ရီ့ပါးကို ဖြတ်ခနဲနမ်းလိုက်သည်။
YOU ARE READING
Saving Draco Malfoy (Draco x Harry)
Fanfictionနက်ရောင်ကျော်စွာတစ်ယောက်ဟယ်ရီပေါ်တာဘဝရောက်ကာဒရေဂိုမလ်ဖွိုက်းအားဗီလိန်ဘဝမှကယ်တင်ပြီးဗိုဒီမော့ဘက်တော်သားမဖြစ်အောင်ပြောင်းလဲပေးရန်systemတစ်ခုမှတာဝန်ပေးအပ်ခြင်းခံရသောအခါမူလဟယ်ရီနှင့်မတူခြားနားသောဟယ်ရီပုံစံဖြင့်ကြိုတင်သိရှိနေသောဘေးအန္တရာယ်များကိုဘယ်လိုရှော...