ဟော့ဂ်ဝပ်ကျောင်းတော်ရဲ့ နယ်နိမိတ်အစွန်းနားကနေ ကျောင်းကြီးကိုပြန်နေသည့် အရိပ်လေးနှစ်ခုသည် မြက်ခင်းစိမ်းတွေကြားထဲတရွေ့ရွေ့နှင့်။
"ဟယ်ရီ!!!ငါ့ကိုဖြေဦးလေ!!!သီအိုဒေါနဲ့ဘာလို့ နှစ်ယောက်ထဲရှိနေတာလဲ?"
ညာလက်ကို ပတ်တီးစည်းထားရသည့် စလေးသရင်းမာဖလာနှင့်ကောင်လေးက လှမ်းအော်ပေမဲ့ ရှေ့ကကောင်လေးဆီကတော့ ဘာမှတုန့်ပြန်မှုမှမရှိ။ရှေ့ကိုသာလျှောက်နေကာ နောက်ကကောင်လေးကို လုံးဝလစ်လျှူရှုထားသည်။
စလေးသရင်းကျောင်းသားလေးက လမ်းလျှောက်နေတာကိုရပ်လိုက်ကာ
"ငါမခေါ်ပဲနေတော့မှာနော်!!!"
ထိုအခါက်မွ ရှေ့ကဂရင်းဖင်းဒေါမာဖလာကို ဖြစ်သလိုစည်းထားသည့် ကောင်လေးကပြန်လှည့်လာပြီး မှုန်ကုတ်ကုတ်နဲ့
"လုပ်ချင်သလိုသာလုပ်!!!ငါစိတ်မဝင်စားဘူး!!!"
"ဟယ်ရီ!!!"
"နားညီးတယ်ကွာ!!!နေစမ်းပါဦး!!!မင်းကဒီကို ဘယ်လိုရောက်လာတာလဲ?"
လက်ပိုက်ကာမေးလာသည့် ဟယ်ရီကြောင့် ဒရက်ကိုကမျက်တောင်ပုတ်ခတ်ပုတ်ခတ်လုပ်ရင်း
"ရေဗင်ကလောက ကာရီနာ အက်ရှ်လေပြောပြတာ။"
'ဒီကောင်မလေးကတော့ လုပ်ချလိုက်ပြန်ပြီ။တော်သေးလို့ Missionအောင်သွားလို့။မဟုတ်ရင်...'ဟယ်ရီမျက်မှောင်ကြုတ်လိုက်ပြီးနောက် ဆတ်ခနဲပြန်လှည့်ကာ ရဲတိုက်ဘက်ကိုပြေးသွားတော့သည်။အဖက်မလုပ်ခံလိုက်ရသည့် Dracoမှာတော့ကြောင်တောင်တောင်နဲ့သာကျန်ခဲ့ရှာသည်။
ဒါပေမဲ့ သူဟယ်ရီ့ပေါင်ပေါ်မှာအိပ်ခဲ့ရတယ်မလား။ဒါအမြတ်ပေါ့။ဒရက်ကိုတွေးရင်း ရယ်ကျဲကျဲနဲ့ဖြည်းညှင်းစွာမြက်ခင်းကိုဖြတ်လို့ ရဲတိုက်ဘက်ကိုသွားလိုက်သည်။ဟယ်ရီကတော့ မြန်သလားမမေးနဲ့အစတောင်မတွေ့အောင် ပျောက်သွားလေပြီ။
.....................
တစ်ပတ်လောက်ကြာမှ ဒရက္ကိုက အတန်းပြန်တက်နိုင်ခဲ့သည်။သူပထမဆုံးတက်ရသည့်အတန်းကား မှော်ဆေးရည်အတန်းပင်။ထိုနေ့တွင် Professorစနိပ်သည် မှော်ဆေးရည်အသစ်တစ်မျိုးဖြစ်သည့် ကိုယ်ကျုံ့ဆေးရည်ကို ဖော်နည်းသင်ကြားပေးသည်။
YOU ARE READING
Saving Draco Malfoy (Draco x Harry)
Fanfictionနက်ရောင်ကျော်စွာတစ်ယောက်ဟယ်ရီပေါ်တာဘဝရောက်ကာဒရေဂိုမလ်ဖွိုက်းအားဗီလိန်ဘဝမှကယ်တင်ပြီးဗိုဒီမော့ဘက်တော်သားမဖြစ်အောင်ပြောင်းလဲပေးရန်systemတစ်ခုမှတာဝန်ပေးအပ်ခြင်းခံရသောအခါမူလဟယ်ရီနှင့်မတူခြားနားသောဟယ်ရီပုံစံဖြင့်ကြိုတင်သိရှိနေသောဘေးအန္တရာယ်များကိုဘယ်လိုရှော...