ဒရက်ကိုတစ်ယောက်စလေးသရင်းအိပ်ဆောင်ထဲလှဲနေကာ ဟယ်ရီနှင့်နှစ်ဦးတည်း
မတွေ့ရတာကြာပြီဖြစ်၍တွေ့ချင်လာလေသည်။Professorမက်ဂေါ်နာဂေါအတန်း
တွင်လျှို့ဝှက်ခန်းမဆောင်အကြောင်းသိရသည့်နေ့မှစ၍ဟယ်ရီနှင့်တစ်ခါလေးမှမတွေ့ရ
သေးချေ။ဒီမနက်ကွစ်ဒစ်ပြိုင်ပွဲကျမှအသေအချာတွေ့ရသော်လည်းပြိုင်ပွဲလည်းဖြစ်သည့်
အပြင်ဟယ်ရီမှာလည်းရူးနေသည့်ဘလက်ဂါဘောလုံးကိုပတ်ရှောင်နေရ၍ဖြစ်သည်။
ဒါမဲ့ဒရက်ကိုဟယ်ရီ့ကိုကာကွယ်ပေးနိုင်ခဲ့၍ဝမ်းသာမိပါသည်။ဖခင်ဖြစ်သူ Mr.မက်ဖွိုင်းရဲ့အပြစ်တင်ရှုံ့ချမှုတွေကိုဒရက်ကိုခံခဲ့ရပေမဲ့ ဟယ်ရီနာကျင်ရမည့်အရေး
မှကာကွယ်ပေးနိုင်ခဲ့၍ဒရက်ကိုပျော်မိပါသည်။ဒရက်ကိုတစ်ယောက်လှဲနေရာမှထထိုင်လိုက်ကာအခုထိသိမ်းထားသောဟယ်ရီ့
ကိုယ်ပျောက်ဝတ်ရုံအားဆွဲထုတ်ကာ ခြုံလိုက်ပြီးစလေးသရင်းဆောင်ထဲကခိုးထွက်
လာကာဆေးပေးခန်းဆီဦးတည်လာလိုက်သည်။ဆေးပေးခန်းအဝအရောက်မှာတင်
မြင်လိုက်ရသည့်မြင်ကွင်းကြောင့်နေရာမှာတင်ကြက်သေသေသွားရသည်။ဟယ်ရီ့အား
ကော်ဘရာက ဖက်နမ်းလိုက်ခြင်းပင်။ဟယ်ရီသည်ဒရက်ကိုနမ်းခဲ့တုန်းကလိုတွန်း
ထုတ်ခြင်းမပြုပဲကော်ဘရာရဲ့ကျောပြင်ကိုဖက်လိုက်သည့်အတွက် ဒရက်ကို့ရင်ထဲစူးရှ
သောနာကျင်မှုကိုစတင်ခံစားလိုက်ရကာခေါင်းတစ်ခုလုံးချာလည်လည်သွားသလိုပင်ဖြစ်သွားရသည်။တင်းကြပ်လာသောရင်ဘက်ကိုဆုပ်ကိုင်ရင်း ကော်ဘရာကခုတင်ပေါ်
ကဆင်းကာဟယ်ရီ့အားနှုတ်ဆက်ပြီးဒရက်ကို့ဘေးကဖြတ်သွားတာကိုကြည့်နေမိသည်။ကော်ဘရာဆေးခန်းထဲမှထွက်သွားမှဒရက်ကိုလည်းဆေးခန်းထဲဝင်လာကာ ဟယ်ရီ့
ခုတင်ခြေရင်းဆီကိုလျှောက်လာကာ ကိုယ်ပျောက်ဝတ်ရုံကိုဖယ်လိုက်ပြီးအခုထိခုတင်
ပေါ်မှာထိုင်ကာအတွေးနွံထဲနစ်နေသောဟယ်ရီ့အားအကြောင်းအရင်းကိုမေးမိတော့
ဟယ်ရီဟာဘာမှပြန်ဖြေနိုင်ခြင်းမရှိပဲ ဒရက်ကို့ကိုသာပြန်စိုက်ကြည့်နေ၍ဒရက်ကိုပို၍
ခံစားသွားရသည်။"ဟယ်ရီဟာ...ဘာမှတောင်မပြောနိုင်တော့ပါလား?ငါ့ကိုများ မယုံကြည်တော့တာလား?"အတွေးနဲ့တင် ဒရက်ကိုမျက်ရည်ဝိုင်းလာရသော်လည်း
မက်ဖွိုင်းမှန်ရင် မငိုရဟူ၍သင်ကြားခြင်းခံထားရ၍မျက်ရည်ကိုတေးထားလိုက်ကာ
ဟယ်ရီ့အနားဆက်တိုးလာစဉ်မှာ ဖြတ်ခနဲပေါ်လာသော ဒရက်ကိုတို့မက်ဖွိုင်းစံအိမ်ရဲ့
အိမ်မွေးမှင်စာလေးဒေါ့ဘီကြောင့် ဒရက်ကို့ရဲ့အာရုံဟာမှင်စာဆီရောက်သွားသည်။
မှင်စာလေး ဒေါ့ဘီဟာဟယ်ရီ့ကိုဟော့ဝပ်မှာမနေသင့်ကြောင်း၊ဟော့ဝပ်ကဟယ်ရီ့
အတွက်မလုံခြုံကြောင်းတတွတ်တွတ်ပြောနေရာ ဒရက်ကိုကမှင်စာလေးရဲ့အဝတ်ကို
ဆွဲရမ်းကာမေးတော့သည်။
YOU ARE READING
Saving Draco Malfoy (Draco x Harry)
Fanfictionနက်ရောင်ကျော်စွာတစ်ယောက်ဟယ်ရီပေါ်တာဘဝရောက်ကာဒရေဂိုမလ်ဖွိုက်းအားဗီလိန်ဘဝမှကယ်တင်ပြီးဗိုဒီမော့ဘက်တော်သားမဖြစ်အောင်ပြောင်းလဲပေးရန်systemတစ်ခုမှတာဝန်ပေးအပ်ခြင်းခံရသောအခါမူလဟယ်ရီနှင့်မတူခြားနားသောဟယ်ရီပုံစံဖြင့်ကြိုတင်သိရှိနေသောဘေးအန္တရာယ်များကိုဘယ်လိုရှော...