မနက်လင်းအားကြီး ၃နာရီခန့်။
တစ်ယောက်အိပ် အိပ်ရာက နှစ်ယောက်အိပ်ပုံစံ ဖောင်းကားနေလို့ စလေးသရင်းအဆောင်၏ ကျောင်းသားခေါင်းဆောင်ဖြစ်သည့် ဒေမီယန်မှာ ထူးဆန်း၍ လာကြည့်ကာ မြင်လိုက်ရသည်ကား တစ်ဦးနှင့်တစ်ဦး တင်းကြပ်စွာ ပွေ့ဖက်ထားကာ အိပ်စက်နေသော ဟယ်ရီနှင့်ဒရက်ကို။မျက်ခုံးတို့ တွန့်ချိုးသွားကာ ဘေးက ဟယ်ရီတို့ထောင့်ဘက်ခြမ်းကို ကင်းစောင့်ပေးရန် တာဝန်ကျသည့် ထရိုင်ဒွန်ကို'ဒါကဘာလဲ'ဆိုပြီး မျက်လုံးနှင့် မေးခွန်းလှမ်းမေးရာ ထရိုင်ဒွန်က ပခုံးသာတွန့်ပြပြီး ပြုံးနေလေရဲ့။ပုံမှန်ဆို ရေဗင်ကလော ကျောင်းသားခေါင်းဆောင်က ကင်းစောင့်ပေးရမှာ ဖြစ်ပေမဲ့ ထိုကျောင်းသားခေါင်းဆောင်မှာ ဆေးပေးခန်းရောက်နေ၍ ထရိုင်ဒွန်က အစားထိုးကင်းစောင့်ပေးနေခြင်းပင်။
"ထရိုင်ဒွန် ဒယ်လ်တန်။မင်းဒါကို ဘာမှလုပ်ဖို့ စိတ်ကူးမရှိဘူးလား? စလေးသရင်း ကျောင်းသားက ဂရင်းဖင်းဒေါ ကျောင်းသားရဲ့ အိပ်ရာအိတ်ထဲရောက်နေတာကိုလေ။ဆရာတစ်ယောက်ယောက်က တွေ့သွားရင်..."
"ရှူး...ဒေမီယန် ကော်ဘရာ။သူတို့ပြေလည်သွားတာကိုပဲ ဝမ်းသာရမှာပေါ့။အိပ်ပါစေ...ကလေးတွေကို မနှောင့်ယှက်ပါနဲ့။ကျွန်တော် တမင်ဒီတိုင်းထားထားတာ။မဟုတ်ရင် ကျောင်းသားတွေအားလုံးကြားမှာ သူတို့အရှက်ကွဲလိမ့်မယ်။"
"ဒါပေမဲ့...."
"မင်းခံစားရတာကို နားလည်ပေမဲ့ အခုတော့လွှတ်ပေးထားလိုက်ပါ။"
"ဒါပေမဲ့...ထရိုင်ဒွန် ဒယ်လ်တန်..."
"Mr.ကော်ဘရာ၊Mr.ဒယ်လ်တန်...ဘာတွေတွတ်ထိုးနေကြတာလဲ?"
နှစ်ယောက်သား တိုးတိုးနဲ့ပြောသည့် ဒေမီယန်နှင့်ထရိုင်ဒွန် ထိုအသံကြောင့် တွန့်သွားကာ လှည့်ကြည့်တော့ Professorစနိပ်က သူတို့ကို လက်ပိုက်ကာကြည့်နေသည်။
Professorသာ အိပ်နေကြသည့် အချစ်ငှက်နှစ်ကောင်ကို တွေ့သွားရင် ပြဿနာတက်နိုင်တာကြောင့် အပူပင်မရှိအိပ်ပျော်နေကြသည့် နှစ်ယောက်အား Professorမမြင်အောင် မသိမသာနဲ့ကာလိုက်ရင်း ဒေမီယန်နှင့်ထရိုင်ဒွန်က Professorစနိပ်အား ပြုံးပြလိုက်သည်။
YOU ARE READING
Saving Draco Malfoy (Draco x Harry)
Fanfictionနက်ရောင်ကျော်စွာတစ်ယောက်ဟယ်ရီပေါ်တာဘဝရောက်ကာဒရေဂိုမလ်ဖွိုက်းအားဗီလိန်ဘဝမှကယ်တင်ပြီးဗိုဒီမော့ဘက်တော်သားမဖြစ်အောင်ပြောင်းလဲပေးရန်systemတစ်ခုမှတာဝန်ပေးအပ်ခြင်းခံရသောအခါမူလဟယ်ရီနှင့်မတူခြားနားသောဟယ်ရီပုံစံဖြင့်ကြိုတင်သိရှိနေသောဘေးအန္တရာယ်များကိုဘယ်လိုရှော...