ဟယ်ရီနဲ့ဒရက်ကို ရှည်လျား၍အလင်းသဲ့သဲ့ကျနေသော လျှို့ဝက်ခန်းမဆောင်ရဲ့ လျှောက်လမ်းအစမှာရပ်နေကြလျက်။ဟယ်ရီ့ပခုံးပေါ်က Drarryကလည်း ငြိမ်နေလျက်။ကျောက်သားတိုင်လုံးများတွင် မြွေရုပ်ပေါင်းများစွာထွင်းထုထားပြီး တိုင်လုံးများကမြင့်မားကြတာကြောင့် မျက်နှာကျက်သည်အမှောင်ထဲတွင် ပျောက်နေပြီး ခန်းမဆောင်တစ်ခုလုံးကို လွှမ်းခြုံထားသည့် အစိမ်းရောင်မြူငွေ့များကြားတွင် ရှည်လျားမည်းမှောင်သော အရိပ်ကြီးများကျရောက်နေကြသည်။
ဟယ်ရီသည် ဘေးကဒရက်ကိုအား လှမ်းပြောလိုက်သည်။
"ဒရက်ကို…ငါနဲ့တူတူဘေးကလျှောက်မလာနဲ့…ဟို…တိုင်လုံးတွေကြားကနေ လိုက်လာ…ဒါက ငါနဲ့ဆိုင်တာကြောင့် ငါပဲရှင်းမယ်။"
"ဟယ်ရီ!!ဒီအထိတောင် ရောက်လာပြီလေ!!!"
"ငါပြောတာကိုလုပ်!!!ငါအရမ်းဒုက္ခရောက်မှ လာကူညီနော်။Jerry…ဒရက်ကိုနဲ့ လိုက်သွားချေ…"
[ဖြစ်ပါ့မလား…Host…တစ်ခုခုဖြစ်…]
[ငါကဘယ်သူလဲ?ငါက Asiaဂိုဏ်းပေါင်းစုံရဲ့ အသက်အငယ်ဆုံး ဂိုဏ်းဘုရင်အဖြစ် စံချိန်ချိုးထားသူပါ။မူလဟယ်ရီပေါ်တာတောင် ဘာမှမဖြစ်တာ။ ငါကဘာဖြစ်ရမှာလဲ?ပြီးတော့ငါက အဓိကဇာတ်လိုက်ပဲလေ။မသေနိုင်ပါဘူး… ဒရက်ကိုကိုသာ ကာကွယ်ပေးပါ။]
[Host…မသေနိုင်ပေမဲ့ သေလောက်အောင်ခံစားရမှာလေဗျာ!!!]
[တော်စမ်းပါ!!!ဒရက်ကိုနဲ့သာ လိုက်သွား!!]
ဟယ်ရီအော်ချလိုက်တာကြောင့် Drarryကငြိမ်ပြီး ဒရက်ကိုရဲ့ပခုံးပေါ်ကိုတက်သွား
လေသည်။ဟယ်ရီက ဒရက်ကိုအားတိုင်လုံးတွေနောက်ကို သွားခိုင်းတာကြောင့် ဒရက်ကိုမှာတွန့်ဆုတ်တွန့်ဆုတ်နဲ့ သွားရင်းဟယ်ရီ့ကိုလှည့်ကြည့်လှည့်ကြည့်နဲ့ သွားရှာသည်။ဟယ်ရီလည်း သူ့ရဲ့မှော်ကြိမ်လုံးကို ထုတ်ကာခန်းမဆောင်ထဲကိုဆက်လျှောက်သွား
သည်။ခန်းမအဆုံးကိုရောက်တဲ့အခါမှာ မျက်နှာကျက်အထိမြင့်မားလွန်းတဲ့ ရုပ်ထုတစ်ခုကိုနံရံကိုမှီလျက် တွေ့လိုက်ရသည်။
YOU ARE READING
Saving Draco Malfoy (Draco x Harry)
Fanfictionနက်ရောင်ကျော်စွာတစ်ယောက်ဟယ်ရီပေါ်တာဘဝရောက်ကာဒရေဂိုမလ်ဖွိုက်းအားဗီလိန်ဘဝမှကယ်တင်ပြီးဗိုဒီမော့ဘက်တော်သားမဖြစ်အောင်ပြောင်းလဲပေးရန်systemတစ်ခုမှတာဝန်ပေးအပ်ခြင်းခံရသောအခါမူလဟယ်ရီနှင့်မတူခြားနားသောဟယ်ရီပုံစံဖြင့်ကြိုတင်သိရှိနေသောဘေးအန္တရာယ်များကိုဘယ်လိုရှော...