ဝိညာဉ်စွမ်းအားများဆုံးရှုံးခြင်း

3K 399 17
                                    

Updateနောက်ကျသွားတာတောင်းပန်ပါတယ်နော်။Binတို့အိမ်ကိုအလှူ
လုပ်လို့ကူပေးရတာနဲ့အမျိုးတွေလည်းရောက်လာကြတာနဲ့ကလေး
ကူထိန်းပေးနေရလို့ပါ။ပြီးတော့အဆင်ပြေအောင်အချောသပ်ပြန်ရေးပေးနေရတာရယ် plotပြောင်းနေရတာရယ် အရှည်ကြီးတ်စေချင်လို့
online learningလုပ်နေတဲ့ကြားကနေ မရရအောင်ခိုးရေးနေရလို့
ကြာနေတာပါ။

ဒါနဲ့အပေါ်ကပုံလေးက ဒရက်ကို စာနားမထောင်ပဲဟယ်ရီ့ကိုငမ်းနေပုံ
လေးပါ။
.............................................................................................
နောက်တစ်နေ့မနက် Professor မက်ဂေါ်နာဂေါရဲ့အသွင်ကူးပြောင်းခြင်းအတန်း
ချိန်မှာ Professorသည်သင်ခန်းစားများကို အသေအချာရှင်းပြပေးနေသည်။
ဒရက်ကိုသည် စာကိုစိတ်ပါဝင်စားစွာလိုက်နားထောင်ရင်း ဟယ်ရီ့ကိုလိုက်မှီအောင်
ကြိုးစားနေရသည်။ဟယ်ရီ့ရဲ့စာမှတ်နိုင်စွမ်းနှင့် အတတ်လွယ်သောစွမ်းရည်ကား
အံ့မခန်းပင်။"ဟယ်ရီစာတွေကို ဘယ်လိုများကျက်သလဲမသိဘူး။အခုလည်းစာကိုငြိမ်
ပြီးနားထောင်နေလိုက်တာ။အဲ...ငါလည်းသူ့ငေးနေရတာနဲ့...စာတွေလွတ်ကုန်ပြီ..."
ဒရက်ကိုတစ်ယောက် ဟယ်ရီ့အားချီးကျူးရင်းငမ်းနေတာနဲ့စာတွေလွတ်ကုန်၍အာရုံကို
စာထဲမနည်းပြန်နှစ်ရသည်။(A/N နင့်ယောက်ျားက ကြိုကျက်ထားတာလေဟယ်။)

ဟယ်ရီကတော့ရပြီးသားတွေဖြစ်၍နားမထောင်နေပဲ မနေ့ကဟာမွန်နီနဲ့စကားပြောခဲ့
တာကိုပြန်စဉ်းစားနေလေသည်။

Flash Back။

ဂရင်းဖင်းဒေါအဆောင်ကိုပြန်သည့်အချိန်မှာ ဟယ်ရီလက်မောင်းကိုဟာမွန်နီကဆွဲပြီး
ပြောလာသည်။

"ဟယ်ရီ...နင်တကယ် အသံတွေကြားရတာလား?"

"ငါက နင်တို့ကိုလိမ်မလားဟ?"

"ဟယ်ရီ...မှော်လောကမှာ..."

"ငါသိတယ် မွန်နီ...မှော်လောကမှာ လျှို့ဝှက်အသံကြားရတာမကောင်းတဲ့နိမိတ်မှန်း။
ဒါမဲ့စိတ်မပူပါနဲ့ဟာ..."

ဟာမွန်နီရဲ့ လက်မောင်းကိုပြန်ဆုပ်ကိုင်ရင်း ဟယ်ရီပြောလာတော့ဘေးကရွန်ကပါ
ဟယ်ရီ့ပခုံးကိုပုတ်လာရင်းပြောသည်။

"ဟုတ်ပါတယ် မွန်နီရယ်...ဟယ်ရီကကြံ့ခိုင်ပါတယ်ကွာ။"

ဟာမွန်နီလည်းသက်ပြင်းချလိုက်ရင့်ဟယ်ရီ့လက်မောင်းအားလွှတ်ကာ အဆောင်ထဲဝင်သွားတော့သည်။

Saving Draco Malfoy (Draco x Harry)Where stories live. Discover now