အချိန်တွေအကုန်မြန်လာလို့Decemberလလယ်ပင်ရောက်လာချေပြီ။ဟယ်ရီနှင့်ဒရက်ကိုလည်း ပိုပြီးရင်းနှီးလာလေသည်။ဟယ်ရီ့အပေါ်ဒရက်ကိုရဲ့သံယောဇဉ်တွေ
လည်းပိုပြီးတိုးလာခဲ့လေပြီ။ရွန်နှင့်ဟာမွန်နီကတော့ ဒရက်ကိုနှင့်အရင်ကထက်
အဆင်ပြေလာပြီဖြစ်သော်လည်း တစ်ခါတစ်ခါ ရွန်နှင့်ဒရက်ကိုက ထသတ်တတ်ကြ
သေးသည်။Decemberတတိယပတ်။ခရစ်စမတ်ကျောင်းပိတ်ရက်မရောက်ခင်သုံးရက်၏မနက်ခင်းတစ်ခုမှာဟယ်ရီတစ်ယောက် Professorစနိပ်ရဲ့ဆေးရည်အတန်းကိုပြေး
နေရသည်။ဟယ်ရီသည်ကျောင်းတက်သည့်နေ့မှစ၍အတန်းတိုင်းတွင် ထူးချွန်ကာ
စံပြံကျောင်းသားပင်။မူလဟယ်ရီကဆေးရည်ဘာသာရပ်တွင်ညံ့ကာProfessor
စနိပ်ကိုမုန်းသလောက် ဟယ်ရီကဆေးရည်ဘာသာရပ်တွင်ထူးချွန်ကာProfessor
စနိပ်ကို သဘောကျလေသည်။''ရွန်ဝယ်စလီ!!!ငါ့ကိုမနှိုးဘူး!!!တွေ့ရင်တော့သေပြီ!!!"ဟယ်ရီတစ်ယောက် ရွန့်
အားစိတ်ထဲက ကျိန်ဆဲနေသည်။ညကစာကြည့်တာကြာ၍နောက်ကျမှအိပ်သည့်
အပြင် မနက်ကျတော့လည်းအေးအေးလေးနှင့်ကွေးနေမိ၍နောက်ကျခြင်းပင်။
Drarryကတော့သူ့Hostကိုပြောလာလေသည်။[Hostရယ်…တစ်ခါ်နောက်ကျတာကို အဖြစ်သည်းနေလိုက်တာ။Drarryဆို…
……………]ပြောနေရင်းDrarryနှင့်အဆက်အသွယ်ပြတ်သွား၍ဟယ်ရီလည်းပြေးနေတာကို
ရပ်ကာ Drarryကို ခေါ်သော်လည်း ပြန်ဖြေသံမကြားရတော့ချေ။ဟယ်ရီလည်း
အတန်းနောက်ကျနေပြီဖြစ်၍ ပြန်ပြေးသည့်အခါ စလေးသရင်းကျောင်းသားတစ်ဦး
ကိုဖြတ်သွားမိတော့ ထူးဆန်းသောအရောင်အဝါတွေကိုခံစားလိုက်ရသည်။''ဟယ်ရီပေါ်တာ…ခဏနေပါဦး''
ကြည်လင်ပြတ်သားက သြဇာသံအပြည့်နှင့်အသံကြောင့်ဟယ်ရီရပ်လိုက်ကာ
ထိုကျောင်းသားကိုကြည့်လိုက်တော့မှင်တက်သွားရသည်။နတ်သားကဲ့သို့ချောမော
ကာခန့်ညားလွန်းလှသည်။''ဂါး………လာပြန်ပြီနောက်တစ်ယောက်!!ငါ့မူလကရုပ်ထက်တောင် သူ့လောက်
မချောနိုင်ဘူး။အရန်ဇာတ်ကောင်ဖြစ်ပြီးချောရက်လိုက်တာ။မနာလိုလိုက်နာ''
ဟယ်ရီတွေးရင်း ထိုကျောင်းသားကိုမေးလိုက်သည်။
YOU ARE READING
Saving Draco Malfoy (Draco x Harry)
Fanfictionနက်ရောင်ကျော်စွာတစ်ယောက်ဟယ်ရီပေါ်တာဘဝရောက်ကာဒရေဂိုမလ်ဖွိုက်းအားဗီလိန်ဘဝမှကယ်တင်ပြီးဗိုဒီမော့ဘက်တော်သားမဖြစ်အောင်ပြောင်းလဲပေးရန်systemတစ်ခုမှတာဝန်ပေးအပ်ခြင်းခံရသောအခါမူလဟယ်ရီနှင့်မတူခြားနားသောဟယ်ရီပုံစံဖြင့်ကြိုတင်သိရှိနေသောဘေးအန္တရာယ်များကိုဘယ်လိုရှော...