Date with Damien (Zawgyi)

682 17 5
                                        

ဒေမီယန်နှင့် ဒိတ်ရဖို့ကို ဟယ်ရီအရမ်းကို ကြိုးစားအားထုတ်ခဲ့ပေမဲ့လည်း ကိုယ်တော်ချောက ငြင်းမြဲငြင်းနေ၍ ဟယ်ရီတစ်ယောက် စိတ်ညစ်နေရပြီ။ မျက်စိတစ်မှိတ်တင်ပဲ နှစ်ပတ်ကုန်သွားပြီ။ ဘယ်လိုအကြံထုတ်ထုတ် အလုပ်မဖြစ်၍ ဟယ်ရီ့ရဲ့ စိတ်အခြေအနေသည်လည်း ဆိုးဝါးလာချေပြီ။

"ဟယ်ရီ...နင့်လက်ထဲက ပန်းသီးလည်း အရည်တွေတောင်ထွက်နေပြီ။ အခုတလော နင်မှိုင်တွေနေတယ်နော်။"

ဟာမွန်နီ၏ စကားကြားမှ လက်ထဲက ပန်းသီးကို ငုံ့ကြည့်မိတော့ ပန်းသီးမှာ အညှစ်ခံထားရလို့ ပိန်လှီနေပြီး အရည်တွေပါထွက်နေသည်။

"အေးဟ။ ငါ ပိစိလေး အခက်အခဲ ကြုံနေလို့။"

ပြောရင်းနှင့် ထမင်းစားပွဲပေါ်သို့ ခေါင်းကို မှောက်ချပစ်ကာ စလေးသရင်းစားပွဲကို လှမ်းကြည့်မိရာ မကြုံစဖူး မြင်ကွင်းကြောင့် မျက်လုံးပြူးသွားရသည်။

ဒရက်ကိုရဲ့ သိမ်းငှက်မျိုးစပ်ထားသည် ဇီးကွက်လေးသည် ဒရက်ကို့ ပခုံးပေါ်နားလာပြီး အထုပ်တစ်ထုပ် ပစ်ချပေးသည်။ အထုပ်ထဲတွင် သကြားလုံးအပြည့်ပါလာပြီး ဒရက်ကိုက လက်တစ်ဆုပ်နှိုက်ကာ ဒေမီယန်ကို ကမ်းပေးလိုက်သည်။ ဟိုတစ်ယောက်ကလည်း မလက်ခံစဖူး လက်ခံလိုက်ပြီး ဒရက်ကို့အနားကို ပြောင်းထိုင်ကာ တိုးတိုးနှင့် စကားတစ်ချို့ပြောနေသည်။ ဒရက်ကိုကလည်း နားထောင်နေပြီး ခေါင်းငြိမ့်နေသည်။

'အဲ့နှစ်ယောက် ဘယ်တုန်းက တည့်သွားတာလဲ?'

[အစားပုတ်ကောင်...သူတို့ ဘာပြောနေလဲဆိုတာ သွားနားထောင်ချေ။ ပျင်းတယ်။ လမ်းမလျှောက်ချင်ဘူး။ ဘာညာလုပ်မနေနဲ့။ ရှေ့က ဟင်းရည်အိုးထဲ ခေါင်းစိုက်ပစ်မှာ!]

[ဟင့်! အနိုင်ကျင့်တော့လည်း ခံရတာပေါ့!]

Drarry သည် လှုပ်လှုပ်နှင့် စလေးသရင်းစားပွဲဘက်ကို ပြေးသွားသည်။ ဟယ်ရီလည်း ခေါင်းကိုပြန်မတ်လိုက်ပြီး စားပွဲပေါ်မှာပေါ်လာသည့် ဟင်းပွဲတစ်ချို့ကို ယူစားလိုက်သည်။ ကြက်ပေါင်တစ်ချောင်းကို ယူလိုက်ပြီး ပါးစပ်ထဲထည့်နေစဉ် Drarry ပြန်ရောက်လာသည်။

Saving Draco Malfoy (Draco x Harry)Where stories live. Discover now