Hi ဒါဒါတို့။Binလေး ပြန်လာပါပြီ။Updateကြာသွားလို့ သွေ့ပုကျိ။Bin
လေးဘာသာနှာပိတ်ပြီးနှာစီးလို့အနံ့ပျောက်သွားတာကို အိမ်ကလူတွေကအရမ်းစိတ်ပူကြပြီး fever clinic ပို့လိုက် ဘာဆေးတိုက်ညာဆေးတိုက်နဲ့ လုပ်ကြတာ။ဆေးဒဏ်တွေကြောင့် လူလည်းနုံးချိပြီးစာလည်းမရေးနိုင်ဖြစ်နေတာ။အခုမှသက်သာလို့ ချက်ချင်းတင်ပေးလိုက်တယ်နော်။ဒါနဲ့Binလေးမှာကြွားစရာရှိသေးတယ်။Binလေးလေ တိမ်လွှာဝင့်ဝါက ကျင်းပတဲ့One Shotပြိုင်ပွဲမှာဝင်ပြိုင်တာ finalistအထိအရွေးခံရပြီး
Binလေးရဲ့စာမူလေးက တိမ်လွှာဝင့်ဝါကထုတ်မဲ့ BL One Shot Collectionစာအုပ်လေးမှာပါဝင်ခွင့်ရလိုက်ပါတယ်။ဒါကြောင့် အဲ့စာမူလေးကို စာအုပ်ထွက်မှဝယ်ဖတ်မလား။Binလေး wpမှာတင်ပေးရမလား။ပြောပြခဲ့ကြပါ။ဒါနဲ့ဒီအပိုင်းမှာ ကောက်စိန်လေး ဒရက်ကို ကိုတွေ့ရမှာပါနော်။
…………………………………………………………………………………
ဟယ်ရီတို့သုံးယောက်သား ဟာမွန်နီရှိနေတဲ့ မိုးနင်းမာတယ်သန့်စင်ခန်းဆီကို ကိုယ်ပျောက်ဝတ်ရုံခြုံရင်းရောက်လာကြတယ်။ကိုယ်ပျောက်ဝတ်ရုံဒီလောက်အကြီးကြီး
ထဲမှာတောင်ဟယ်ရီကရှေ့ကအေးဆေးသွားနေပေမဲ့ နောက်ကရွန်နဲ့ဒရက်ကိုမှာ တစ်ယောက်နဲ့တစ်ယောက်တွန်းတိုက်လိုက် ခြေထိုးခံလိုက် တစ်ယောက်ဝတ်ရုံတစ်ယောက်တက်နင်းလိုက်နဲ့ လိုက်ပါလာကြတော့ ကိုယ်ပျောက်ဝတ်ရုံမှာတစ်ခါတစ်ခါ ကိုယ်တွေပေါ်ကလျှောကျပြီး လူတွေလည်းပေါ်လိုက်ပျောက်လိုက်နဲ့ကော်ရစ်ဒါတစ်လျှောက်သရဲခြောက်နေသလိုပင်။ဟယ်ရီလည်းစိတ်ရှိတဲ့အတိုင်းသာဆိုရင်နောက်ကနှစ်ကောင်စလုံးကိုဆောင့်ဆွဲပြီးထုထောင်းပစ်ချင်ပေမဲ့OOCဖြစ်သွားမှသေလောက်အောင်ခံနေရမှာစိုး၍သာငြိမ်နေလိုက်ရတယ်။ဒီလိုနဲ့သုံးယောက်သားတွန်းတိုက်ရင်း သန့်စင်ခန်းထဲဝင်လာသော်လည်း ဟာမွန်နီရဲ့အရိပ်ပင်မတွေ့ရ၍ ဟယ်ရီလည်ကိုယ်ပျောက်ဝတ်ရုံကိုဖယ်လိုက်ကာ ကိုင်ထားရင်းအသံပြုလိုက်သည်။
"အမ်…ဟာမွန်နီ!?!?ထွက်လာပါဦးဟ…"
"ဝေးဝေးသွားကြ!!နင်တို့နှစ်ယောက်လုံး!!!!"
YOU ARE READING
Saving Draco Malfoy (Draco x Harry)
Fanfictionနက်ရောင်ကျော်စွာတစ်ယောက်ဟယ်ရီပေါ်တာဘဝရောက်ကာဒရေဂိုမလ်ဖွိုက်းအားဗီလိန်ဘဝမှကယ်တင်ပြီးဗိုဒီမော့ဘက်တော်သားမဖြစ်အောင်ပြောင်းလဲပေးရန်systemတစ်ခုမှတာဝန်ပေးအပ်ခြင်းခံရသောအခါမူလဟယ်ရီနှင့်မတူခြားနားသောဟယ်ရီပုံစံဖြင့်ကြိုတင်သိရှိနေသောဘေးအန္တရာယ်များကိုဘယ်လိုရှော...