ကျောင်းအုပ်ရုံးခန်းသို့ရောက်ရှိခြင်း

2.8K 373 95
                                    

ဟယ်ရီတစ်ယောက် ဒေါသထွက်ထွက်နဲ့စာကြည့်တိုက်ထဲကထွက်လာလေသည်။
ပါးစပ်ကလည်းဒေါသတကြီးနဲ့ပြောလာသည်။

"ငါ့များ…နော့ဒ်နဲ့သာယာနေတယ်တဲ့…ကလေးစုတ်…Vampireအစုတ်ပလုတ်ကောင်
…မသိတဲ့သူတွေများကြားရင် ငါ့ကိုကွေးနေတယ်ထင်ဦးမယ်။တစ်သက်လုံးမကွေးဘူး
ဟေ့…ထာဝရအဖြောင့်ကွ!!!ထာဝရပဲ!!!"

ခေါင်းကိုငုံ့ထားပြီးပွစိပွစိနှင့်လျှောက်လာသောဟယ်ရီတစ်ယောက်မာကျောကျောအရာ
တစ်ခုနဲ့တိုက်မိတော့သည်။အရှိန်ပြင်းသွား၍ဟယ်ရီမှာကြမ်းပြင်ပေါ်ဖင်ထိုက်ရက်လဲကျ
သွားသည်။ဟယ်ရီမော့ကြည့်လိုက်တော့ဟက်ဂရစ်ပင်ဖြစ်သည်။ဟက်ဂရစ်သည်
ကြက်သေကြီးတစ်ကောင်ကိုကိုင်ထားလေသည်။

"ဟက်ဂရစ်…ရဲတိုက်ထဲဘာလာလုပ်တာလဲ?"

"Oh!!ဟယ်ရီ…ဒါကြောင့်လေ…ဒီလိုသေကုန်လို့အဲ့ဒါငါ့ခြံဝင်းကိုဂါထာနဲ့ကာကွယ်မလို့
ကျောင်းအုပ်ကြီးဆီက ခွင့်ပြုချက်လာတောင်းတာ…"

လက်ထဲကိုင်ထားသောကြက်သေကြီးကိုမြှောက်ပြရင်းဟက်ဂရစ်ကပြန်ဖြေလာသည်။
ထို့နောက်ဟယ်ရီ့ကိုထူပေးရင်းထပ်မေးသည်။

"တစ်ခုခုဖြစ်နေလို့လား…ဟယ်ရီ?"

"ဘာမှမဖြစ်ပါဘူူး…ဟက်ဂရစ်။ကျွန်တော်အဆင်ပြေတယ်။သွားတော့မယ်နော်…စိတ်ပူပေးလို့ကျေးဇူးပါ…"

"မလိုပါဘူးကွာ…"

ဟယ်ရီလည်းဟက်ဂရစ်ကိုနှုတ်ဆက်ပြီးထွက်လာရာစစ်ဒရစ်နဲ့ထပ်တွေ့သည်။စစ်ဒရစ်
ကဟယ်ရီ့ကိုမြင်တော့အနားကိုပြေးလာသည်။

"ဟယ်ရီ…မင်းအဆင်ပြေရဲ့လား?သတင်းတွေကြောင့် စိတ်ညစ်တယ်မလား?"

"ပြေပါတယ်။ဒါနဲ့ကျွန်တော့်ကိုမကြောက်ဘူးလား?စစ်ဒရစ်ကိုတစ်ခုခုလုပ်လိုက်မှာကိုလေ"

"ကိုယ်ဟယ်ရီ့ကို ယုံတယ်။ဟယ်ရီက ဘယ်သူ့ကိုမှအနာတရဖြစ်အောင် လုပ်မှာမဟုတ်ဘူး။ဒီလိုကောလဟာလတွေကို အရေးမစိုက်နဲ့သိလား?မင်းဘက်မှာ
ကိုယ်ရှိတယ်နော်။"

"ဟုတ်…စိတ်ပူပေးလို့ကျေးဇူးပါနော်။ဒါဆို…ကျွန်တော်သွားပြီနော်။"

Saving Draco Malfoy (Draco x Harry)Where stories live. Discover now