Professor ထရီလောနီ၏ ဟောစကား

1.5K 226 57
                                    

ဟော့ဂ်ဝပ်ရဲ့ နောက်ဆုံးစာမေးပွဲကြီး ၏ ပထမဆုံးရက်တွင်ဖြစ်သည်။ရုပ်ပြောင်းသင်ခန်းစာ စာမေးပွဲအပြီးတွင် တတိယနှစ်ကျောင်းသားတွေအကုန်လုံး စိတ်ပျက်စွာနှင့် အတန်းထဲကနေထွက်လာကာ ထမင်းစားခန်းမဆောင်ကြီးသို့ ဦးတည်ကြသည်။ကျောင်းသားအားလုံးဟာ အဖြေတွေကိုယှဥ်ကြည့်ကြရင်း ရုပ်ပြောင်းသင်ခန်းစာ၏ စာမေးပွဲကခက်ခဲကြောင်း ပြောဆိုနေကြသည်။

ရုပ်ပြောင်းသင်ခန်းစာ၏စာမေးပွဲမှာ တခြားမဟုတ်။လက်ဖက်ရည်ကရားကို ကုန်းလိပ်ဖြစ်အောင် ပြောင်းခိုင်းခြင်းပင်။ဟယ်ရီကတော့ လိပ်ပုံစံပေါ်အောင် သရုပ်ပြောင်းပေးနိုင်ခဲ့၍ အောင်မည်ဟုယူဆထားပြီးကာ ခပ်အေးအေးနှင့်ပင်။မအေးဆေးနိုင်သည်က ဟာမွန်နီ။သူများတွေက လက်ဖက်ရည်ကရားကို လိပ်ပုံစံပြောင်းတာကို အဆင်မပြေရသည့်ကြားထဲတွင် သူမကတော့ သူမရုပ်ပြောင်းလိုက်သည့် ကုန်းလိပ်က ရေလိပ်နဲ့တူနေလို့ အမှတ်လျော့ပါပြီဆိုပြီး ညည်းညူနေတာကြောင့် တခြားသူတွေက သူမကိုစိတ်ဆိုးကြသည်။

"ငါ့လိပ်ရဲ့ အမြီးက လက်ဖက်ရည်ကရား နှုတ်သီးပဲဖြစ်နေတယ်..ဟယ်ရီရေ။ငါတော့ ကျပြီလားမသိဘူး။"

"ဟယ်ရီရေ...နင့်လိပ်က ကုန်းလိပ်ပဲမလား?ငါ့လိပ်ကတော့ ရေလိပ်ဖြစ်နေ..."

"ငါ့လိပ်က လေလိပ်...မွန်နီရဲ့။"

ရွန်က ကျပါပြီဆိုပြီး စိုးရိမ်နေရသည့်ကြားတွင် ဟာမွန်နီရဲ့ ကုန်းလိပ်နဲ့ရေလိပ်ပြဿနာက စလာပြီဖြစ်လို့ ဟယ်ရီကတမင်ပြန်ဖြေလိုက်မှ ဟာမွန်နီမှာ ပါးစပ်ပိတ်သွားတော့သည်။
နေ့လယ်စာစားကို အလျင်အမြန်စားကြပြီးနောက် ကျောင်းသားတွေဟာ အပေါ်ထပ်ကိုကတိုက်ကရိုက်တက်ကာ မှော်ဂါထာစာမေးပွဲကို ဖြေကြရပြန်သည်။

ဟာမွန်နီ၏ ထင်မြင်ယူဆချက်က မှန်ကန်ခဲ့သည်။Professor ဖလစ်ဝဒ်က ဟယ်ရီတို့ကို ပျော်ရွှင်ခြင်းဂါထာကို စာမေးပွဲအနေနှင့် မေးသည်။ဟယ်ရီဟာ စိတ်လှုပ်ရှားမှု တင်းကြပ်မှုကို ဖြေဖျောက်တဲ့နေရာမှာ လုပ်တာနည်းနည်းလွန်သွားပုံပေါ်သည်။ဟယ်ရီနှင့်တွဲဖက်ပြီး အပြန်အလှန်မှော်ဂါထာစမ်းသပ်ခြင်းကို ခံရသည့် ရွန်မှာ နောက်ဆုံးအရူးအမူးကို ရယ်နေလို့ သူ့ကိုငြိမ်သက်တဲ့အခန်းတစ်ခုထဲမှာ တစ်နာရီလောက် ထားလိုက်ပြီးမှ ဟယ်ရီကသေချာဂါထာပြန်ရွတ်မှသာ အဆင်ပြေသွားသည်။ဟယ်ရီကတော့ အမှားတစ်ခုပါသွား၍ အမှတ်လျှော့ခံရမည်မှာ သေချာပြီဖြစ်၍ မျက်နှာမကောင်းပဲ အတန်းထဲကနေ ပြန်ထွက်လာသည်။

Saving Draco Malfoy (Draco x Harry)Where stories live. Discover now