First Dateနှင့် Blackရဲ့အတွေးများ

2.5K 298 63
                                        

ဒရက်ကို့ဆီကနေ ထွက်လာပြီးတဲ့နောက်မှ ဟယ်ရီဟာ ထမင်းစားခန်းမဆောင်ထဲကို ဝင်လာသည်။ရွန်နဲ့ဟာမွန်နီတို့ဘေးကို ဝင်ထိုင်လိုက်ကာ နောက်ထပ်သင်ရမဲ့ ဆေးရည်အတန်းအတွက် စာကြိုကြည့်ရန် စာအုပ်ကိုဖွင့်လိုက်သည်။

"ဟယ်ရီ...နင်မက်ဖွိုင်းကို နားချခဲ့လား?ဟက်ဂရစ်ကို ကျောင်းကနေမထုတ်ပစ်အောင်လေ..."

"အမ်?"

[နှစ်ယောက်သား ကျီဆယ်ပြီးပြန်လာတာမလို့ အဲ့အကြောင်းခေါင်းထဲကိုမရှိဘူးမလား?]

ခပ်ရွဲ့ရွဲ့ပြောလာတဲ့Drarryအား ခေါင်းတစ်ချက်ထုလိုက်ရင်း မျက်နှာချင်းဆိုင်မှာ ထိုင်နေသည့် နယ်ဗေးအနားကို ပို့လိုက်ကာ မေးခွန်းမေးလာသူ ဟာမွန်နီအား အားနာသည့်ပုံစံနှင့် ရယ်ပြရင်း

"အမ်...ငါမေ့သွားသလားလို့.."

"ဟယ်ရီ!!!ငါတို့နင်ကို အဲဒီ့ကိုသွားခိုင်းတာ ဟက်ဂရစ်ကျောင်းထုတ်ခံရမှာကို တားပေးဖို့လေ!!!ဘာသွားလုပ်ပြီး ပြန်လာရတာလဲ!??!"

[Flirtပြီးပြန်လာတာ..]

လျှာရှည်မိသူ Drarryမှာ စာအုပ်နဲ့အပေါက်ခံလိုက်ရ၍ အသည်းအသန်ရှောင်ကာ နယ်ဗေးရဲ့ပခုံးပေါ်ပြေးတက်သည်။နယ်ဗေးက Drarryကိုအသာခေါင်းသပ်ပေးရင်း

"ဟယ်ရီ...သနားစရာကောင်လေးကို အနိုင်မကျင့်ပါနဲ့ကွာ။"

ဟုပြောလာတော့ ဟယ်ရီမှာမဲ့ရွဲ့ရင်း
'အလကား..သနားစရာတစ်ခါမှမကောင်းတဲ့ အစုတ်ပလုတ်Systemကောင်...'လို့စိတ်ထဲကတွေးလိုက်သည်။

"ငါတကယ်မေ့သွားလို့ပါဟာ...Madamကမအားလို့ ငါဆေးကူလိမ်းပေးခဲ့ရလို့ တခြားစကားမပြောမိပဲ ပြန်လာတာ..."

"ဟင်း...ဟက်ဂရစ်တော့ ဒုက္ခရောက်တော့မှာပဲ..."

ရွန်ကသက်ပြင်းချရင်း ပြောတော့ ဟာမွန်နီကသဘောတူစွာ ခေါင်းညိတ်ရင်း ဟယ်ရီ့ကိုမျက်စောင်းလှမ်းထိုးသည်။ဟယ်ရီကတော့ ကိုယ့်အပြစ်ကိုယ်သိတာကြောင့် ငြိမ်ငြိမ်လေးနေနေစဥ် ဟယ်ရီတို့ နည်းတူတတိယနှစ် ဂရင်းဖင်းဒေါကျောင်းသားဖြစ်တဲ့ စီးမတ်က ဟယ်ရီ့နားကိုရောက်လာကာ ဆီးရီးယက်စ် ဘလက်ခ်က ဟော့ဂ်ဝပ်အနီးကို ရောက်လာတယ်ဆိုတဲ့သတင်းကို မှော်လောကထုတ်သတင်းစာမှာ ပါလာကြောင်းလာပြောပြသည်။

Saving Draco Malfoy (Draco x Harry)Where stories live. Discover now