Quidditch World Cup (Unicode)

2.5K 216 56
                                    

ဟယ်ရီပေါ်တာသည် အသက်ကို ခပ်ပြင်းပြင်း ရှူထုတ်ရင်း အိပ်ရာပေါ်မှာ လှဲနေသည်။ Drarry က ဆတ်ကနဲနိုးလာပြီး

[Host!! ဘာဖြစ်လို့လဲ?!]

[အမာရွတ်…အမာရွတ်က နာနေတယ်။ ဘောမို့လို့ အသေနာရလား?!]

[Host..အခုတလော နည်းနည်းရိုင်းလာတယ်နော်။ ဆင်ခြင်သင့်…]

[ပါးစပ်ပိတ်!!!]

ဟယ်ရီသည် မျက်မှန်ကိုကောက်တပ်ပြီး ကုတင်ပေါ်မှ ဆင်းလိုက်သည်။ နာရီကြည့်တော့ မနက်လေးနာရီ။ မုန့်တစ်ထုပ် ကောက်ဝါးလိုက်ပြီး စာရေးစားပွဲမှာ ထိုင်ကာ အမာရွတ်နာကြောင်းကို ဆီးရီးယက်စ် ဘလက်ခ်ဆီသို့ စာပို့ဖို့စာစရေးလိုက်သည်။ မူရင်းဇာတ်ကြောင်းအတိုင်း သူနေရတာ သိပ်မုန်းပေမဲ့ သူများကိုယ်ထဲနေနေရတော့လည်း ဘယ်တတ်နိုင်မည်လဲ။

စာလည်းရေးပြီးရော မိုးလည်းလင်းလာ၍ အဝတ်အစားဝတ်ပြီး အောက်ဆင်းလာလိုက်တော့သည်။ ပခုံးပေါ်မှာတော့ အပျင်းကောင်တစ်ကောင်ကတော့ အိပ်နေရင်း ပါလာလေရဲ့။ မူရင်းအတိုင်း အတတ်နိုင်ဆုံးနေပေမဲ့ သူရဲ့မျက်နှာကိုက တည်တံ့နေတာများ၍ မူလပိုင်ရှင်လိုမျိုး သူ့ကို အရမ်းကြီး မခိုင်းရဲကြတော့ပေမဲ့ သူကတော့ လုပ်စရာရှိတာတော့ လိုက်လုပ်ပေးနေဆဲပင်။ အကျင့်ဖြစ်သွားသည်ဟု ဆိုရပေမည်။ မနက်စာအတွက် ပန်းကန်တွေခင်းပေးတော့ ဒတ်ဒလီက ဆတ်ကနဲမော့ကြည့်လာပြီး

“သူ…သူလုပ်ပေးတာ စားချင်တယ်။ သူ့လက်ရာက အမေ့ထက်ကောင်းတယ်!!!”

“ချစ်လေးရယ်…သားဝိတ်လျှော့ရမယ်လေ။”

အမေဖြစ်သူရဲ့စကားကြောင့် ဒတ်ဒလီက မျက်နှာစူသွားပြီး မနက်စာအဖြစ်စားရမည့် ကျွဲကောသီးကို စူးစိုက်ကြည့်နေသည်။ ဟယ်ရီကတော့ အမာရွတ်နာထား၍ စိတ်မကြည်တာကြောင့် သူ့အဖို့ပါပေးထားသည့် ကျွဲကောစိတ်ကို ဒတ်ဒလီဆီ တွန်းပေးလိုက်သည်။

“စားလိုက်ပါ။ ဗိုက်မဆာလို့ အပေါ်ပြန်တက်ပါတော့မယ်။”

မျက်နှာတည်တည်နှင့် အေးဆေးစွာပြောလိုက်၍ ဆူငေါက်နေကြဖြစ်သည့် ဗာနွံ့ ဒါစလီတောင် ဘာမှမပြောနိုင်တော့ပဲ ဟယ်ရီထသွားတာကို ကြောင်ကြည့်ပြီး ကျန်ခဲ့တော့သည်။ အခန်းထဲလည်းရောက်ရော ဟယ်ရီမှာ ဟန်တောင်မဆောင်နိုင်တော့ပဲ မုန့်တွေဖွက်ထားသည့် ကြမ်းခင်းအပေါက်ကိုဆွဲဖွင့်ကာ မုန့်တွေထုတ်ပြီး စားတော့သည်။ ဒတ်ဒလီ ဝိတ်လျော့ရတာနဲ့ တစ်အိမ်သားလုံးပါ လိုက်လျော့နေရသည်က ခံပြင်းစရာ။ ဒါပေမဲ့ မုန့်ကြိုစုထားတာရယ်၊ သိသမျှလူကို အကူအညီပတ်တောင်းထား၍ သူ့ဆီမှာ မုန့်တွေတောင်လိုပုံနေသည်။ ဟာမွန်နီဆီက သကြားမပါသည့် မုန့်ဘူးမှ ကွက်ကီးတစ်ခုကိုထုတ်ကာ အပျင်းကောင်ကို ကျွေးတော့ ချက်ချင်းကောက်ဝါးပြီးမှ

Saving Draco Malfoy (Draco x Harry)Where stories live. Discover now