စလေးသရင်းရဲ့အမွေဆက်ခံသူအဖြစ်အစွပ်အစွဲခံရခြင်း

3K 393 40
                                    

ဟော့ဝပ်ကျောင်းတော်ကြီး၏ဘေးဘက်ရှိအနက်ရောင်ရေကန်ကြီး၏အောက်တွင်
စလေးသရင်းနားနေခန်းတည်ရှိလေသည်။စလေးသရင်းစုပေါင်းနားနေခန်းသည် အမိုးနိမ့်နိမ့်နှင့်မြေအောက်ခန်းပုံစံဖြစ်ပြီးရေကန်အောက်ခြေမှာတည်ရှိ၍တစ်ခန်းလုံးကအေးစိမ့်နေလေသည်။အခန်း၏နေရာအနှံအပြားကိုမီးအိမ်တွေထွန်းညှိထားကာ ထိုင်ခုံတွေစားပွဲတွေနှင့်သပ်ရပ်စွာဖွဲ့စည်းထားကာစလေးသရင်းရဲ့အထိမ်းအမှတ်ဖြစ်သောအစိမ်းရင့်ရောင်၊ငွေမှင်ရောင်တို့နှင့်အလှဆင်ထား၍အလွန်အထက်အတန်းကျသည်ဟုဆိုရပေမည်။စုပေါင်းနားနေခန်း၏ပြတင်းမှနေ၍ရေကန်အောက်ခြေရှိ ရေမှော်များ
ရေသတ္တဝါများကိုပင်မြင်တွေ့နိုင်လေသည်။

ကျောင်းသားများအိပ်ဆောင်ကတော့ စုပေါင်းနားနေခန်းရဲ့အထက်တွင်ရှိပြီး အနက်ရောင်ရေကန်၏ရေမျက်နှာပြင်အထက်မှာရှိနေလေသည်။ဒရက်ကိုတစ်ယောက်
ယနေ့မှထူးခြားပြီးစောစီးစွာနိုးနေကာခုတင်ပေါ်ကနေဆင်းကာရေချိုးခန်းထဲကိုသွားဟန်ပြင်တော့ ကျန်အခန်းဖော်လေးဦးထဲမှသီအိုဒေါတစ်ဦးသာ နိုးနေကာစာကြည့်စားပွဲမှာ
ထိုင်ကာစာထိုင်ကြည့်နေလေသည်။သီအိုဒေါရဲ့လက်ထဲတွင် ဟယ်ရီအမြဲစားနေကြ
ဖြစ်သော ဘီဘီအရသာစုံပဲများဘူးကို ကိုင်ထားသည်ကိုတွေ့၍ဒရက်ကိုမှာဟယ်ရီ့
ကိုပင်သတိရသွားသည်။"ဟယ်ရီ့ကိုတောင်သတိရသွားပြီ…သူစားနေကျမုန့်ကိုမြင်
တော့…နေပါဦး…သီအိုဒေါက ဒီလိုဟာမျိုးတွေစားလေ့မရှိပါဘူး…အခုက…"ဒရက်ကို့
အတွေးကားသီအိုဒေါကြောင့်ပြတ်တောက်သွားလေသည်။

"Morning…မက်ဖွိုင်း…အစောကြီးပါလား?"

"Morning နော့ဒ်…စာကြည့်နေတာလား?ဒါနဲ့မင်းဒါမျိုးတွေစားတတ်မှန်းငါမသိပါလား?ဒီလိုမုန့်မျိုး
ကိုငါတို့လိုမျိုးရိုးမြင့်တွေက သိပ်မစားဘူးလေ…"

သီအိုဒေါကမျက်ခုံးတစ်ဖက်ပင့်ပြကာသူ့လက်ထဲကမုန့်ကိုပြန်ကြည့်ရင်းပြန်ဖြေသည်။

"ငါမစားပါဘူး…ဒါမဲ့ သူငယ်ချင်းတစ်ယောက်ကပေးလို့စားကြည့်တာ…မဆိုးပါဘူး…
စားကောင်းသားပဲ…မင်းလည်းစမ်းစားကြည့်သင့်တယ်…လုံးဝမစားဖူးပဲနဲ့တော့ မကောင်းဘူးလို့မပြောသင့်ဘူး…မက်ဖွိုင်း…မျိုးရိုးနိမ့်တွေစားလို့ ငါတို့မစားဘူးလို့ သတ်မှတ်ထားခွင့်မရှိဘူး…"

Saving Draco Malfoy (Draco x Harry)Where stories live. Discover now