ဟယ်ရီတစ်ယောက် စကားပြောသံတွေကြောင့် နိုးလာသည်။မျက်လုံးကို အားယူပြီးဖွင့်ကြည့်လိုက်တော့ သူ့ကိုဝိုင်းအုံပြီးကြည့်နေကြသည့် ဂရင်းဖင်းဒေါကွစ်ဒစ်ချ်ကစားသမားတွေနှင့် ရွန်နဲ့ဟာမွန်နီတို့အပြင် ဒေမီယန်နှင့်ဂရင်းလည်းပါသည်။
ဘာတွေဖြစ်သွားတာလဲဆိုတာကို ဟယ်ရီပြန်တွေးကြည့်လိုက်တော့ ဒီနေ့က သူတို့ဂရင်းဖင်းဒေါနဲ့ ဟာ့ဖတ်အသင်းတို့ရဲ့ ကွစ်ဒစ်ချ်ပြိုင်ပွဲနေ့။ပြီးတော့ မိုးတွေသည်းသည်းမည်းမည်းရွာနေတဲ့အချိန်မှာ ဟယ်ရီက မိုးရေကြားထဲမှာ တံမြက်စည်းပျံစီးရင်း ရွှေဘောလုံးပျံကို ရှာနေသည်။ထို့နောက် ဟယ်ရီ့အနားကို ဝိညာဥ်စုပ်ကောင်အုပ်စုရောက်လာပြီး ဟယ်ရီ့ကိုတိုက်ခိုက်လိုက်ကြသည်။
ရုတ်တရက် ဟယ်ရီ့ခေါင်းထဲမှာ အဖြူရောင်နှင်းတွေဝေနေသလို ခံစားလိုက်ရပြီး တစ်ကိုယ်လုံးအေးစက်သွားသည်။အအေးဓာတ်က ဟယ်ရီ့အတွင်းကလီစာတွေအထိ ရောက်သွားသလို ခံစားလိုက်စဥ် ရုတ်တရက် အသံတွေစတင်ကြားရတော့သည်။
"Oni-san!!Yukiနာတယ်!!Yukiမသေချင်သေးဘူး!!!"
ဒါကညီမငယ်လေးဖြစ်သူရဲ့အသံ။သူ့လက်ပေါ်မှာ သွေးသံရဲရဲနဲ့လဲလျောင်းနေသည့် သူ့ညီမလေး။သူ့ကို မသေချင်သေးကြောင်း တဖွဖွပြောနေသည်။
ထို့နောက် ညီမလေးရဲ့အသံမဟုတ်ပဲ မိန်းမတစ်ယောက်ရဲ့ အော်သံကိုကြားရပြန်သည်။
"မလုပ်ပါနဲ့!!!ဟယ်ရီ့ကို မထိပါနဲ့!!မထိပါနဲ့!!အဲ့အစား ကျွန်မကိုသာ သတ်လိုက်ပါ!!!"
"အသုံးမကျတဲ့ မိန်းမ!!!ဖယ်စမ်း!!!"
"မလုပ်ပါနဲ့!!!ကျေးဇူးပြုပြီး ဟယ်ရီ့ကို မသတ်ပါနဲ့!!!"
သူနှစ်ယောက်လုံးကို ကယ်တင်ပေးချင်သည်။သူ့ညီမလေးနဲ့ မူရင်းဟယ်ရီပေါ်တာ၏ အမေဖြစ်သူကိုရောပင်။သို့ပေမဲ့ သူကယ်တင်ပေးလို့ မလုပ်ရသေးခင်မှာ သူဟာအေးစက်နေသည့် မိုးရေတွေကြားပြုတ်ကျသွားသည်ကို ခံစားလိုက်ရသည်။
ထို့နောက်တော့ သူအခုလို တစ်ကိုယ်လုံး ရိုက်ခံထားရသလို နာကျင်ပြီး နိုးလာရခြင်းပင်။
YOU ARE READING
Saving Draco Malfoy (Draco x Harry)
Fanfictionနက်ရောင်ကျော်စွာတစ်ယောက်ဟယ်ရီပေါ်တာဘဝရောက်ကာဒရေဂိုမလ်ဖွိုက်းအားဗီလိန်ဘဝမှကယ်တင်ပြီးဗိုဒီမော့ဘက်တော်သားမဖြစ်အောင်ပြောင်းလဲပေးရန်systemတစ်ခုမှတာဝန်ပေးအပ်ခြင်းခံရသောအခါမူလဟယ်ရီနှင့်မတူခြားနားသောဟယ်ရီပုံစံဖြင့်ကြိုတင်သိရှိနေသောဘေးအန္တရာယ်များကိုဘယ်လိုရှော...