ခင်္သြေ့နှင့်မြွေရင်းနှီးမှု စတင်ခြင်း

5.8K 601 38
                                        

ဟယ်ရီ ညကအိပ်မပျော်သော်လည်း မနက်ကျအစောကြီးနိုးနေ၍ စာတွေပြန်နွှေးနေလိုက်သည်။ဒါမှ Professor စနိပ်စာမေးရင် ရမှာကိုး။
ညကအိမ်မက်မြင်ကွင်းတွေက ဟယ်ရီ့ကိုလန့်စေတယ်။ ခေါင်းသာခါရင်း စာပဲပြန်နွှေးနေလိုက်သည်။ ရွန့်ကိုစောင့်ရင်းသာ နေလိုက်တာ မနက်စာနောက်ကျသည့်အပြင် Professor မက်ဂေါ်နာဂေါ အတန်းကိုပါပြေးရ
သည့်ဘဝ ရောက်သွားသည်။မူလဇာတ်လမ်းကဲ့သို့ပင်ဖြစ်သည်။

''ရွန်ဝယ်စလီ!!!!တစ်ခါမှအတန်းနောက်မကျ ဘူးတာ !!!ဒင်းကြောင့်ပြေးရတဲ့ဘဝ
ရောက်ပြီ!!!!"ဟယ်ရီ ရွန့်ကိုဂုတ်ကနေဆွဲလာ ရင်းကော်ရစ်ဒါတစ်လျှောက်ပြေးလာ
သည်။တွေးသမျှသိနေသောDrarryက ဟယ်ရီ့ကိုစသည်။

[အတွေ့အကြုံအသစ်ပေါ့ Hostရဲ့]

[ပါးစပ်ပိတ်ထားနော်]

တစ်ဖက်တွင်လည်း ဒရက်ကိုတစ်ယောက် ဟယ်ရီရောက်မလာသေး၍ အတန်းပြင်ထွက်ကာ စောင့်နေရာမှ စိတ်မရှည်လာကာ ဂရင်းဖင်းဒေါဘက်ထိ
ရောက်လာသည်။ လမ်းထောင့်တစ်ခုမှ စိတ်ဆိုးမာန်ဆိုးနှင့် ရွန့်ကိုဂုတ်က ဆွဲလာသော ဟယ်ရီနှင့်တန်းတိုးသည်။

''ဒရက်ကို!!!ဘယ်လိုလုပ် ဒီရောက်လာတာလဲ?"

"ဘာလုပ်လုပ်ပေါ့ မင်းနဲ့မဆိုင်ဘူး ပေါ်တာ။''

စလေးသရင်းနှင့်ဂရင်းဖင်းဒေါ ကွာခြားမှုကြောင့် ဟယ်ရီ့ကိုစိမ်းကားရမည်ဟူသော
အတွေးနှင့် ဒရက်ကို ခပ်ရွဲ့ရွဲ့ပြန်ပြောတော့ ဟယ်ရီ့မျက်နှာ ပျက်သွားကာ ရွန့်ကို လွှတ်လိုက်သည်။

''ရွန် အရင်သွားနှင့်ချေ။ ငါလိုက်လာမယ်။''

''ဒါပေမဲ့ ဟယ်ရီ!!!အဆင်ပြေပါ့မလား?"

"ပြေတယ်။ သွားတော့!"

ရွန် ထွက်သွားသည့်နောက်ကို လိုက်ရန်ပြင်နေသော ဒရက်ကိုအား ဟယ်ရီဆောင့်ဆွဲလိုက်သည်။

ရွန် ထွက်သွားသည့်နောက်ကို လိုက်ရန်ပြင်နေသော ဒရက်ကိုအား ဟယ်ရီဆောင့်ဆွဲလိုက်သည်။

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.
Saving Draco Malfoy (Draco x Harry)Where stories live. Discover now