ဒရက်ကိုတစ်ယောက် မက်ဖွိုင်းစံအိမ်တော်ကြီးတွင်နွေရာသီသုံးလဖြတ်သန်းရာတွင်
ဟယ်ရီ့အားလွမ်းဆွတ်မှုတွေအတိနှင့်ပင်ဖြစ်သည်။"ငါသာသတိရနေတာ။ဟယ်ရီကရောငါ့သတိရပါ့မလား?ဟွန့်…ဟိုဒစ်ဂီုရီအကောင်နဲ့ ကော်ဘရာ အကောင်ကိုပဲ သတိရနေမလားမသိဘူး။နေပါဦး…အခုငါ သဝန်တိုနေတာလား?သဝန်တိုရအောင်
ဟယ်ရီနဲ့ငါက သူငယ်ချင်းတွေပဲဟာကို…ကျစ်…ရင်တွေခုန်လာပြန်ပြီ…"တဒုတ်ဒုတ်ခုန်
နေသောရင်ကိုဖိရင်းမာမီ့ဆီက နှလုံးငြိမ်ဆေးတောင်းရန်အခန်းထဲကထွက်လာတော့
သည်။အခန်းပြင်မှာမာမီနှင့်တိုးတော့ ဆေးတောင်းရန်အပြင်မာမီကပြောလာသည်။"သားလေး…ဧည့်သည်ရောက်နေတယ်။လာ…မာမီနဲ့ဧည့်ခန်းထဲသွားရအောင်။"
"ဟုတ်ကဲ့…မာမီ။"
ဒရက်ကိုဧည့်ခန်းထဲဝင်လာတော့မြင်လိုက်ရသည်ကား နီရဲနေသော ပတ္တမြားမျက်ဝန်း
တွေ၊နှာတံပေါ်ပေါ်၊နှာခေါင်းချွန်ချွန်၊အပြစ်ကင်းစင်ကာဖွေးဥနေပြီးသွေးကြောစိမ်းလေးများပင်ဖြာနေသော မျက်နှာနှင့်ရဲတွတ်နေသောနှုတ်ခမ်းနှင့်တကွသွယ်လျသောမေးရိုး
ပိုင်ရှင်ဖြစ်သော စလေးသရင်းရဲ့သူရဲကောင်းဒေမီယန် ကော်ဘရာ။ဒေမီယန်က Sofaပေါ်မှာကျက်သရေရှိရှိထိုင်နေသည်။နတ်သားကဲ့သို့ချောမောလှသောဒေမီယန်
ကြောင့် ဒရက်ကိုမှာမနာလိူစိတ်တွေတဖွားဖွားပင်ဖြစ်ပေါ်လာရသည်။"ဒင်းကဘာလို့
ရောက်လာတာလဲ?ချောလိုက်တာလည်းလွန်ရော…မြင်ရတာ ကျက်သရေမရှိလိုက်တာ။"ဒရက်ကိုစိတ်ထဲကသာတွေးရင်း ဒယ်ဒီ့နားဝင်ထိုင်လိုက်
သည်။ဒယ်ဒီကတော့ ဒရက်ကို့ကို Mr.ကော်ဘရာနှင့်မိတ်ဆက်ပေးသည်။"ကဲ…Mr.ကော်ဘရာ…ဒါက ကျုပ်သားလေး ဒရက်ကို လူးစီးရပ် မက်ဖွိုင်း။သား…ဒါက ဒယ်ဒီ့မိတ်ဆွေ Mr.ဒန်နီရယ် လူးကပ်စ် ကော်ဘရာ။"
Mr.ကော်ဘရာသည် ဒေမီယန်ရဲ့ဖခင်ပီပီချောမောလှသည်။အညိုရောင်ဆံနွယ်ရှည်
ရှည်တွေနှင့်ပတ္တမြားရောင်မျက်ဝန်းတွေကိုပိုင်ဆိုင်ထားသည်။Mr.ကော်ဘရာသည်
ဒရက်ကို့အားပြုံးပြကာနှုတ်ဆက်သည်။"တွေ့ရတာဝမ်းသာပါတယ် Mr.ဂျူ နီယာ မက်ဖွိုင်းလေး။အဖေတူသားလေးပဲ။ဒါက
တော့ ဦးရဲ့ဇနီး Mrs.ဟယ်လင်နာ ဆိုဖီ ကော်ဘရာနဲ့သားလေး ဒေမီယန် နေသန် ကော်ဘရာ။သားတို့နှစ်ယောက်လုံးက ဟော့ဝပ်မှာတက်တာမလား?
စလေးသရင်းအဆောင်ချင်းလည်းတူတယ်မလား?"
YOU ARE READING
Saving Draco Malfoy (Draco x Harry)
Fanfictionနက်ရောင်ကျော်စွာတစ်ယောက်ဟယ်ရီပေါ်တာဘဝရောက်ကာဒရေဂိုမလ်ဖွိုက်းအားဗီလိန်ဘဝမှကယ်တင်ပြီးဗိုဒီမော့ဘက်တော်သားမဖြစ်အောင်ပြောင်းလဲပေးရန်systemတစ်ခုမှတာဝန်ပေးအပ်ခြင်းခံရသောအခါမူလဟယ်ရီနှင့်မတူခြားနားသောဟယ်ရီပုံစံဖြင့်ကြိုတင်သိရှိနေသောဘေးအန္တရာယ်များကိုဘယ်လိုရှော...