မှော်ကျောက်တုံးနှင့် first and second kiss

2.2K 300 31
                                    

''ဟယ်ရီပေါ်တာ…နောက်ဆုံးတော့တွေ့ရပြီပေါ့''

ဗိုဒီမော့သည်အသံရှရှနှင့်ဟယ်ရီ့ကိုပြောလာသည်။

''ဟုတ်ကဲ့…မတွေ့ရတာကြာပြီနော် ဗိုဒီမော့…ခင်ဗျားလိုချင်တာကိုကျွန်
တော်သိတယ်။''

''သိပ်ကိုဉာဏ်ကောင်းတဲ့ ကောင်လေးပဲ။ငါအခုအားနည်းနေတယ်……
ဟယ်ရီ…သူများခန္ဓာမှာကပ်ပါးဘဝနဲ့နေနေရတယ်။မြင်းသွေးကိုသောက်ခဲ့ပေမဲ့အဲဒါက ငါ့ကို ကိုယ်ပိုင်ခန္ဓာမပေးနိုင်ဘူး။ငါလိုတဲ့တစ်ခုတည်း
သောအရာက မင်းဘောင်းဘီအိတ်ထဲမှာရှိနေတယ်။ဟယ်ရီ……ငါနဲ့ပူး
ပေါင်းပါ။''

''ဆုတောင်းလေ!!!ဘယ်တော့မှ မပေါင်းဘူး!!!!!"

ဟယ်ရီကစူးစူရှရှပြန်အော်တော့ဗိုဒီမော့ကရယ်လာသည်။

''Oh…သတ္တိကတော့ မင်းအမေလိုပါပဲ။ပြောစမ်း…ဟယ်ရီ…မင်းမိဘ
တွေကိုပြန်မတွေ့ချင်ဘူးလား?သူတို့ကိုပြန်ရှင်လာအောင်ငါလုပ်ပေးနိုင်တယ်။ငါ့ကိုကျောက်တုံးသာပေးပါ ဟယ်ရီရယ်။ငါတိုနှစ်ယောက်ပေါင်း
ပြီးထူးခြားတဲ့အရာတွေကိုဖန်တီးရအောင်။''

သြရစ်မှန်မှာ ဟယ်ရီ့မိဘနှစ်ပါးပုံပေါ်လာသည်။မူလဟယ်ရီကတော့
သိပေမဲ့အခုဟယ်ရီကထိုသူတွေကိုတစ်ခါမှမမြင်ဖူး၍ထွေထွေထူးထူးမခံစားရချေ။

''အားနာစရာပဲ…တွေ့ချင်ပေမဲ့ကျွန်တော်သေပြီးကောင်းကင်ဘုံရောက်မှ
အေးအေးဆေးဆေးတွေ့ချင်တာ။ဒီလိုနည်းလမ်းနဲ့တော့ မဟုတ်ဘူး။''

''မင်းဆန္ဒအတိုင်းပေါ့။သူ့ကိုသတ်လိုက်!!!!"

ဗိုဒီမော့ရဲ့အမိန့်အဆုံးမှာတော့ကွိုင်ရယ်ကလေပေါ်ပျံလာကာဟယ်ရီ့ဆီ
လက်ဆန့်တန်းလာသည်။ဟယ်ရီလည်းDrarryဆီကမှော်ကြိမ်လုံးကို
တောင်းလိုက်ရင်ူအသင့်ပြင်လိုက်စဉ်နောက်ကမီးတောက်တွေကိုတစ်စုံ
တစ်ဦးကဂါထာနှင့်ငြိမ်းလိုက်သည်။

''Aguamenti!!!!" (မီးငြိမ်းဂါထာ)

ဟယ်ရီလှည့်ကြည့်လိုက်တော့ ဒရက်ကိုပင်။ဒရက်ကိုသည်တစ်လက်စ
တည်းကွိုင်ရယ်ကိုပါမှော်ကြိမ်လုံးနှင့်ချိန်လိုက်ကာဂါထာရွတ်လိုက်သည်။

Saving Draco Malfoy (Draco x Harry)Where stories live. Discover now