''ဟယ်ရီပေါ်တာ...နောက်ဆုံးတော့တွေ့ရပြီပေါ့''
ဗိုဒီမော့သည်အသံရှရှနှင့်ဟယ်ရီ့ကိုပြောလာသည်။
''ဟုတ်ကဲ့...မတွေ့ရတာကြာပြီနော် ဗိုဒီမော့...ခင်ဗျားလိုချင်တာကိုကျွန်
တော်သိတယ်။''''သိပ်ကိုဉာဏ်ကောင်းတဲ့ ကောင်လေးပဲ။ငါအခုအားနည်းနေတယ်......
ဟယ်ရီ...သူများခန္ဓာမှာကပ်ပါးဘဝနဲ့နေနေရတယ်။မြင်းသွေးကိုသောက်ခဲ့ပေမဲ့အဲဒါက ငါ့ကို ကိုယ်ပိုင်ခန္ဓာမပေးနိုင်ဘူး။ငါလိုတဲ့တစ်ခုတည်း
သောအရာက မင်းဘောင်းဘီအိတ်ထဲမှာရှိနေတယ်။ဟယ်ရီ......ငါနဲ့ပူး
ပေါင်းပါ။''''ဆုတောင်းလေ!!!ဘယ်တော့မှ မပေါင်းဘူး!!!!!"
ဟယ်ရီကစူးစူရှရှပြန်အော်တော့ဗိုဒီမော့ကရယ်လာသည်။
''Oh...သတ္တိကတော့ မင်းအမေလိုပါပဲ။ပြောစမ်း...ဟယ်ရီ...မင်းမိဘ
တွေကိုပြန်မတွေ့ချင်ဘူးလား?သူတို့ကိုပြန်ရှင်လာအောင်ငါလုပ်ပေးနိုင်တယ်။ငါ့ကိုကျောက်တုံးသာပေးပါ ဟယ်ရီရယ်။ငါတိုနှစ်ယောက်ပေါင်း
ပြီးထူးခြားတဲ့အရာတွေကိုဖန်တီးရအောင်။''သြရစ်မှန်မှာ ဟယ်ရီ့မိဘနှစ်ပါးပုံပေါ်လာသည်။မူလဟယ်ရီကတော့
သိပေမဲ့အခုဟယ်ရီကထိုသူတွေကိုတစ်ခါမှမမြင်ဖူး၍ထွေထွေထူးထူးမခံစားရချေ။''အားနာစရာပဲ...တွေ့ချင်ပေမဲ့ကျွန်တော်သေပြီးကောင်းကင်ဘုံရောက်မှ
အေးအေးဆေးဆေးတွေ့ချင်တာ။ဒီလိုနည်းလမ်းနဲ့တော့ မဟုတ်ဘူး။''''မင်းဆန္ဒအတိုင်းပေါ့။သူ့ကိုသတ်လိုက်!!!!"
ဗိုဒီမော့ရဲ့အမိန့်အဆုံးမှာတော့ကွိုင်ရယ်ကလေပေါ်ပျံလာကာဟယ်ရီ့ဆီ
လက်ဆန့်တန်းလာသည်။ဟယ်ရီလည်းDrarryဆီကမှော်ကြိမ်လုံးကို
တောင်းလိုက်ရင်းအသင့်ပြင်လိုက်စဉ်နောက်ကမီးတောက်တွေကိုတစ်စုံ
တစ်ဦးကဂါထာနှင့်ငြိမ်းလိုက်သည်။''Aguamenti!!!!" (မီးငြိမ်းဂါထာ)
ဟယ်ရီလှည့်ကြည့်လိုက်တော့ ဒရက်ကိုပင်။ဒရက်ကိုသည်တစ်လက်စ
တည်းကွိုင်ရယ်ကိုပါမှော်ကြိမ်လုံးနှင့်ချိန်လိုက်ကာဂါထာရွတ်လိုက်သည်။
YOU ARE READING
Saving Draco Malfoy (Draco x Harry)
Fanfictionနက်ရောင်ကျော်စွာတစ်ယောက်ဟယ်ရီပေါ်တာဘဝရောက်ကာဒရေဂိုမလ်ဖွိုက်းအားဗီလိန်ဘဝမှကယ်တင်ပြီးဗိုဒီမော့ဘက်တော်သားမဖြစ်အောင်ပြောင်းလဲပေးရန်systemတစ်ခုမှတာဝန်ပေးအပ်ခြင်းခံရသောအခါမူလဟယ်ရီနှင့်မတူခြားနားသောဟယ်ရီပုံစံဖြင့်ကြိုတင်သိရှိနေသောဘေးအန္တရာယ်များကိုဘယ်လိုရှော...