Augustလကုန်လို့September 1 ရက်နေ့သို့ရောက်ရှိလာချေ ပြီ။ဟယ်ရီပေါ်တာ
တစ်ယောက်King Cross ဘူတာသို့ရောက်လာလေသည်။ကိုယ့်ပစ္စည်းတွေကို
ကိုယ်သယ်ရင်း ဝယ်စလီမိသားစုကို စောင့်နေသည်။ဝယ်စလီမိသားစုရောက်လာ
တော့ဟယ်ရီလည်းခပ်တည်တည်နှင့်ရွန်ဝယ်စလီနားသွားရပ်နေသည်။
မစ္စစ်ဝယ်စလီက ဟယ်ရီ့ကိုတွေ့တော့ချိုသာစွာမေးလာသည်။''Hello အချစ်လေး…ဘာကူညီရမလဲ?"
"ဟိုလေ…ဟော့ဂ်ဝပ်ရထားဆီကို သွားရမဲ့နည်းကိုပြောပြပါလား?"
ဟယ်ရီအတတ်နိုင်ဆုံးကာ ချိုသာစွာမေးလိုက်တော့ မစ္စစ်ဝယ်စလီကရွန့်ကိုသူမ
နားဆွဲခေါ်ရင်း ပြောလာသည်။''Oh!!သားလေးရော ပထမနှစ်ပဲလား?ရွန်လေးရောပဲလေ။''
ဟယ်ရီရွန့်ကိုသေချာကြည့်လိုက်သည်။''အရပ်ရှည်ရှည် မှဲ့ခြောက်တွေလည်းရှိ
တယ်။ခြေတံလက်တံလည်းရှည်တယ်။ငါက ဒီဘဝမှာဂျပုထင်တယ်။Hiပါ ငါ့ရဲ့
အနာဂတ်သူငယ်ချင်းကောင်းလေး!!မင်းကိုတွေ့ရတာ ဝမ်းသာတယ်။''ဟုတွေးနေ
သည်။ရွန်ကတော့စူးစိုက်ကြည့်နေသော ဟယ်ရီကြောင့်ရှက်သွားသည်ထင်ရသည်
မျက်နှာက ဆံပင်နီးနီးရဲလာသည်။[Host!!ကလေးကိုစိုက်မကြည့်နေနဲ့!!ကလေးရှက်နေပြီ။]
Drarryလှမ်းပြောမှဟယ်ရီလည်း ရွန့်ကိုစိုက်ကြည့်ရင်းတွေးနေတာကို ရပ်လိုက်
သည်။မစ္စစ်ဝယ်စလီက ဟယ်ရီ့ကို စင်္ကြကိုဖြတ်လျှောက်သွားဖို့ပြောတော့ ဟယ်ရီ
လည်းဘေးက ရွန့်ကိုတစ်ချက်ပြုံးပြပြီးနှုတ်ဆက်လိုက်သည်။''ကျေးဇူးပါ မစ္စစ်!!ဟော့ဂ်ဝပ်မှာတွေ့မယ် ရွန်!!!"
စင်္ကြကိုဖြတ်လျှောက်လာပြီးချိန်မှာ Drarryကပြောလာသည်။
[မူရင်းဇာတ်လမ်းနဲ့လွဲနေ……]
[တိတ်!!!ဒရက်ကို ကိုကယ်ရင်ဇာတ်ကြောင်းပြောင်းပြီလေ!!ဒါကမူရင်းဇာတ်
ကြောင်းနဲ့ကွဲထွက်နေတယ် ဆိုရင်လည်း ဒီတိုင်းပဲထားလိုက်ပါလား?ငါ့ကိုလာပြင်
ခိုင်းနေသေးတယ်!!!ငါက ဇာတ်လမ်းအတိုင်းမလုပ်ဘူးနော်!!ဒါနဲ့OCC တော့မဖြစ်
ပါဘူးနော်!!ပြီးတော့ဇာတ်လမ်းပြောင်းသွားရင် J.K.Rowling ရဲ့ဇာတ်လမ်းပါ
ပြောင်းသွားမှာလား?]
YOU ARE READING
Saving Draco Malfoy (Draco x Harry)
Fanfictionနက်ရောင်ကျော်စွာတစ်ယောက်ဟယ်ရီပေါ်တာဘဝရောက်ကာဒရေဂိုမလ်ဖွိုက်းအားဗီလိန်ဘဝမှကယ်တင်ပြီးဗိုဒီမော့ဘက်တော်သားမဖြစ်အောင်ပြောင်းလဲပေးရန်systemတစ်ခုမှတာဝန်ပေးအပ်ခြင်းခံရသောအခါမူလဟယ်ရီနှင့်မတူခြားနားသောဟယ်ရီပုံစံဖြင့်ကြိုတင်သိရှိနေသောဘေးအန္တရာယ်များကိုဘယ်လိုရှော...