ဟယ်ရီတစ်ယောက် Professor ဖလစ်ဝဒ်အတန်းကိုလျှောက်လာသည်။ဒေါသ
တွေလည်းထွက်လာသည်။Finalအတွက်လေ့ကျင့်ရေးဆင်းနေရတာ မနေ့ကအထိ
ပင်ဖြစ်သည်။ကျောင်းတက်တာလဲ တစ်လပြည့်လာပြီ။ဒီအတောအတွင်း fan boy
တွေများလာသောကြောင့် ဟယ်ရီမသင်္ကာဖြစ်လာ၍Drarryကိုစကားရောရင်းမေး
မှ ဆေးမှားကြောင်းသိလိုက်ရသည်။ဟယ်ရီတစ်ညလုံးလည်း Drarryကိုဆူလာ
သည်။မနက်လည်း မပြီးနိုင်ဆူတုန်း။ဆူလာရင်းကိုယ့်ကိုနှုတ်ဆက်တဲ့ကျောင်းသား
တွေကိုလည်းပြုံးပြရသေးသည်။[မင်းကြောင့်!!!အခုကောင်လေးတွေကြားမှာပါ popular ဖြစ်နေပြီ]
[အတွေ့အကြုံအသစ်ပေါ့ Host ရဲ့]
[တိတ်စမ်း!!!မင်းကိုသတ်ချင်နေတာ!!!မမြင်ရလို့သာ...မြင်ရရင် မင်းမလွယ်ဘူး]
[Hostကလည်း နားပူလာပြီ။သွားတော့မယ်။]
Drarryကလိုင်းပေါ်ကဆင်းသွား၍ဟယ်ရီလည်းအတန်းထဲဝင်လာတော့သည်။
ဒရက်ကိုနဲ့လည်းProfessorစနိပ်အတန်းမှာပဲတွေ့ရ၍စကားမပြောဖြစ်။ဟယ်ရီ
လည်းဒရက်ကို သူ့အပေါ်ပြုမူနေတာတွေက ဆေးကြောင့်သာမှတ်လိုက်သည်။
သို့သော် ဟယ်ရီမသိလိုက်သည်က ဒရက်ကို့အပေါ်ထိုဆေးတွေက မသက်ရောက်
တာကိုပင်။Professor ဖလစ်ဝဒ်သည် ဟယ်ရီတို့အားဂါထာအသစ်ကို သင်ကြား
ပေးနေသည်။''ကဲ...မှော်ပညာထဲ...ပထမအခြေခံအဆင့်ထဲ ပါဝင်တဲ့ဝဲပျံခြင်းက ကလေးတို့လက်
ကောက်ဝတ်ကိုနွဲ့နွဲ့လေးလှုပ်ရှားရမယ်။ပျော့ပျောင်းစွာေရွေ့လျားခြင်း။ဒီဂါထာလေး
နဲ့စရအောင်...Wingardium Leviosa!!ပီပီလေးဆိုကြမယ်။''ဟယ်ရီက ပထမအကြိမ်နဲ့ပင်ရှေ့ကငှက်မွေးကိုလေထဲပျံဝဲစေနိုင်ခဲ့သည်။ရွန်နဲ့
ဟာမွန်နီက လီဗီအိုးစာနှင့်လီဗီအိုစားနှင့်ပတ်သက်ပြီး စကားများနေကြသည်။ဟယ်ရီကတော့ ဘေးကထိုင်ကြည့်နေတာတောင် ကောင်းကောင်းမနေရ။ဟယ်ရီ့
ဘေးကစီးမတ်က ဟယ်ရီရွတ်တာရ၍အားကျမခံလိုက်ရွတ်တာ အသံအနေအထား
မှားသွား၍ငှက်မွေးကမီးထတောက်၍ဟယ်ရီ့မျက်နှာပါတစ်ခြမ်းမဲသွားရသည်။
အတန်းပြီးတော့ ဟယ်ရီတို့ထွက်လာကြတာရွန်ကဟာမွန်နီအကြောင်းအတင်းပြော
နေတာ ဟာမွန်နီကကြားသွားပြီး ငိုကာပြေးထွက်သွားသည်။ဟယ်ရီတို့လည်းအ
နောက်ကလိုက်ဖို့အပြင် စစ်ဒရစ်ရောက်လာ၍ရွန်တို့ကအရင်ထွက်သွားသည်။
စစ်ဒရစ်က မျက်နှာတစ်ခြမ်းမဲနေသောဟယ်ရီ့ကိုကြည့်ကာမေးလာသည်။
YOU ARE READING
Saving Draco Malfoy (Draco x Harry)
Fanfictionနက်ရောင်ကျော်စွာတစ်ယောက်ဟယ်ရီပေါ်တာဘဝရောက်ကာဒရေဂိုမလ်ဖွိုက်းအားဗီလိန်ဘဝမှကယ်တင်ပြီးဗိုဒီမော့ဘက်တော်သားမဖြစ်အောင်ပြောင်းလဲပေးရန်systemတစ်ခုမှတာဝန်ပေးအပ်ခြင်းခံရသောအခါမူလဟယ်ရီနှင့်မတူခြားနားသောဟယ်ရီပုံစံဖြင့်ကြိုတင်သိရှိနေသောဘေးအန္တရာယ်များကိုဘယ်လိုရှော...