တတိယနှစ်အစပျိုးခြင်း

2.2K 267 50
                                    

ရေဖယောင်းပင်လမ်းထဲရှိ အိမ်တစ်အိမ်၏အခန်းငယ်လေးတစ်ခန်းတွင် ဖြစ်သည်။ ကောင်လေးတစ်ယောက်သည် ကုတင်ပေါ်တွင်စောင်ကို ရွက်ဖျင်တဲလိုလွှမ်းခြုံထားကာ ဓာတ်မီးတစ်လက်နဲ့ အိမ်စာရေးရန်ကြိုးပမ်းနေသည်။သူဟာဘာသီသာ ဘဂ်ရှော့ရေးသားထားတဲ့ မှော်သမိုင်းဆိုသည့် သားရည်ဖုံးထားသည့်စာအုပ်ကို ဆွဲလှန်ကာစာတမ်းရေးရန်လိုအပ်သည့် အချက်ကိုရှာဖွေနေလေသည်။
စာတမ်းခေါင်းစဉ်ကတော့"၁၄ရာစုတွင် မှော်ဆရာမများကို မီးရှို့သတ်ဖြတ်ခြင်းက လုံးဝကိုအဓိပ္ပာယ်မဲ့တယ်"ဟူသည့်စာတမ်းပင်။

သူဟာလိုအပ်သည့်အချက်အလက်ကို တွေ့သွားသည့်အခါတွင်တော့ သူ့ရဲ့တောက်ပလွန်းလှသည့် မြစိမ်းရောင်မျက်ဝန်းတွေကို ဘောင်ခတ်ထားသည့် မျက်မှန်ဝိုင်းဝိုင်းလေးကို လက်နဲ့ပင့်တင်ရင်း စာကိုအသေအချာထပ်ဖတ်သည်။

အလယ်ပိုင်းရာစုနှစ်ဖြစ်တဲ့ ၁၄ရာစုတွင် မှော်မရှိလူမျိုး(မက်ဂယ်လူမျိုး)များဟာ မှော်ပညာကိုအထူးကြောက်ရွံ့ကြသည်။ဒါပေမဲ့၎င်းတို့က မှော်ပညာကိုကောင်းစွာ သိမြင်နားလည်ခြင်းမရှိကြပေ။၎င်းတို့သည် ရံဖန်ရံခါမှော်ဆရာ၊မှော်ဆရာမများကို ဖမ်းမိကြသည့်အခါ မီးတင်ရှို့ခြင်းဖြင့် မှော်ဆရာ၊မှော်ဆရာမများကို ဖျက်ဆီးနိုင်သည်ဟုယုံကြည်ကြသည်။ သို့ပေမဲ့မှော်ဆရာ၊မှော်ဆရာမများသည် မီးတင်ရှို့ခြင်းခံရသည့်အခါ မီးကိုခဲစေသည့်အခြေခံမှော်ပညာကို အသုံးပြုကြသည်။သူတို့ဟာ မီးတောက်မှဖြစ်လာသည့် နွေးထွေးသည့်ယားကျိကျိအရသာကို ခံစားရင်း နာကျင်သယောင်ဆောင်ကာ စူးရှစွာအော်ဟစ်ကြသည်။မှော်ဆရာ ဝင်းဒရင်းဟာ မီးရှို့ခံရမှုကိုအထူးနှစ်သက်သည်။သူဟာရုပ်အမျိုးမျိုးဖျက်ပြီး အဖမ်းခံရအောင်လုပ်ပြီး မီးရှိုခံသည်သည်မှာစုစုပေါင်း ၄၇ကြိမ်ခန့်ပင်ရှိလေသည်။

ကောင်လေးဟာ ငှက်မွေးကလောင်ကို သွားနဲ့ကိုက်လိုက်ကာ ခေါင်းအုံးအောက်ကနေ သိုးရေစက္ကူနဲ့မှင်အိုးကိုထုတ်ယူသည်။ မှင်အိုးကိုမမှောက်အောင်သတိထားကာ ဖွင့်ပြီးငှက်မွေးကလောင်ကို မှင်စွတ်ကာစာရွက်ပေါ်မှာ စာတမ်းကိုစတင်ရေးသားတော့သည်။

Saving Draco Malfoy (Draco x Harry)Where stories live. Discover now