မှော်ကြိမ်လုံးအသစ်ထပ်မံရရှိခြင်း

4.9K 516 34
                                        

ဝယ်စရာရှိတာတွေအကုန်ဝယ်ပြီးတော့ မှော်ကြိမ်လုံးဝယ်ရန် အော်ရီဘမ်း အကောင်းဆုံးမှော်ကြိမ်လုံးပြုလုပ်သည့်ဆိုင်ကို ရောက်လာသည်။ဟယ်ရီ့လက်ထဲ
မှာ ဟက်ဂရစ်ပေးတဲ့ ဇီးကွက်ဖြူလေးရောက်ရှိနေလေသည်။ဇီးကွက်၏ ဖြူစွတ်နေ
သောအမွေးတွေကို ကြည့်ရင်းဒရက်ကို၏ဆံနွယ်တွေကိုပြန်မြင်ယောင်လာ၍
ဟယ်ရီပြုံးမိသည်။ဒီလိုနဲ့ဆိုင်ထဲရောက်လာတော့ မစ္စတာ အော်ရီဘမ်းက ဟယ်ရီ့
ကိုဂျိမ်းစ်ပေါ်တာနှင့်လီလီပေါ်တာ တို့၏သားမှန်းသိ၍ သူ့အဖေနှင့်အမေတို့ကိုင်ခဲ့
သောမှော်ကြိမ်လုံးတွေအကြောင်းပြောပြပြီး ဟယ်ရီ့ရဲ့အမာရွတ်ကသူဗိုဒီမော့ကို
ရောင်းခဲ့တဲ့ မှော်ကြိမ်လုံးကြောင့်ဖြစ်ကြောင်းပြောပြကာ တောင်းပန်သည်။
ထို့နောက် ဟယ်ရီ့လက်ကိုတိုင်းကာ မှော်ကြိမ်လုံးရှာပေးသည်။

''ကဲ...ဒါကိုစမ်းကြည့်။ဘီးခ်ျသစ်နဲ့နဂါးနှလုံးသွေးကြော။၉လက်မရှည်တယ်။ပျော့
ပျောင်းပြီးကိုင်လို့ကောင်းတယ်။လှုပ်ယမ်းကြည့်။''

ဟယ်ရီမှော်ကြိမ်လုံးကို ကိုင်ရုံရှိသေးတယ် မစ္စတာအော်ရီဘမ်းက ပြန်လုယူသွား
သည်။ထို့နောက်နောက်တစ်ချောင်းဖြစ်တဲ့ မေပယ်သစ်နဲ့ဇာမဏီမွေးပါဝင်ပြီး၇
လက်မရှည်သော တစ်ခုကိုစမ်းရပြန်သည်။ထိုမှော်ကြိမ်လုံးလည်း မဟုတ်ပြန်။
နောက်ထပ်မှော်ကြိမ်လုံးတွေလည်း မဟုတ်ပြန်။တဖြည်းဖြည်းနှင့်မှော်ကြိမ်လုံးတွေ
တောင်ပုံရာပုံ ဖြစ်လာပြီးနောက်ဆုံးမှာတော့ သင့်တော်သောမှော်ကြိမ်လုံးကိုရရှိ
ခဲ့သည်။

''ကဲ... ထူးခြားတဲ့ပေါင်းစပ်မှု!၁၂ရာသီစိမ်းလန်းတဲ့ဆောက်ကုလားပင်နဲ့ဇာမဏီမွေး
၁၁လက်မရှည်တယ်။စမ်းကြည့်...မစ္စတာပေါ်တာ။''

ဟယ်ရီသိလိုက်သည်။မှော်ကြိမ်လုံးကိုကိုင်တာနဲ့အပူလှိုင်းဖြတ်သလိုခံစားလိုက်ရ
သည့်အပြင် မှော်ကြိမ်လုံးမှ မီးပန်းရွှေရောင်တွေထွက်လာသည်။

''သိပ်ကောင်းတယ်။သိပ်လည်းအံ့သြဖို့ကောင်းတယ်။''

''မေးပါရစေ။ဘာကြောင့်လဲ?"

"ကျုပ်ရောင်းလိုက်တဲ့ မှော်ကြိမ်လုံးတိုင်းကို ကျုပ်မှတ်မိတယ် မစ္စတာပေါ်တာ။မင်း
ရဲ့မှော်ကြိမ်လုံးမှာ ညီအစ်ကိုရှိခဲ့တယ်။ဇာမဏီငှက်တစ်ကောင်ကနေ မှော်ကြိမ်လုံး
နှစ်ချောင်းအတွက် အမွေးကိုအသုံးပြုခဲ့တယ်။မင်းရဲ့ညီအစ်ကိုမှော်ကြိမ်လုံးက
မင်းကိုဒီအမာရွတ်ပေးခဲ့တယ်''

Saving Draco Malfoy (Draco x Harry)Where stories live. Discover now