အခုကစပြီးနက်ရောင်ကိုဟယ်ရီလို့ပဲရေးတော့မယ်နော်
............................................................................................................
မမြင်ရသောအသံပိုင်ရှင်သည် ဆက်၍ပြောသည်။''Host!!လုပ်နိုင်တယ်မလား?မလုပ်နိုင်ရင် host သေမှာနော်။ Host က သေဖို့အရမ်းငယ်......"
''တိတ်စမ်း!! ငါစဉ်းစားနေတာ။လုပ်ရမှာပေါ့။New version Harry Potter ဖြစ်ရမှာပေါ့။ဟား......ဟား......''
System လေးသည် host နှင့်ပတ်သက်၍ပထမဆုံးတွေးလိုက်သည်ကား''ငါ့host
ကတစ်ခါတစ်လေတော့ကိုယ့်ကိုယ်ကိုယ် အထင်ကြီးတတ်တဲ့ရောဂါရှိတတ်တာပဲ''
ဟူ၍ဖြစ်သည်။ဟယ်ရီ သူ့ရုပ်ကိုမှန်ထဲမှာကြည့်ရင်း တစ်ကိုယ်တည်းရေရွတ်လိုက်သည်။ တဒေါက်
ဒေါက် ခေါက်နေသော သတင်းစာဇီးကွက်ကို လစ်လျ ူရှရင်းပေါ့။''အင်း...ငါ့ရုပ်ကလည်းမူလငါရဲ့ဆယ်ပုံတစ်ပုံတောင် မချောပါလား? School's king ဖြစ်ခဲ့တဲ့ သိက္ခာကျပါပြီကွာ။ မြစိမ်းရောင်မျက်ဝန်းတွေပဲ အဖြစ်ရှိတာ။ ဟွန့်...
ဘယ်ဆော်မှ ကြည်မှာမဟုတ်ဘူး။'' ( A/N ပြောရက်လိုက်တာ အစ်ကိုရယ် )မူလလောကမှာရှိခဲ့တဲ့ ဘော်ဒါတစ်ယောက်စီမှာလည်း မြစိမ်းရောင်မျက်ဝန်းတွေရှိ
၍သတိရသွားပြန်သည်။''ဒီကောင်သီရိကိုဖြတ်ခုတ်လိုက်ရင်ဒုက္ခ'' ဟယ်ရီ့အတွေး
ကို system ကဖျက်သည်။''Host ဇာတ်ကြောင်းမမှတ်မိရင် ပြောပြ......"
"မလိုဘူး။ငါ့ဉာဏ်က သိပ်ကောင်းတာ။တစ်ခါဖတ်ရင် မမေ့တော့ဘူး။ မေ့ရင်မေးမယ်။ကြားလား? ဒါနဲ့ငါတတ်ခဲ့တဲ့ ပညာတွေကိုဒီမှာရောသုံးလို့ရလား?"
"ရတယ်host!!အကုန်သုံးလို့ရတယ်။ လိုအပ်ရင် Drarry လို့ခေါ်လိုက်နော်။သွား
တော့မယ်။''Drarry ဆိုသည့်အဓိပ္ပာယ်ကို ဘာမှန်းမသိပေမဲ့နားအေးအောင် ခေါင်းသာညိတ်ပြ
လိုက်သည်။ထို့နောက် system နဲ့အဆက်အသွယ်ပြတ်သွားသည်။ထို့နောက်
သတင်းစာဇီးကွက်ကို တံခါးဖွင့်ပေးလိုက်ပြီး ဇာတ်လမ်းအတိုင်းစီးမျောလိုက်သည်။
ဟက်ဂရစ်ကတော့သူနှင့်ရှိနေသောကောင်လေးက ပြောင်းလဲသွားသည်ကို သတိ
မထားမိချေ။ထို့နောက်လန်ဒန်ကိုရောက်လာကြသည်။စာတွေ့နှင့်TVထဲကသာမြင်
ရသည့်အရာများကိုလက်တွေ့မြင်လိုက်ရ၍ ဟယ်ရီမအံ့သြဘဲမနေနိုင်။ခွက်စုတ်
ဘားကိုရောက်တော့လည်းဟက်ဂရစ်မိတ်ဆက်ပေး၍တစ်ဆိုင်လုံးနဲ့ပတ်ပြီးနှုတ်
ဆက်နေရ၍လက်တွေပင်ကျင်လာသည်။ဖြူရော်ရော်နှင့်မျက်လုံးတစ်ဖက်က
အကြောဆွဲနေသော လူတစ်ယောက်ကိုတွေ့တော့ ဟယ်ရီခေါင်းထဲအချက်ပေးသံ
တွေဆူညံသွားသည်။''Professor ကွိုင်ရယ်။ဗိုဒီမော့ကသူ့ထဲရောက်နေပြီ။သတိ
ထားရမယ်။''ဟုတွေးရင်းခပ်တန်းတန်းသာနှုတ်ဆက်ခဲ့သည်။
YOU ARE READING
Saving Draco Malfoy (Draco x Harry)
Fanfictionနက်ရောင်ကျော်စွာတစ်ယောက်ဟယ်ရီပေါ်တာဘဝရောက်ကာဒရေဂိုမလ်ဖွိုက်းအားဗီလိန်ဘဝမှကယ်တင်ပြီးဗိုဒီမော့ဘက်တော်သားမဖြစ်အောင်ပြောင်းလဲပေးရန်systemတစ်ခုမှတာဝန်ပေးအပ်ခြင်းခံရသောအခါမူလဟယ်ရီနှင့်မတူခြားနားသောဟယ်ရီပုံစံဖြင့်ကြိုတင်သိရှိနေသောဘေးအန္တရာယ်များကိုဘယ်လိုရှော...