ဒုတိယနှစ်စတင်ခြင်း

3.4K 453 61
                                    

ဒရက်ကိုခန်းမကြီးထဲရောက်တော့ ပထမနှစ်တွေအဆောင်ခွဲနေသဖြင့်ပထမနှစ်တွေ
ကြားတိုးဝင်ကာ စလေးသရင်းစားပွဲဘက်ကိုဝင်ထိုင်လိုက်သည်။ဝတ်ရုံကိုဖယ်လိုက်
ကာကိုယ့်ပေါင်ပေါ်တင်ထားလိုက်သည်။စိတ်ကတော့"ကျေးဇူးပြု ပြီးဟယ်ရီတို့ကျောင်း
ထုတ်မခံရပါစေနဲ့"ဟုသာဆုတောင်းနေမိရင်းဘေးကခရက်နှင့်ဂိုးလ်လာမေးတာကို
လည်းပြန်မဖြေအား။ခပ်လှမ်းလှမ်းမှာထိုင်နေသောဒေမီယန်ကဒရက်ကို့ကိုစိုက်ကြည့်
နေသည်။ဒေမီယန်သည် ဟော့ဝပ်ရောက်မှသတိရလာသည်။လူကလည်းဖြူရော်နေ
ကာအားနည်းနေလေသည်။လူကာသာဖြူရော်နေပေမဲ့စိတ်ကတော့ဟယ်ရီ့ကိုမကူညီနိုင်၍အားမလိုအားမလိုအားမရဖြစ်နေသည်။ချောမောသောမျက်နှာသည်အလိုမကျမှုနှင့်
မှုန်ကုတ်နေကာလက်သီးကိုဆုပ်အံကိုကြိတ်ထားသည်။တစ်ဖက်ဟာ့ဖတ်စားပွဲတွင်
လည်းစစ်ဒရစ်သည်ဟယ်ရီ့အားရှာပုံတော်ဖွင့်နေသည်။သုံးလလုံးမတွေ့ရသေးသော
ကလေးအားအခုလည်းမတွေ့ရသေး၍စစ်ဒရစ်လည်းရင်ပူနေရပြန်သည်။

ဟယ်ရီနှင့်ရွန်ကတော့ ဖစ်ရှ်နှင့်တွေ့ရာကနေProfessorစနိပ်ဆီရောက်ကာ
Professor ဒမ်ဘယ်ဒေါနှင့်Professorမက်ဂေါ်နာဂေါတို့အချိန်မှီရောက်လာ၍သာကျောင်းထုတ်
မခံရချေ။ဒါတောင်ရုံးခန်းကအထွက်ဟယ်ရီကProfessorစနိပ်ကိုတာ့တာလုပ်နေ၍
ရွန့်မှာမနည်းဆွဲလာရသည်။

နောက်တစ်နေ့ ဟယ်ရီတို့ဟောခန်းထဲဝင်ရန်အပြင်ဒေမီယန်နှင့်ဂရင်းရောက်လာသည်
ဂရင်းကရွန့်ကိုကွစ်ဒစ်အကြောင်းတွေပြောရင်းနေရာကနေခေါ်ထုတ်သွားသည်။
ဒေမီယန်ကဟယ်ရီ့ကိုမေးလာသည်။

"ကျောင်းအထုတ်မခံရသေးဘူးပဲ"

"ကျွန်တော်က ခေသူမှမဟုတ်တာ။ဒီလောက်လွယ်လွယ်နဲ့မရဘူးလေ။"

ဒေမီယန်သည်ဟယ်ရီ့နောက်ကဒရက်ကိုလျှောက်လာသည်ကိုမြင်လိုက်၍ဟယ်ရီ့ကို
ဖြည်းဖြည်းလေးဆွဲဖက်လိုက်သည်။ဒရက်ကိုသည်ဟယ်ရီကျောင်းအထုတ်မခံရကြောင်းသိသိချင်းဟယ်ရီ့ဆီပြေးလာတာရှေ့ကမြင်ကွင်းကြောင့်ခြေလှမ်းတွေတန့်သွား
ရသည်။ဒေမီယန်ကတော့ဒရက်ကို့ကိုမဲ့ပြုံးလေးပြုံးပြကာဟယ်ရီ့ပါးတစ်ဖက်ကိုနမ်းပြ
လိုက်သည်။

Saving Draco Malfoy (Draco x Harry)Where stories live. Discover now