Updateနောက်ကျလို့ ခွင့်လွှတ်ပါ ဒါဒါတို့ရေ။နောက်ထပ် Blackရဲ့
အတိတ်ကိုရေးထားတဲ့ OC ficလေးကိုရေးမလို့ပြင်ဆင်နေလို့ပါ။အဲ့fic
လေးမှာ ကိုယ်တွေရဲ့Blackကfudunshiအဖြစ်နဲ့ပါဝင်မှာနော်။အဲ့fic
လေးရေးရင်ရော ဖတ်ပေးကြမယ်မလား ဒါဒါတို့ …။မန့်မှာဖြေခဲ့ကြနော်။
ဒါဒါတို့ရဲ့ကြယ်လေးတွေ မန့်လေးတွေကBinရဲ့အားဆေးလေးတွေနော်
ဒါကြောင့်မန့်လေးတွေရော voteလေးတွေရောများများပေးခဲ့ကြနော်။
…………………………………………………………………………………
နေ့ရက်တွေပြောင်းလာလိုက်တာ ကွစ်ဒစ်ပြိုင်ပွဲနေ့သို့ရောက်လာလေပြီ။ဟယ်ရီမှာ
Professor စနိပ်ရဲ့ဆေးရည်ကြောင့်အားပြန်ပြည့်လာသော်လည်းဝိညာဉ်စွမ်းအား
များနည်းနေကာ လူကဖြူဖက်ဖြူရော်နဲ့ယိုင်နဲ့နေလေသည်။မနက်စာ စားတော့ရွန်နဲ့ဟာမွန်နီကစိတ်ပူစွာမေးလာသည်။"ဟယ်ရီ…နင်နေကောင်းရဲ့လား?"
"မွန်နီပြောတာမှန်တယ် ဟယ်ရီ…မင်းဆော့နိုင်ပါ့မလား?"
"ငါအဆင်ပြေပါတယ်…နည်းနည်းအားမရှိယုံ…"
"ပေါ်တာ…အဆင်ပြေရဲ့လား?"
ရွန်နဲ့ဟာမွန်နီကိုပြန်ဖြေရင်းထရပ်လိုက်တော့ ယိုင်သွားသောဟယ်ရီ့အား Captain အော်လီဗာ ဝုဒ်ကခါးကိုလှမ်းဆွဲကာထိန်းပေးရင်း စိတ်ပူစွာမေးလာသည်
အော်လီဗာသည် ဟယ်ရီ့ကိုသေချာပြန်ထိုင်ပေးလိုက်ရင်း ဟယ်ရီ့မျက်နှာကိုသူ့
လက်ဝါးနှင့်အုပ်ကိုင်ထားရင်းအသေအချာကြည့်နေသည်။တစ်ဖက် စလေးသရင်းစားပွဲ
မှာတော့ဒရက်ကိုတစ်ယောက် ဖြူရော်နေသည့်ဟယ်ရီ့ကိုစိတ်ပူနေရသည့်အပြင်
ဟယ်ရီ့ကိုအသားထိုင်ယူနေသည့် အော်လီဗာကိုအမှုန့်ခြေပစ်ချင်သည့်စိတ်ကိုလည်း
ထိန်းထားရသည်။ဒေမီယန်ကတော့သူ့ကြောင့်ဟယ်ရီခံစားနေရ၍စိတ်မကောင်းဖြစ်နေ
ကာမျက်နှာလွှဲနေပြီးရွှေဖရုံသီးဖျော်ရည်ကိုသာသောက်နေကာ ဘေးကဂရင်းနှင့်စကား
ပြောရန်ပြင်လိုက်သော်လည်း ဂရင်းကတော့ မျက်နှာကိုလက်နှစ်ဖက်နဲ့ထောက်ကာ
ကြက်ပေါင်ကိုအားရပါးရကိုက်စားလိုက် ဟယ်ရီ့အားမေးလိုက်နှင့်လုပ်နေသောဆံနီ
လေးရွန်ကိုသာ ပြုံးကြည့်နေ၍ဒေမီယန်သက်ပြင်းသာချကာဖျော်ရည်ကိုပဲအာရုံစိုက်ပြီး
သောက်နေတော့သည်။
YOU ARE READING
Saving Draco Malfoy (Draco x Harry)
Fanfictionနက်ရောင်ကျော်စွာတစ်ယောက်ဟယ်ရီပေါ်တာဘဝရောက်ကာဒရေဂိုမလ်ဖွိုက်းအားဗီလိန်ဘဝမှကယ်တင်ပြီးဗိုဒီမော့ဘက်တော်သားမဖြစ်အောင်ပြောင်းလဲပေးရန်systemတစ်ခုမှတာဝန်ပေးအပ်ခြင်းခံရသောအခါမူလဟယ်ရီနှင့်မတူခြားနားသောဟယ်ရီပုံစံဖြင့်ကြိုတင်သိရှိနေသောဘေးအန္တရာယ်များကိုဘယ်လိုရှော...