အဖြေပေးရန် တစ်နှစ်စောင့်ခိုင်းခြင်း

1K 95 10
                                    

ဟယ်ရီဟာ ဟော့စ်မိတ်ရွာ၏ ပျားရည်အမတ်ကြီးဆိုင်ရဲ့ သိုလှောင်ခန်းကနေတဆင့် ရွာထဲကို ရောက်လာပြီး အခုချိန်မှာတော့ ရွာလမ်းတစ်လျှောက်ကို လျှောက်သွားနေသည်။

ဂရင်းဖင်းဒေါအဆောင်ကို ပြန်ရာတွင် ဖရက်နှင့်ဂျော့ဝေစလေ အမွှာနှစ်ယောက်နဲ့ဆုံပြီး သူတို့က ဟယ်ရီ့အား ဓားပြမြေပုံဆိုသည့် ဟော့ဝပ်ကျောင်းတစ်ခုလုံးနှင့် လူမသိသည့် လျှို့ဝှက်လမ်းတွေကိုပါ ရေးဆွဲထားသည့် မြေပုံအားပေးလိုက်တာကြောင့် ထိုမြေပုံအကူအညီနှင့် လျှို့ဝှက်လမ်းတစ်ခုကနေ ခိုးထွက်လာပြီး ဟော့စ်မိတ်ကိုရောက်လာလေသည်။ဘယ်သူမှ မမြင်အောင်တော့ ကိုယ်ပျောက်ဝတ်ရုံခြုံထားရတာပေါ့။

အခုတော့ ပျားရည်အမတ်ကြီးဆိုင်ကနေ ငွေထားခဲ့ပြီး နှိုက်လာသည့် နို့ခရင် မြေပဲသကြားလုံး၊အုန်းသီးရေခဲထုပ် ပန်းရောင်တွေ၊ချောကလက်မျိုးစုံ၊ရသာစုံပဲများ၊တရှီရှီမြည်နေသည့် ပျားရည်သကြားလုံးတွေ၊ရွန်ပြောပြဖူးတဲ့ မိုးပေါ်လွင့်နေသည့် သစ်သီးဖျော်ရည် ဘောလုံးတွေနှင့် ထူးခြားသက်ရောက်မှု ရှိစေသည့် သကြားလုံးဆန်းတွေ ဖြစ်သည့် ချစ်စရာငရုတ်ကောင်းနက် အရုပ်သကြားလုံးများ(စားသုံးမိပါက နှာခေါင်းကနေ မီးတောက်များ ထွက်လာစေသည်။)၊ရေခဲကြွက်(သွားချင်းရိုက်ပြီး ကျိကျိအသံကြားရစေသည့် သကြားလုံး)၊ဖားပြုပ်ပုံ ခရင်ပရုပ်သကြားလုံး(အူထဲမှာ တကယ့်ကိုခုန်နေတတ်သည်)၊ကြွပ်ကြွပ်ရွရွ ငှက်မွေးကလောင်(စာရေးရင်း ကိုက်စားလို့ရသည်)နှင့် ပေါက်ကွဲတတ်သည့် အစာညှပ်သကြားလုံးတွေကို အိတ်တစ်အိတ်နဲ့ ဖောင်းကားနေအာင်ထည့်လာသည်။

ချောကလက်တစ်ခုကို ဝါးရင်း ရှေ့ကတရွေ့ရွေ့နဲ့သွားနေသည့် ရွန်နဲ့ဟာမွန်နီတို့နောက်ကို လိုက်သည်။

[Host....သကြားလုံးအဆန်းတွေ ဝယ်တာက သူများကိုဒုက္ခပေးမလို့လား]

Drarryရဲ့အူအောင့်အောင့်အသံက ဟယ်ရီကို မျက်မှောင်ကြုတ်သွားစေသည်။မပြောမဆိုနဲ့ သကြားလုံးအိတ်ထဲက နှာခေါင်းကိုမီးတောက်စေသည့် ငရုတ်ကောင်းသကြားလုံးကိုယူကာ Drarryပါးစပ်ထဲက ထိုးထည့်ပေးလိုက်ပြီး

Saving Draco Malfoy (Draco x Harry)Where stories live. Discover now