ရေဗင်ကလောအသင်းနဲ့ ကွစ်ဒစ်ချ်ပြိုင်ဖို့တစ်ရက်အလိုမှာ ဟယ်ရီတို့ ဂရင်းဖင်းဒေါအသင်းက အစမ်းကြိုလေ့ကျင့်နေကြသည်။
ကမ္ဘာ့အကောင်းဆုံး တံမြက်စည်းပျံဖြစ်တဲ့ မီးသတ္တိဟာ ဟယ်ရီ့ကိုစိတ်မပျက်စေပေ။မီးသတ္တိဟာ ဟယ်ရီသာသာလေး ထိလိုက်ရုံနဲ့ ကွေ့ချိုးသွားပြီး ဆုပ်ကိုင်မှုကိုနာခံတာထက် ဟယ်ရီ့ရဲ့အတွေးကို ပိုနာခံသည်။ဒါ့အပြင် အရှိန်ကလည်း သိပ်မြန်၍ ဟယ်ရီပျံတာကိုကြည့်နေကြတဲ့သူတွေက ဟယ်ရီ့ကိုပင်မမြင်နိုင်လောက်တဲ့အထိပင်။
အသင်းခေါင်းဆောင် အော်လီဗာဝုဒ်သည်လည်း မီးသတ္တိရှိနေတာကြောင့် အလွန့်ကိုပျော်ရွှင်နေပြီး တက်ကြွနေသည်။
"မနက်ဖြန်က ငါတို့အောင်ပွဲပဲ...ဟယ်ရီ။ဒါနဲ့...မင်းဝိညာဥ်စုပ်ကောင်ပြဿနာကို ဖြေရှင်းပြီးပြီလား?"
"ဟုတ်ကဲ့...အတတ်နိုင်ဆုံး ဖြေရှင်းနိုင်အောင် လုပ်ထားပါတယ်။"
"မလာလောက်တော့ပါဘူးကွာ။ကျောင်းအုပ်ကြီးက ဖြေရှင်းလိုက်ပါပြီ။"
ဖရက်ဝေစလေက ဝင်ပြောလာတော့ အော်လီဗာဝုဒ်က ခေါင်းညိတ်လာပြီး
"ကောင်းပြီ။၎င်းပေါ်မလာပါစေနဲ့လို့ ဆုတောင်းပါတယ်ကွာ။အကောင်းဆုံးကြိုးစားကြမယ်။ကွစ်ဒစ်ချ်ဖလားကို ငါတို့ဂရင်းဖင်းဒေါကပဲရရမယ်။ဒါဆိုလေ့ကျင့်တာကို တော်ကြရအောင်။စောစောအိပ်ကြမယ်။လာ...အိပ်ဆောင်ကိုပြန်မယ်။မင်းအားပြည့်နေဖို့လိုတယ်။"
ပြောလည်းပြော ဟယ်ရီ့ပါးပြင်ကို ခပ်ဖွဖွလိမ်ဆွဲသည်။ဟယ်ရီက အော်လီဗာ၏ လက်ကိုအသာပုတ်ထုတ်ရင်း
"အော်လီဗာ!!!နာတယ်!!!"
"ပန်းသီးလေးကျနေတာပဲ။မင်းပါးတွေက ရဲနေတာ။"
"ငါ့တို့အမေလုပ်လေ့ရှိတဲ့ ပန်းသီးအစာသွတ်မုန်မှာထည့်သုံးရတဲ့ ပန်းသီးတောင် မင်းပါးလောက်မရဲနေဘူး...ဟယ်ရီရဲ့။"
ဂျော့ဝေစလေကပါ ဝင်စနောက်ပြန်တော့ အသင်းထဲကမိန်းကလေး ကစားသမားဖြစ်တဲ့ အလစ်စီယာကပါ တခစ်ခစ်ရယ်လာပြီး အသက်အငယ်ဆုံးအသင်းသားလေး ဟယ်ရီ့ကိုစပြန်သည်။
YOU ARE READING
Saving Draco Malfoy (Draco x Harry)
Fanfictionနက်ရောင်ကျော်စွာတစ်ယောက်ဟယ်ရီပေါ်တာဘဝရောက်ကာဒရေဂိုမလ်ဖွိုက်းအားဗီလိန်ဘဝမှကယ်တင်ပြီးဗိုဒီမော့ဘက်တော်သားမဖြစ်အောင်ပြောင်းလဲပေးရန်systemတစ်ခုမှတာဝန်ပေးအပ်ခြင်းခံရသောအခါမူလဟယ်ရီနှင့်မတူခြားနားသောဟယ်ရီပုံစံဖြင့်ကြိုတင်သိရှိနေသောဘေးအန္တရာယ်များကိုဘယ်လိုရှော...