ပတ်ဝန်းကျင် တစ်ခုလုံးအေးစက်နေသည်ကို ဟာမွန်နီပင် သတိထားမိလာသည်။
ဟာမွန်နီသည် ဟယ်ရီတို့နားလာရပ်ကာ မေးသည်။''ဘာဖြစ်နေတာလဲ?သူက ဘယ်သူလဲ?"
"သူက စလေးသရင်းရဲ့ သူရဲကောင်း ဒေမီယန် ကော်ဘရာ။မက်ဖွိုင်းနဲ့ ဘာရန်ငြိုးရှိ
လဲ မသိဘူး။''ရွန်က ဟာမွန်နီကို တိုးတိုးလေးကပ်ပြောသည်။ဒေမီယန်က လက်ကိုအရင်လွှတ် အရင်လွှတ်လိုက်ပြီး ဖတ်လက်စ စာအုပ်ကို ကိုင်ကာ ပြောသည်။
''ကိုယ်သွားဦးမယ် ဟယ်ရီ၊ရွန်၊ဂရင်းဂျာ၊မက်ဖွိုင်း။ ဂရင်း စောင့်နေလို့။''
ခပ်လှမ်းလှမ်း မှာစောင့်နေတဲ့ ဂရင်းဆီ ထွက်သွားသည်။ရွန်က တောင့်တောင့်ကြီး
ရပ်နေသော ဒရက်ကို့ ကိုလှမ်းစသည်။''မင်းက စလေးသရင်း မင်းသား?သူရဲကောင်းက မင်းထက်ပိုချောနေပါလား?"
"ပိတ်ထား ဝီစယ်ပျား!!!!မင်းကရော ဘာအဖြစ်ရှိလို့လဲ?ခေါင်းနီကောင်ကများ...''
''ရွန်...ဒရက်ကို...တော်ကြတော့!!ရွန်ကလည်း မစနဲ့။သူငယ်ချင်း အချင်းချင်းကိုကွာ''
ဟယ်ရီက ရွန့်ကိုဆူတော့ ဒရက်ကိုက ပြုံးရင်း ဟယ်ရီ့နားဝင်ထိုင်သည်။မကြာပါ။
ဟယ်ရီသည် ဒရက်ကို့ဘက်ကို လှည့်လာကာ ဒရက်ကို့ကိုပါ ဆူလာသည်။''ပြီးတော့ ဒရက်ကို...ငါတို့လေးယောက်ဟာ အန္တရာယ် နှစ်ခုတောင် တူတူကျော်ဖြတ်ခဲ့ပြီးပြီ။သွေးသန့်မျိ ုးရိုးမြင့်ဆိုပြီး မမောက်မာစမ်းနဲ့။အမြင်ကတ်စရာ ကောင်းတယ်။''
ဟာမွန်နီက ဘေးကပြုံးစိစိနှင့် ရပ်နေသည်။ဒရက်ကိုသည် သူပါအဆူခံရသော ကြောင့်မျက်နှာပြုံးနေရာက မဲ့သွားကာ ဟယ်ရီ့ကိုကြည့်သည်။ဟယ်ရီက အမှန်ပဲ
လေဟူသော မျက်နှာထားပြန်လုပ်ပြတော့ နှုတ်ခမ်းဆူကာ တခြားတစ်ဘက်ကို ကြည့်သည်။ရွန်ကတော့ ဒရက်ကို့ကို လှမ်းပြောင်ပြနေ၍ ဟာမွန်နီကနားရွက်ကိုဆွဲ
လိုက်သည်။''တော်ပြီ!!ပြန်တော့မယ်။မင်းတို့ဘာသာဆော့!!!"
ဒရက်ကို စိတ်ဆိုးမာန်ဆိုးနှင့် ထရပ်ကာ ကိုယ့်အဆောင်ဘက်ကို ဦးတည်တော့
ဟယ်ရီက နောက်ကလှမ်းအော်သည်။
YOU ARE READING
Saving Draco Malfoy (Draco x Harry)
Fanfictionနက်ရောင်ကျော်စွာတစ်ယောက်ဟယ်ရီပေါ်တာဘဝရောက်ကာဒရေဂိုမလ်ဖွိုက်းအားဗီလိန်ဘဝမှကယ်တင်ပြီးဗိုဒီမော့ဘက်တော်သားမဖြစ်အောင်ပြောင်းလဲပေးရန်systemတစ်ခုမှတာဝန်ပေးအပ်ခြင်းခံရသောအခါမူလဟယ်ရီနှင့်မတူခြားနားသောဟယ်ရီပုံစံဖြင့်ကြိုတင်သိရှိနေသောဘေးအန္တရာယ်များကိုဘယ်လိုရှော...