ဟော့ဝပ်ရထားပေါ်မှာ ၂

5.7K 653 37
                                    

ဟယ်ရီကိုရောနက်ရောင်ကိုပါချစ်ပြီး ဟယ်ရီပေါ်တာကို အသက်စွန့်ပြီးကာကွယ်
ပေးမဲ့ ဗီလိန်ကိုကိုပါရင်ကောချစ်ကြမှာလား မန့်ခဲ့အုံးနော်
............................................................................................................
ဟယ်ရီ့အပြုအမူက အကုန်လုံးကိုအံ့အားသင့်စေခဲ့သည်။ခရပ်က ဂိုးလ်ကို ကူညီဖို့
ရှေ့တိုးတော့ ဒရက်ကိုက တားလိုက်သည်။

''မလုပ်နဲ့ ခရပ်။သူက သူ့အပြစ်သူခံရတာ။ပေါ်တာ...သူ့ကိုလွှတ်သင့်ပြီလို့ထင်
တယ်''

နာလွန်း၍မဲ့နေသော ဂိုးလ်ကိုဒရက်ကို ဂရုစိုက်၍မဟုတ် ဂိုးလ်လက်ကို ဟယ်ရီကိုင်
ထားသည်ကို မမြင်ချင်၍ဖြစ်သည်။ဟယ်ရီဂိုးလ်ကိုလွှတ်ပေးလိုက်တော့ ခရပ်က
ဂိုးလ်ကို ထူကာ သုံးယောက်သားထွက်သွားသည်။ရွန်ကတော့ ဟယ်ရီ့ကိုပြောလာ
သည်။

''ဝါး...ဟယ်ရီ!!!မိုက်တယ်ကွာ!!!၁၁နှစ်ကလေးလို့တောင် မထင်ရအောင် မင်းက
တော်လှချည်လား?"

"မဟုတ်ပါဘူး ရွန်ရယ်။ငါ့ဝမ်းကွဲက အနိုင်ကျင့်လွန်းလို့ ပြန်လုပ်နည်းနည်းတတ်တာ
ပါ။''

''ဟွန့်...ငါတတ်တာများ တစ်ဖက်ကမ်းတောင်လွန်နေပြီ။မပြောလိုက်ချင်ဘူး။ကဲ...
ဗန်ပိုင်းယားကောင်ကို လက်ဆောင်ပေးချိန်တန်ပြီ။''ဟုဟယ်ရီတွေးရင်း ရွန့်ကို
သန့်စင်ခန်းဟု ပြောကာတွဲအပြင်ထွက်လာသည်။ဒရက်ကိုက ဝေးဝေးရောက်သွား
၍မှီအောင်ပြေးလိုက်တော့ လူတစ်ယောက်နဲ့တိုက်မိသလိုဖြစ်သွားသည်။

''ဟေ့...သတိထားလေကွာ!!"

"Sorry!!"

ဟယ်ရီတောင်းပန်စကားဆိုရင်း ထွက်လာလိုက်သည်။နောက်ကလူစိမ်းကရှေ့က
ပြေးသွားသော ကောင်လေးကိုကြည့်ရင်းပြုံးလိုက်သည်။

''Oh!ကစားပွဲကို ကောင်းကောင်းဆော့နေတာပဲ Black. စိတ်မပူပါနဲ့။ကိုယ်လည်း
မင်းနဲ့အတူဆော့ပေးမှာပါ။''

''ဒေမီယန်!!!"

ဒေမီယန်တစ်ဖြစ်လည်း ထိုလူစိမ်းသည် အသံလာရာကိုကြည့်လိုက်တော့ ဟော့ဂ်ဝပ် စလေးသရင်းဝတ်စုံနှင့်ကောင်လေးတစ်ယောက်ရောက်လာသည်။

''ပြောလေ ဂရင်း!"

"ဝါး...ဒေမီယန်!မင်းပြောင်းလဲသွားတယ်နော်။အရင်ကတည်းက ဒီလိုနေပါလားကွာ
အရင်က စာကြမ်းပိုးရုပ်နဲ့အခုက မိုက်သွားပြီ!!မင်းကစလေးသရင်းမင်းသားတော့
မဖြစ်လောက်ဘူး။မက်ဖွိုင်းမိသားစုက ကောင်လေးကဒီနှစ်ပထမနှစ်လေ။သူက
မင်းသားဖြစ်ဖို့များတယ်။မင်းကသူရဲကောင်းပေါ့။''

Saving Draco Malfoy (Draco x Harry)Where stories live. Discover now