ဟော့ဂ်ဝပ်ရထားပေါ်ကဆင်းတော့ ရင်းနှီးနေသောအသံကို ဟယ်ရီကြားလိုက်ရ
သည်။ဟက်ဂရစ်အသံပင်ဖြစ်သည်။ရေကန်နားကို ပထမနှစ်တွေကို ခေါ်သွားခြင်း
ပင်ဖြစ်သည်။''ပထမနှစ်တွေဒီကိုလာ!!"
ဟယ်ရီရွန်နားမှာကပ်နေစဉ် အေးစက်နေသောလက်တစ်ဖက်က လာရောက်ဆုပ်
ကိုင်လာသည်ကို ခံစားလိုက်ရသဖြင့် ကြည့်လိုက်တော့ ဒရက်ကိုပင်။''ဒရက်ကို!!ဘာလာလုပ်တာလဲ?!"
"လှေတူတူစီးရအောင် ဟယ်ရီ!!မင်းနဲ့စီးချင်တယ်။''
ဟယ်ရီ ဒရက်ကို့နောက်က ခပ်လှမ်းလှမ်းမှာရပ်နေသော ပင်စီ၊ခရပ်နှင့်ဂိုးလ်တို့ကို
တွေ့လိုက်ရ၍ သက်ပြင်းချကာပြန်ပြောလိုက်သည်။''ဒရက်ကို...မင်းသူငယ်ချင်းတွေ စောင့်နေတယ်လေ။သူတို့နဲ့ပဲစီးလိုက်နော်။ငါက
ရွန့်ကိုအဖော်လုပ်ပြီး စီးလိုက်တော့မယ်။''ဒရက်ကို့ မျက်နှာက ပျက်သွားတော့ ဟယ်ရီက ထပ်ပြောလိုက်သည်။
''ကျောင်းမှာတွေ့မှာပဲ။ကလေးလား?မျက်နှာက''
''အင်းပြီးရော''
ဆွဲထားသောလက်ကို ဖြုတ်ချကာရွန်၊ဟာမွန်နီ၊နဗီးနှင့်ဟက်ဂရစ်တို့နှင့်စီးသွားသော
ဟယ်ရီကိုဒရက်ကိုမျက်စိတစ်ဆုံးငေးနေလိုက်တာ ပင်စီကဆွဲခေါ်လာမှ လှေပေါ်
ရောက်လာသည်။လှေပေါ်မှာ ပင်စီက ဒရက်ကို့ကိုမေးသည်။''ဒရက်ကို...သူကဟယ်ရီပေါ်တာလား?"
"အင်း''
''ဟွန့်...ကြီးမြတ်တဲ့ ဟယ်ရီပေါ်တာက ဝယ်စလီရယ်၊ရွှံ့သွေးရယ်နဲ့ပေါင်းနေပါလား?"
"ပင်စီ!!!ဆက်မပြောနဲ့!!!"
ဒရက်ကို အော်လိုက်တော့ ပင်စီလန့်ကာ့်ငြိမ်သွားသည်။တဖြည်းဖြည်းနှင့်သွားရင်း
ပထမနှစ်တွေ အကုန်လုံး ရဲတိုကကြီ်းရှေ့ရောက်လာသည်။မကြာပါ ရဲတိုက်ကြီး
ပွင့်လာပြီးProfessor မက်ဂေါ်နာဂေါ ပေါ်လာကာ ပထမနှစ်တွေကို ဦးဆောင်ပြီး
ခေါ်သွားသည်။ထမင်းစားခန်းထဲ မဝင်ခင် အမျိ ုးအစားခွဲရမည်ဖြစ်ကြောင်းပြောပြ
သည်။ထို့နောက် ဆက်လက်၍အမျိ ု းအစားခွဲခြင်းနဲ့ပတ်သက်ပြီးရှင်းပြကာထွက်
သွားသည်။Professorထွက်သွားသည်နှင့်ရွန်ကဟယ်ရီ့နားကပ်ကာသူ့အစ်ကို
ဖရက်က အမျိ ုးအစားခွဲတာအလွန်နာသည်ဟုဆိုကြောင်းပြောပြသည်။ဟာမွန်နီက
ရသမျှဂါထာတွေကို တတွတ်တွတ်နှင့်ရွတ်နေလေရဲ့။''ကမ္ဘာပျက်နေလိုက်ကြတာ
လွန်ရော...ကဲကိုကဲလွန်းတယ်''ဟယ်ရီတစ်ယောက်တွေးနေသည်။ဒရက်ကိုကတော့ လှေကားနားမှာရပ်ကာ မှီနေရင်း ဟယ်ရီ့ကိုငေးနေသည်။ပင်စီကဒရက်ကို့ကို
ပြန်ငေးနေသည်။ခရပ်နှင့်ဂိုးလ်က ဟယ်ရီ့ကိုခပ်စောင်းစောင်းနဲ့ကြည့်နေ၍ဟယ်ရီ
ပြန်ကြည့်လိုက်တော့ လန့်ကာဘယ်ပြေးရမလဲပင် ဖြစ်သွားရသည်။
YOU ARE READING
Saving Draco Malfoy (Draco x Harry)
Fanfictionနက်ရောင်ကျော်စွာတစ်ယောက်ဟယ်ရီပေါ်တာဘဝရောက်ကာဒရေဂိုမလ်ဖွိုက်းအားဗီလိန်ဘဝမှကယ်တင်ပြီးဗိုဒီမော့ဘက်တော်သားမဖြစ်အောင်ပြောင်းလဲပေးရန်systemတစ်ခုမှတာဝန်ပေးအပ်ခြင်းခံရသောအခါမူလဟယ်ရီနှင့်မတူခြားနားသောဟယ်ရီပုံစံဖြင့်ကြိုတင်သိရှိနေသောဘေးအန္တရာယ်များကိုဘယ်လိုရှော...