လျှိ ု့ဝှက်တံခါးစွန့်စားခန်း

3.4K 480 21
                                    


ညရောက်တော့ ဟယ်ရီတို့သုံးဦးသားအဆင်သင့်ပြင်နေကြသည်။သုံး
ယောက်သား ဂရင်းဖင်းဒေါစုဝေးခန်းဆီဆင်းလာကြချိန်Drarryက လှမ်းပြောလာသည်။

[Host...မက်ဖွိုင်းက Death Eater ရဲ့သားနော်။ဗိုဒီမော့က နောက်ပိုင်း
သာသိသွားရင် Host ဒုက္ခရောက်နိုင်တယ်နော်။]

[ဟုတ်သား...နေအုံး...ကြံလိုက်အုံးမယ်]

[သဘောပဲ...Host]

ရွန်က ကိုယ်ပျောက်ဝတ်ရုံကိုသယ်လာပြီးဟယ်ရီနှင့်ဟာမွန်နီကရွန့်ရှေ့
ကဆင်းလာစဉ် ဂရင်းဖင်းဒေါစုဝေးခန်းမှာ နယ်ဗီးနှင့်တွေ့ရာနယ်ဗီးက
တားသဖြင့် ဟာမွန်နီက မှော်ကြိမ်လုံးနှင့်နယ်ဗီးကိုချိန်ကာ ဂါထာကို
ရွတ်လိုက်သည်။

''Petri..."

"Petrificus Totalus!!!" (မျက်လုံးမှလွဲ၍ခန္ဓာကိုယ်တစ်ခုလုံး ငြိမ်သက်သွားစေသည့် ဂါထာ)

ထုံးစံအတိုင်းဟာမွန်နီထက်မြန်သော ဟယ်ရီကဂါထာကိုပြီးအောင်အ
ရင်ရွတ်လိုက်ရာ နယ်ဗီးမှာ ကြမ်းပြင်ပေါ်ကိုမလှုပ်မယှက်နှင့်လဲကျသွား
တော့သည်။ဟာမွန်နီက သူမဆိုတာကိုဖြတ်ဆိုသောဟယ်ရီ့အား
မျက်စောင်းထိုးရာဟယ်ရီကပခုံးပြန်တွန့်ပြလိုက်၍ဘာမှမပြောပဲနယ်ဗီးကိုကျော်ကာထွက်သွားသည်။ရွန်ကတော့ဟယ်ရီ့ကိုကြည့်ရင်းဆိုလာ
သည်။

''ဟယ်ရီ...မင်းကတစ်ခါတစ်လေ ဟာမွန်နီထက်တောင် ကြောက်စရာ
ကောင်းတယ်''

"အပိုတွေပြောမနေနဲ့...လာ..."

"Sorry ပါ နယ်ဗီးရယ်''

ဟယ်ရီထွက်သွားသည့်နောက်ကိုလိုက်ရင်းရွန်က နယ်ဗီးကိုတောင်း
ပန်စကားဆိုလိုက်သည်။သုံးယောက်သားဂရင်းဖင်းဒေါအဆောင်ကနေ
ကိုယ်ပျောက်ဝတ်ရုံကိုခြုံရင်း စလေးသရင်းဆောင်ဖြစ်သောမြေအောက်
ခန်းကိုဆင်းလာလိုက်သည်။ဒရက်ကိုက စလေးသရင်းအဆောင်ဝမှာ
စောင့်နေသည်ကိုခပ်လှမ်းလှမ်းက တွေ့သောရွန်က ဟယ်ရီ့ကိုကပ်
ပြောလာသည်။

''ဒီကောင် မလိုက်လောက်ဘူးလို့ထင်နေတာ။''

''အသာနေပါရွန်ရဲ့''

နောက်က ဟာမွန်နီကလှမ်းပြောသည်။ဟယ်ရီတို့လည်းဒရက်ကို့နားကို
ရောက်အောင်သွားလိုက်စဉ် ရွန်ကဒရက်ကို့ကို တို့ပြီးစလိုက်ရာ ဒရက်ကိုမှာ လန့်ပြီးထခုန်တော့မတတ်ဖြစ်၍ဟယ်ရီမှာအသာဆွဲရသည်

Saving Draco Malfoy (Draco x Harry)Where stories live. Discover now