အဟမ်း...ပြောစရာရှိပါတယ်နော်။Bin ကဟယ်ရီနဲ့ဒရက်ကို ကိုအသက်အရွယ်
တွေ ဂရုမစိုက်ပါဘူးနော်။Ro ချင် ro ပစ်မှာ။အဲဒါ လက်ခံကြပါလို့။ဒါနဲ့ ဒရက်ကို
အတွက် ပြိုင်ဘက်တစ်ယောက်ထပ်တိုးပြီနော်။
............................................................................................................
Professor စနိပ်ရဲ့ မှော်ဆေးရည် သင်ခန်းစာ အချိန်ပင် ဖြစ်သည်။ဒရက်ကို က
ခရက်နှင့်ဂိုးလ်ကြားမှာပေါ့။မျက်လုံးကတော့ ဟယ်ရီ့ဆီကလုံးဝ မလွှဲနိုင်။
''ငါရင်တွေခုန်လာပြန်ပြီနော်။မဒမ်ဖွန်ဖရေဆီက နှလုံးငြိမ်ဆေး သွားတောင်းရင်ကောင်းမလား?" ဒရက်ကို့ အတွေးက ဒုန်းခနဲနှင့်ဝင်လာသော
Professor စနိပ်ကြောင့် ပျက်သွားသည်။''အတန်းထဲမှာ မှော်ကြိမ်လုံးတွေ အကြောင်းအရင်းမရှိ မသုံးကြနဲ့။အခုသင်ကြားမှု
ကမှော်ဆေးရည်ဖော်စပ်မှု အပိုင်းတွေဖြစ်တယ်။မှော်လောကမှာ မင်းတို့မသိသေး
တာတွေကို ငါကသင်ပေးမှာ။......................................."ဟယ်ရီကတော့ Professor စနိပ်ရှင်းတာကို ပျင်းရိစွာ နားထောင်နေသည်။သူသိ
ပြီးသားတွေကိုး။ဒရက်ကိုမှာတော့ Professor ရှင်းတာကို နားမထောင်ပဲငေးချင်
ရာငေးနေသော ဟယ်ရီ့ကို စိတ်ပူစွာ ကြည့်နေသည်။ဒရက်ကို စိတ်ကိုလည်း
မပြန့်လွင့်ရဲ။သူ့ခေါင်းကိုင်ဖခင် သူ့ကိုစိတ်ပျက်မှာ ဒရက်ကိုမလိုလားပါ။Professor
ကတဖြည်းဖြည်းနှင့် သူ့ကိုငြိမ်ကာ ကြည့်နေသော ကောင်လေးကို စူးရဲစွာပြန်ကြည့်
ကာ ပြောလာသည်။''ပြီးတော့ မင်းတို့ထဲမှာ တစ်ချို့ က ကိုယ်ပိုင်အရည်အချင်းရှိလွန်းလို့ ငါရှင်းတာကို
စိတ်ဝင်စားမှုတစ်စက်မှ မရှိတဲ့ သူတွေလည်းပါတယ် မဟုတ်လား မစ္စတာ ပေါ်တာ?"ဟယ်ရီက Professor ကိုပြုံးသာပြလိုက်သည်။ချစ်စဖွယ်ပြုံးပြနေသော ဟယ်ရီ့
အပြုံးမှာ မဲ့ပြုံးတွေလည်း ပါနေသည်။Professor ကနံရံကိုမှီရင်းဟယ်ရီ့ကို မေးခွန်း
ထုတ်သည်။''ပေါ်တာ...ကျု ပ်က နှင်းပန်းဥအမြစ်မှုန့်ကို မက်ဝမ်းအခါးရည်ထဲ ထည့်ရင် ဘာဖြစ်
လာမလဲ?"
ဟ
ယ်ရီ တုံ့ဆိုင်းမှုမရှိပဲ ဖြေလိုက်သည်။ဟာမွန်နီကလည်း လက်ကိုချက်ချင်းမြှောက်
သည်။
YOU ARE READING
Saving Draco Malfoy (Draco x Harry)
Fanfictionနက်ရောင်ကျော်စွာတစ်ယောက်ဟယ်ရီပေါ်တာဘဝရောက်ကာဒရေဂိုမလ်ဖွိုက်းအားဗီလိန်ဘဝမှကယ်တင်ပြီးဗိုဒီမော့ဘက်တော်သားမဖြစ်အောင်ပြောင်းလဲပေးရန်systemတစ်ခုမှတာဝန်ပေးအပ်ခြင်းခံရသောအခါမူလဟယ်ရီနှင့်မတူခြားနားသောဟယ်ရီပုံစံဖြင့်ကြိုတင်သိရှိနေသောဘေးအန္တရာယ်များကိုဘယ်လိုရှော...