ပင့်ကူဧကရာဇ်နှင့်တွေ့ဆုံခြင်း

2.2K 298 56
                                    

ဟယ်ရီနဲ့ဒရက်ကိုသည် လက်တွဲထားရင်းတောထဲကိုဝင်လာသည်။ဘေးမှာကတော့
ရွန်ဟာ အမဲလိုက်ခွေးကြီးဖန်ကို ခေါ်ရင်းပါလာသည်။ပင့်ကူတွေသွားရာလမ်းကြောင်း
ကိုလိုက်လာတာ မိနစ်နှစ်ဆယ်ခန့်ရှိလာပြီဖြစ်သောကြောင့် တောသည်နက်သည်
ထက်နက်လာကာ အပေါ်ကိုမော့ကြည့်ရင်တောင် ကြယ်များကိုမမြင်ရတော့သည့်
အထိပင်။ပင့်ကူများသည် လူသွားလမ်းလေးကနေဖဲ့ဆင်းကာဘေးဘက်ရှိသစ်ပင်များ
ကြားသွားနေကြ၍ ဟယ်ရီလည်းလိုက်ဆင်းလိုက်သည်။မနှစ်က တားမြစ်တောအုပ်
ထဲကိုလာရတာတောင်ဒီလောက်တောနက်ထဲအထိ မသွားခဲ့ရချေ။ဘေးကဒရက်ကိုက
ဘေးဘီကိုငေးရင်းပြောလာသည်။

"ဟယ်ရီ…ငါတို့တော်တော်ဝေးဝေးကို ရောက်လာပြီ။"

"အင်းလေ…ကြောက်လို့လား ဒရက်ကို?ငါရှိပါတယ်ဆိုနေ။"

"မဟုတ်ပါဘူး။ငါ့ဘဝမှာအကြောက်ဆုံးက ငါ့အဖေပဲ။ငါ့အဖေကလွဲရင် ကျန်တဲ့အရာတွေကို အဲ့လောက်မကြောက်ဘူး။"

"အပိုတွေ…ပြီးရင် ပြေးတာတန်းနေတာပဲ။"

ရွန်ကဘေးကနေ ခပ်ရွဲ့ရွဲ့နဲ့ပြန်ပြောတော့ ဒရက်ကိုက မျက်စောင်းထိုးရင်း ပြန်ချေပ
သည်။

"ပင့်ကူကို တုန်အောင်ကြောက်ရတဲ့သူကများ လာပြောနေသေးတယ်။"

"ဟေ့!!!ငါကကြောက်ပေမဲ့ ကြောက်စိတ်ကိုချိုးနှိမ်ပြီး သတ္တိရှိရှိနဲ့ လိုက်လာရဲတယ်
ကွ!!!"

"ကဲ!!!တော်ကြပါတော့!!!စကားနာထိုးရတာ မမောကြဘူးလား?!?ငါ့မှာမင်းတို့
စကားပြောတာ နားထောင်ရမှာလား?ပင့်ကူတွေကို ခြေရာကောက်ရမှာလား?!?!"

ဟယ်ရီကမြေပေါ်မှာတလှစ်လှစ်နဲ့ပြေးနေတဲ့ ပင့်ကူတွေကိုမီးအိမ်နဲ့ကြည့်ရင်း ဟောက်လိုက်မှ နှစ်ယောက်သားငြိမ်ကျသွားသည်။ဒါပေမဲ့တစ်ယောက်နဲ့တစ်ယောက်
မျက်စောင်းချီနေကြဆဲပင်။ဟယ်ရီရင်ဘက်အကျၤီထဲမှာပါလာတဲ့ Drarryသည် ခေါင်းပြူထွက်လာရင်း သူတို့နောက်ကိုတစ်စုံတစ်ယောက်လိုက်လာကြောင်း ခံစားမိလာလို့ ဟယ်ရီ့အကျၤီထဲကထွက်လာကာ မြေပေါ်ကိုခုန်ဆင်းရင်း နောက်ကိုပြန်ကြည့်သည်။ဟယ်ရီက ဒါကိုမြင်တာကြောင့် မေးလိုက်သည်။

Saving Draco Malfoy (Draco x Harry)Where stories live. Discover now