ဒေမီယန်တစ်ယောက် ရထားတွဲထဲတွင်ထိုင်ကာ အပြင်ဘက်ကိုငေးနေလေသည်။
ဟော့ဝပ်ရထားကားထွက်တော့မည်။Blackကရောက်မလာသေး။သူ့ရဲ့စိတ်ကိုတော့
လွန်ခဲ့သောနှစ်ရက်လောက်ကမြင်ခဲ့ရသောမြင်ကွင်းကစိုးမိုးထားသည်။ထိုနေ့ကသူ
ဒိုင်ယာဂွန်လမ်းကြားကို ကျောင်းပစ္စည်းတွေဝယ်ဖို့ဂရင်းနှင့်ချိန်းထားတာဂရင်းရောက်မလာသေး၍အနီးတစ်ဝိုက်ကိုလှည့်ပတ်ကြည့်မိတော့Blackနဲ့ဟိုမက်ဖွိုင်းကောင်လေးတို့လမ်းကြားထဲမှာ
ကြည်နူးနေလိုက်တာကိုမြင်လိုက်ရသည်။Blackက ဟိုကောင်လေးပါးကိုအနမ်းခြွေ
လိုက်တော့ ဒေမီယန့်ရင်ထဲနာလာသည်။ထို့ကြောင့်ထိုနေရာကနေလှည့်ပြန်လာခဲ့တော့သည်။စိတ်တို့ကအတိတ်ကမြင်ကွင်းတစ်ခုကိုမြင်ယောင်လာသည်။"Death...ငါကမင်းရဲ့Hostဖြစ်နေပေမဲ့ မင်းကိုချစ်တယ်။ဇာတ်လိုက်မကို ငါ
မချစ်ဘူး...Death...ငါသူနဲ့ယူမှဒီmissionကိုအောင်မယ်ဆိုရင် ငါကျေကျေကျေနပ်
နပ်ကိုအသေခံလိုက်မယ်...Death...""Host...Hostမြင်နေရတာက ကျွန်တော်ဖန်တီးထားတဲ့ပုံစံပါ။ကျွန်တော့်မှာ ခန္ဓာကိုယ်မရှိဘူး Host...ကျွန်တော့်လို ခန္ဓာကိုယ်မရှိတဲ့ကောင်အတွက် Hostဘာမှစွန့်လွှတ်ပေးစရာ မလိုဘူး Host!!!Missionကိုအရှုံးမခံပါနဲ့ Host!!"
"မင်းကိုချစ်တာလေ။မင်းရုပ်ကိုချစ်တာမှမဟုတ်တာ။မင်းရဲ့ဖြစ်တည်မှုကိုချစ်တာလေ။Death...မင်းရော...မင်းလည်းငါ့ကိုချစ်တယ်မလား?"
"မဖြေပါရစေနဲ့...Host...ဒီမေးခွန်းကို ကျွန်တော်မဖြေပါရစေနဲ့!!"
"ကိုယ်ချစ်တဲ့သူနဲ့မှ အတူမနေရတာကိုငါက ဘာလို့ပြန်ရှင်သန်ရမှာလဲ?"
Blackနဲ့တစ်ထေရာတည်းနီးပါးတူလွန်းလှသည့် သူချစ်ရသည့်Hostလေး Kim။
သူနှင့်ဝေးရ၍ missionကိုတမင်failလိုက်ကာကိုယ့်သေတွင်းကိုကိုယ်တိုင်ဆင်းခဲ့သော သူ့ရဲ့Hostလေးကဒုတိယအကြိမ်
သူ့ဆီပြန်ရောက်လာသော်လည်း သူ့ကိုချစ်သည့်အသည်းနှလုံးတော့မပါလာခဲ့။
ဒေမီယန်ရဲ့အတွေးတို့က အတိတ်ဆီရောက်နေ၍ဘေးကဂရင်းကတို့လိုက်မှ သတိဝင်လာသည်။"ဘာတွေ တွေးနေတာလဲ ဒေမီယန်?"
"ဒီတိုင်းပါပဲ။"
YOU ARE READING
Saving Draco Malfoy (Draco x Harry)
Fanfictionနက်ရောင်ကျော်စွာတစ်ယောက်ဟယ်ရီပေါ်တာဘဝရောက်ကာဒရေဂိုမလ်ဖွိုက်းအားဗီလိန်ဘဝမှကယ်တင်ပြီးဗိုဒီမော့ဘက်တော်သားမဖြစ်အောင်ပြောင်းလဲပေးရန်systemတစ်ခုမှတာဝန်ပေးအပ်ခြင်းခံရသောအခါမူလဟယ်ရီနှင့်မတူခြားနားသောဟယ်ရီပုံစံဖြင့်ကြိုတင်သိရှိနေသောဘေးအန္တရာယ်များကိုဘယ်လိုရှော...