နက်ရောင်ကျော်စွာတစ်ယောက်အိပ်ခန်းထဲတွင် Harry Potter and the deadly hollow part 2 အားဖတ်ရှုပြီးထွက်လာလေသည်။သူ၏အမွှာအစ်ကို
လင်းရောင်ကျော်စွာသည်ဧည့်ခန်းထဲမှ လှမ်းခေါ်ကာမေးသည်။''ဘယ်လိုလဲ Black? ဇာတ်လမ်းကမဆိုးမဘူးလား?"
နက်ရောင်ကျော်စွာပြန်ပြုံးပြကာ ဧည့်ခန်းထဲဝင်လာကာ ပြန်ဖြေသည်။
''မဆိုပါဘူး Light ရဲ့။J.K.Rowling ရဲ့ဖန်တီးနိုင်စွမ်းကို လေးစားတယ်ဗျာ။ Characters တွေကိုဖန်တီးတာတကယ်ယုတ္တိရှိတယ်ဗျာ။''

( နက်ရောင်ကျော်စွာ )
လင်းရောင်ကျော်စွာသည် နက်ရောင်ကျော်စွာရဲ့စကားကြောင့်ပြုံးပြလိုက်ရင်းမေး
လာသည်။''ဒါဆို Black ကဘယ် character ကိုကြိုက်လဲ?"
"ဒါမျိ ုးတွေမရှိပါဘူး။ဒီတိုင်းဇာတ်လမ်းကဇာတ်လမ်းပဲလေ။ မစွဲလမ်းဘူး။''
နက်ရောင်ကျော်စွာကလက်တွေ့သမား။မှော်စုန်းစတွေကိုမယုံကြည်သူ။ TTC ကျောင်းတွင်နက်ရောင်ကျော်စွာကို မသိသူရှားသည်။ဥစ္စာပေါရုပ်ချောသည့်အပြင်
စာဆိုလည်းအမြဲတစ်က မဆင်းချေ။ဒီနှစ်ဆယ်တန်းမှာ whole burma Top Ten
ပင်ဝင်ရမည်ဟု နက်ရောင်ကျော်စွာမှန်းထားသည်။Heightက 178 cm။ခန္ဓာကိုယ်
ကငယ်စဉ်ကတည်းက ကိုယ်ခံပညာလေ့ကျင့်ခဲ့၍ တောင့်တောင့်တင်းတင်း။
အကြောင့်အလန့်ကလည်း လုံးဝမရှိ။အသားအရည်ကလည်း နှင်းလောက်နီးနီးဖွေး
နေတာ။အညိုရောင်မျက်ဝန်းတွေ နှာတံချွန်ချွန် သေသပ်ပါးလှပ်ပြီးသဘာဝတိုင်း
ရဲနေသောနှုတ်ခမ်းတစ်စုံ မေရိုးသွယ်သွယ်တို့နှင့်ခန့်ညားလှသည်။Myanmar
န်ုင်ငံတွင် အချမ်းသာဆုံးစာရင်းဝင် company ၏အမွေဆက်ခံသူလည်းဖြစ်သည်။
လူမျိ ုးကတော့ Japan Myanmar ကပြားဖြစ်သည်။လင်းရောင်ကျော်စွာကတော့ ရုပ်ပိုင်းဆိုင်ရာအရ နက်ရောင်ကျော်စွာနှင့်တထေရာ
တည်းတူသော်လည်း စိတ်ပိုင်းဆိုင်ရာက နက်ရောင်ထက်ပျော့ညံလေသည်။
Potterhead တစ်ယောက်လည်းဖြစ်သည်။ ညီဖြစ်သူနက်ရောင်ကျော်စွာသည်
အစ်ကိုဖြစ်သူအား အမြဲပျော်အောင်ဂရုစိုက်သည်။
YOU ARE READING
Saving Draco Malfoy (Draco x Harry)
Fanfictionနက်ရောင်ကျော်စွာတစ်ယောက်ဟယ်ရီပေါ်တာဘဝရောက်ကာဒရေဂိုမလ်ဖွိုက်းအားဗီလိန်ဘဝမှကယ်တင်ပြီးဗိုဒီမော့ဘက်တော်သားမဖြစ်အောင်ပြောင်းလဲပေးရန်systemတစ်ခုမှတာဝန်ပေးအပ်ခြင်းခံရသောအခါမူလဟယ်ရီနှင့်မတူခြားနားသောဟယ်ရီပုံစံဖြင့်ကြိုတင်သိရှိနေသောဘေးအန္တရာယ်များကိုဘယ်လိုရှော...