Black၏အတိတ်နှင့်လျှို့ဝှက်တံခါးသို့သွားရန်ကြံစည်ခြင်း

2.7K 305 37
                                    

ဂါး ဖတ်သမျှDrarry English ficမှန်သမျှDracoကbottomချည်းပဲ
သူ့ယောက်ျားကိုချစ်တာနဲ့Bottomပဲထိုင်တယ်ဟိုအကောင်ဂျပုကလည်း
ယောက်ျားကအလျော့ပေးတာနဲ့Topတာပဲ။သေတောင်သေချင်တယ်။
မဖတ်တော့ဘူး။ဒါပဲ။
…………………………………………………………………………………
မျက်စိရှေ့ကအရာရာက Black အတွက်လန့်စရာပင်။ရှေ့တည့်တည့်
မှာ ကျောင်းလာကြိုတဲ့Driverက အချု ပ်ခံကာအရိုက်ခံနေရသည်။ဘေး
မှာတော့ ချစ်ရသည့်အမွှာအစ်ကိုက ချိန်းကြိုးတွေနဲ့တုပ်နှောင်ခြင်းခံထား
ရကာသတိပင်မရတစ်ချက်ရတချက်နှင့်။တစ်ဖက်မှာက အသက်ငါးနှစ်
သာသာရှိသောညီမငယ်လေး တိုင်မှာကြိုးနှင့်ချည်ထားခြင်းခံထားရ
သည်။ကိုယ်တိုင်လည်းတိုင်မှာချည်ခံထားရသည်။

သူတို့ညီအစ်ကိုကရှစ်နှစ်သာသာရှိသေး၍သန်သန်မာမာလူကြီးတွေကို
မယှဉ်နိုင်သေး။ဘာကြောင့်အဖမ်းခံခဲ့ရလည်း Blackမသိ။ကျောင်းက
အပြန်မှာအဖမ်းခံရခြင်းပင်။Blackကအစ်ကိုLightထက်ကိုယ်ခံပညာ
ပိုတတ်၍ချည်ထားသောကြိုးကိုဖြည်နိုင်လေသည်။ကြိုးကိုအသာအယာ
ဖြည်လိုက်ကာ ညီမငယ်ဆီတွားသွားလိုက်သည်။သူတို့ကိုစောင့်နေတဲ့
လူတွေကDriverကိုနှိပ်စက်နေတာနဲ့Blackလွတ်သွားတာ မသိလိုက်
ချေ။ညီမငယ်ကိုကြိုးအသာအယာဖြည်ပေးလိုက်ပြီးအသံတိတ်ခိုင်းထား
ပြီးခပ်လှမ်းလှမ်းက အစ်ကိုLightကိုကြည့်မိတော့အစ်ကိုက အရိုက်ခံ
ထားရသည်နှင့်တူသည်။အညိုအမဲတွေနှင့် တစ်ကိုယ်လုံးကိုချိန်းကြိုးနှင့်
ချည်ခံထားရကာသတိလည်းမေ့နေသည်။

Blackအသံမထွက်အောင် အစ်ကိုဆီကပ်သွားသော်လည်းကံတရားက
ကိုယ့်ဘက်မရှိသောအခါ လူမိတော့သည်။လူတစ်ယောက်က သေနတ်
နှင့်လှမ်းပစ်ရာ Blackကရှောင်နိုင်၍လွတ်သွားသော်လည်း နောက်က
ညီမငယ် ယူကီသည်သေနတ်မှန်သွားတော့သည်။

''ဒိုင်း!!!"

"ယူကီ!!!!!"

"Onii-Chan!!!!ယူကီနာ……နာတယ်…''

လဲကျသွားသောညီမငယ်လေး။Blackပြေးပွေ့လိုက်ချိန်ဝုန်းဆိုသော
အသံနှင့်ဒယ်ဒီတို့လည်းရောက်လာကာတစ်ဖွဲ့နှင့်တစ်ဖွဲ့စတင်တိုက်ခိုက်
ကြတော့သည်။Blackလည်းလောကကြီးနှင့်အဆက်အသွယ်ပျက်သွား
တော့သည်။

Saving Draco Malfoy (Draco x Harry)Where stories live. Discover now