"Professor!!!မုန့်လေး ထပ်ပေးပါဦး!!!"
"ပေါ်တာ!!!ငါ့ကိုမနှောင့်ယှက်နဲ့ဆိုနေ!!!!"
ဟယ်ရီဟာ သူ့စကားအတိုင်း Professor စနိပ်ရဲ့ ရုံးခန်းကို အိမ်စာလာထပ်ရင်း Professor၏မုန့်တွေကို စားနေခြင်းပင်။ဘေးကDrarryကလည်း အားကျမခံ ကွက်ကီးတွေကို တမြုံ့မြုံ့ဝါးနေသည်။
မုန့်စားရင်း တွေ့ရာစာအုပ်တစ်အုပ်ကို အေးဆေးစွာ ကောက်ဖတ်နေသည့် ဟယ်ရီ။
"ပေါ်တာ.....အဲ့တာက နောက်ဆုံးနှစ်သမားတွေ ဖတ်ရမဲ့စာအုပ်။မင်းဖတ်စရာ မလိုသေးဘူး။"
ပြောလည်းပြော ဟယ်ရီ့လက်ထဲက စာအုပ်ကို ဆတ်ခနဲဆွဲယူလိုက်ပါသော Professorစနိပ်။
"ပျင်းလို့ပါ။"
"ပျင်းရင် တစ်ခုခုသွားလုပ်နေလေ။ငါ့ဆီကို ဘာလို့လာတာလဲ?!"
"Professor....တစ်ယောက်ထဲ နေရတာ အထီးမကျန်ဘူးလားဟင်?ဘာလို့ လူတွေနဲ့ဖယ်ကြဉ်ပြီး နေနေရတာလဲ?တစ်ယောက်တည်း နေရတဲ့ ခံစားချက်က ဘယ်လောက်ဆိုးဝါးတယ်ဆိုတာ Professorသိရဲ့သားနဲ့ ဘာလိုများ တစ်ယောက်တည်း နေရတာလဲ?တစ်ယောက်တည်း နေခဲ့ပေါင်း များနေပြီလေ။အထီးကျန်တဲ့ ဘဝကို မငြီးငွေ့ဘူးလားဟင်?"
ဟယ်ရီက Drarryကို ရင်ခွင်ထဲထည့်ဖက်ရင်း ပြောလာတော့ Professorက စာအုပ်ကို စင်ပေါ်ကို ပြန်တင်ရင်း
"အကြောင်းအရင်းရှိလို့ တစ်ယောက်တည်း နေနေတာ...ပေါ်တာ။"
Drarryကို ဖက်ထားသည့် ဟယ်ရီက ခေါင်းလေးသာ ညိတ်လာသည်။ထို့နောက် ထရပ်လိုက်ပြီး
"တစ်ယောက်တည်း နေနေတာကို နှောင့်ယှက်မိလို့ တောင်းပန်ပါတယ်...Professor။သွားခွင့်ပြုပါဦး။"
ထို့နောက် ရုံးခန်းထဲကနေ ထွက်လာလိုက်ပြီး Professorလူပင်သင်ပေးမည့် အစောင့်အရှောက်ထုတ်တဲ့ ဂါထာကို သင်ရန် Professorလူပင်ရဲ့ ရုံးခန်းကို သွားလိုက်တော့သည်။
.....................
"ဆရာအခု မင်းကိုသင်ပေးမှာက
အလွန်အဆင့်မြင်တဲ့ ဂါထာပဲ..ဟယ်ရီ။၎င်းက သာမန်မှော်ဆရာတွေရဲ့ လုပ်နိုင်စွမ်းထက် ပိုမြင့်တယ်။၎င်းကို အစောင့်အရှောက် ဂါထာလို့ခေါ်တယ်။ဆရာနမူနာ ပြပေးမယ်။"
YOU ARE READING
Saving Draco Malfoy (Draco x Harry)
Hayran Kurguနက်ရောင်ကျော်စွာတစ်ယောက်ဟယ်ရီပေါ်တာဘဝရောက်ကာဒရေဂိုမလ်ဖွိုက်းအားဗီလိန်ဘဝမှကယ်တင်ပြီးဗိုဒီမော့ဘက်တော်သားမဖြစ်အောင်ပြောင်းလဲပေးရန်systemတစ်ခုမှတာဝန်ပေးအပ်ခြင်းခံရသောအခါမူလဟယ်ရီနှင့်မတူခြားနားသောဟယ်ရီပုံစံဖြင့်ကြိုတင်သိရှိနေသောဘေးအန္တရာယ်များကိုဘယ်လိုရှော...
